fi yuo cna raed tihs, yuo hvae a sgtrane mnid too. Cna yuo raed tihs? Olny 55 plepoe can. i cdnuolt blveiee taht I cluod aulaclty uesdnatnrd waht I was rdanieg. The phaonmneal pweor of the hmuan mnid, aoccdrnig to a rscheearch at Cmabrigde Uinervtisy, it dseno't mtaetr in waht oerdr the ltteres in a wrod are, the olny iproamtnt tihng is taht the frsit and lsat ltteer be in the rghit pclae. The rset can be a taotl mses and you can sitll raed it whotuit a pboerlm. Tihs is bcuseae the huamn mnid deos not raed ervey lteter by istlef, but the wrod as a wlohe. Azanmig huh? yaeh and I awlyas tghuhot slpeling was ipmorantt! if you can raed tihs forwrad it.
Monday, December 1, 2008
Saturday, November 29, 2008
Hope to survive the world with "HAPPINESS"
သင် ဒီနေ့ စိတ်ညစ်နေသလား။လောကသည် နေတတ်လျှင် ပျော်စရာအကောင်းဆုံး အရပ်ဖြစ်သည်။သင့်မှာ ပိုက်ဆံမရှိတော့လို့လား။ ကိစ္စမရှိပါ။ပတ်ဝန်းကျင်၌ အခမဲ့ဝင်၍ရသော ပန်းခြံများရှိသည်။တစ်ယောက်တည်းထိုင်လျှင်လည်း သင့်တော်သော နှစ်ယောက်ထိုင်ခုံတန်းလျှားတွေရှိသည်။အခမဲ့နမ်းဆွတ်နိုင်သော ရောင်စုံပန်းပင်တွေရှိသည်။အခါမလပ်နားဆင်နိုင်သော ကျေးငှက်တို့၏ တေးသံစဉ်ချိုတွေရှိသည်။ရေကန်နှင့် အနီးဆုံးအပိုင်းတွင်ထိုင်၍ လတ်ဆတ်သော လေကိုရှုသွင်းပါ။သင့်တစ်ကိုယ်လုံး လတ်ဆတ်၍ နှလုံးသားလည်း ကြည်လင်လာလိမ့်မည်။သဲသောင်ပြင်ပေါ်တွင် ခရုတွေကောက်၍ ပျော်နေလျှင်လည်းရသည်။တောင်ကုန်းတစ်ခုပေါ်တက်၍ တိမ်တွေကို ငေးမောရင်း ပျော်နေလျှင်လည်းရသည်။လမ်းမတွေပေါ်လျှောက်၍ လူတွေကို နုတ်ဆက်ရင်း ပျော်နေလျှင်လည်းရသည်။မိုးအေးအေး အိပ်ယာထဲကွေး၍ ပျော်နေလျှင်လည်းရသည်။ဧည့်ခန်းထဲမှာ Hotel California သီချင်းနားထောင်၍ ပျော်နေလျှင်လည်းရသည်။ဘုရားခန်းထဲ၌ ရှင်တော်ကို ဖူးမြော်၍ ပျော်နေလျှင်လည်းရသည်။သင့်တွင် ကဗျာရေးတတ်သော နှလုံးသားတစ်စုံရှိနေလျှင်တော့ ပို၍ပျော်ဖို့ကောင်းသည်။ပျော်ရွှင်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။လွမ်းမောစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ကြည်နူးစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။စိတ်ညစ်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ခြောက်ခြားစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ပိုင်ဆိုင်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ဆုံးရှုံးစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ချစ်သူတွေအကြောင်း ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။မုန်းသူတွေအကြောင်း ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ကဲ ပျော်စရာမကောင်းဘူးလား။သူကတော့ ခပ်ချောချောကောင်မလေးတွေမရှိလည်း ရွက်ကြမ်းရေချိုလေးတွေကိုကြည့်၍ ပျော်သည်။ပွေ့ဖက်စရာ ချစ်သူတစ်ယောက်မရှိလည်း ခွေးဝဲစားတစ်ကောင်ကို နမ်းရှုံ့၍ ပျော်သည်။ခွေးကလှမ်းကိုက်လိုက်ရင်လည်း ကျားတစ်ကောင်မဟုတ်၍ ပျော်သည်။သူကတော့ ခေတ်မကောင်းလို့ စီးပွါးပျက်ရင်လည်း အလုပ်မလုပ်ရ၍ ပျော်သည်။ပိုက်ဆံတွေ မရှိတော့ရင်လည်း လမ်းဘေးကဆေးလိပ်တိုတွေ ကောက်သောက်ရ၍ ပျော်သည်။စားစရာတွေ မရှိတော့ရင်လည်း ဥပုဒ်သီလဆောက်တည်နေရ၍ ပျော်သည်။ဝတ်စရာတွေ မရှိတော့ရင်လည်း သဘာဝအတိုင်း နေနေရ၍ ပျော်သည်။နေစရာအိမ် မရှိတော့ရင်လည်း ဇရပ်တွေပေါ် အစုံလှည့်အိပ်ရ၍ ပျော်သည်။လူတွေက မရှိခိုးနိုး သူခိုးတစ်ယောက်ဟု စွပ်စွဲလျှင်လည်း သူခိုးဖြစ်မနေ၍ ပျော်သည်။လူတွေက မလှစုန်းမျိုး သူရဲတစ်ကောင်ဟု စွပ်စွဲလျှင်လည်း သူရဲထက်လှနေသေး၍ ပျော်သည်။သူကတော့ အမြင့်ကပြုတ်ကျခဲ့ရင်တောင် ငှက်တွေလိုပျံဖူးလို့ ပျော်သည်။မတော်တဆ ကားတိုက်ခံရလျှင်လည်း ဆေးရုံမှာအေးဆေးစွာ နေရမည့်အတွက် ပျော်သည်။ခြေတစ်ဖက်ဖြတ်ပြစ်ရလျှင်လည်း မဟော်ဂနီရောင် ချိုင်းထောက်တစ်ခုပိုင်ဆိုင်ရမည့်အတွက် ပျော်သည်။လက်တစ်ဖက်မရှိတော့လျှင်လည်း ခန္ဓာကိုယ် ပေါ့သွားသည့်အတွက် ပျော်သည်။အသက်တွေကြီးလို့ ရောဂါတွေစုံလင်နေလည်း နိမိတ်ကြီးလေးပါးမှ တစ်ပါးထပ်ရ၍ ပျော်သည်။ပြုစုမယ့်သူတွေ ရှိမနေလည်း သူများကို မှီခိုမနေရ၍ ပျော်သည်။နောက်ဆုံး သူသေသွားခဲ့ရင်တောင် ထပ်မံရရှိမည့် ဘ၀တစ်ခုအတွက် ပျော်သည်။နောင်ဘ၀ လူပြန်မဖြစ်ခဲ့ရင်တောင် မ၀တ်ဖူးသေးသည့် ကိုယ်ကျပ်ဝတ်စုံအရေပြားအသစ်တစ်ခုအတွက် ပျော်သည်။နောင်ဘ၀ ငရဲကိုရောက်ခဲ့ရင်တောင် မခံစားဘူးသေးသည့် အတွေ့အကြုံသစ်များအတွက် ပျော်သည်။ယုတ်စွအဆုံး ဘာမှပြန်မဖြစ်ပဲ ထာဝရပျောက်ဆုံးသွားခဲ့ရင်တောင်ပျော်ရွှင်စွာနေခဲ့ရခြင်းများအတွက် ပျော်သည်။
တစ်စုံတစ်ယောက်
သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------
တစ်စုံတစ်ယောက်ဟာသင့်ကြောင့် ဂုဏ်ယူရတယ်
တစ်စုံတစ်ယောက်ဟာသင့်အကြောင်းကို တွေးတောနေတယ်
တစ်စုံတစ်ယောက်ဟာသင့်ကို အရမ်းဂရုစိုက်တယ်
တစ်စုံတစ်ယောက်ကသင့်ကို သိပ်လွမ်းနေတယ
်တစ်စုံတစ်ယောက်ကသင်နဲ့ စကားတွေ ပြောချင်နေတယ်
တစ်စုံတစ်ယောက်ကသင်နဲ့အတူ ရှိနေချင်တယ်
တစ်စုံတစ်ယောက်ကသင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်
်တစ်စုံတစ်ယောက်ကသင်ရဲ့ အထောက်အပံ့တွေကိုကျေးဇူးတင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်ရဲ့လက်ကို ဆုပ်ကိုင်ထားချင်နေတယ်
်တစ်စုံတစ်ယောက်ကသင့်အတွက် အရာရာကိုအဆင်ပြေစေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ကို ပျော်ရွှင်စေချင်တယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်
တစ်စုံတစ်ယောက်ကသင့်ရဲ့ အောင်မြင်မှုတွေကိုကျင်းပပေးနေတယ်
်တစ်စုံတစ်ယေက်ကသင့်ကို လက်ဆောင်တွေပေးချင်နေတယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့မှတ်ယူနေတယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို ပွေ့ဖက်ချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို ချစ်နေတယ်
တစ်စုံတစ်ယောက်ဟာသူ့ကို လက်ဆောင်တစ်ခုပေးစေချင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်တစ်စုံတစ်ယောက်ဟာသင့်အကြောင်းတွေးပြီး ပြုံးနေတယ်
တစ်စုံတစ်ယောက်ကသင်ငိုကြွေးဖို့ ပခုံးတစ်စုံဖြစ်ချင်နေတယ်
်တစ်စုံတစ်ယောက်ကသင်နဲ့အတူ လျှောက်လည်ပြီးပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်
်တစ်စုံတစ်ယေက်ကသင့်ကို ကာကွယ်ပေးချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကို ခွင့်လွတ်စေချင်တယ်တစ်စုံတစ်ယောက်ကသင့်ရဲ့ ခွင့်လွတ်မှုတွေကိုကျေးဇူးတင်နေတယ်
်တစ်စုံတစ်ယောက်ဟာသင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီးရယ်မောချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကိုသတိရပြီးသင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာသိုလိုနေတယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ အကြံဥာဏ်တွေလို လေးစားတယ်
တစ်စုံတစ်ယောက်ကသူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်းပြောပြချင်နေတယ်
တစ်စုံတစ်ယေက်ကသင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကိုအတူကြည့်ချင်တယ်
တစ်စုံတစ်ယောက်ကသူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်
တစ်စုံတစ်ယောက်ကသင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်
်တစ်စုံတစ်ယေက်ကတော့သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ စိတ်ဓါတ်ကို တန်းဘိုးထားတယ်
တစ်စုံတစ်ယေက်ကသင့်ကြောင့် အချိန်တွေကုန်တာကိုတားဆီးနိုင်ပါစေလို့ဆုတောင်းနေတယ်
တစ်စုံတစ်ယေက်ကသင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး
တစ်စုံတစ်ယေက်ကသင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကိုသင့်ကို ချစ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကြောင့် ခံစားနေရတယ်
်တစ်စုံတစ်ယောက်ကသင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကိုနားဆင်နေတယ်
တစ်စုံတစ်ယောက်ကသူဟာ သင့်အတွက်အမြဲရှိနေကြောင်းသင့်ကို သိစေချင်တယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့ပျော်ရွှင် ၀မ်းသာနေတယ်
်တစ်စုံတစ်ယောက်ဟာသင့် သူငယ်ချင်း ဖြစ်ချင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်အကြောင်းကိုညလုံးပေါက် တွေးနေမိတယ်
တစ်စုံတစ်ယေက်ဟာသင့်ကြောင့် အသက်ရှင်နေတယ်တစ်စုံတစ်ယေက်ကသင်ဟာ ဒါတွေကို သတိပြုမိဖို့ဆုတောင်းနေတယ်တစ်စုံတစ်ယေက်ကသင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာသင့်ကို သိစေချင်နေတယ်
တစ်စုံတစ်ယေက်ကသင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့ယုံကြည်နေတယ်
တစ်စုံတစ်ယေက်ကသင့်အနားမှာ ရှိနေချင်တယ်
တစ်စုံတစ်ယေက်ဟာသင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကိုလွမ်းဆွတ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့အကြံဥာဏ်တွေကို တန်ဘိုးထားတယ်
တစ်စုံတစ်ယောက်ကသင့်အပေါ်မှာ သစ္စာရှိတယ်
တစ်စုံတစ်ယေက်ကဟာသင့်ကို အကြွင်းမဲ့ ယုံကြည်တယ်
တစ်စုံတစ်ယေက်ကဒီစာကို သူ့ဆီပို့စေချင်နေတယ်
်တစ်စုံတစ်ယေက်ကသင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်
တစ်စုံတစ်ယောက်ကသင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်
တစ်စုံတစ်ယေက်ကသင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်
သင့်မှာ အဲဒီ တစ်စုံတစ်ယေက် ရှိနေနိုင်သလိုသင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယေက် ဖြစ်နေနိုင်တယ်
Thursday, November 20, 2008
မြန်မာစာ မသင်လို့ မဖြစ်ဘူး
`ဘာပြောတယ် လော်ရာ´`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´`သိပ်တော့မထူးပါဘူး´`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´`ဘာဆိုင်လဲဒယ်ဒီရာ´`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး .. ။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား´`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး . ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။
အီးမေးမှ တပိုင်းတစ ဟာသများ
လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်းအလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကိုမြင်လိုက်ရ၏။ လေထီးသမားက`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။ဒီတော့ ခရီးသည်က.`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´.............................................................................................................................................................ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။ ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊ပျော်စရာက ဒုတိယလေ´.............................................................................................................ဘ၀မှာ..အဆိုးရွားဆုံးအရာ(ပြည့်ဖြိုး)အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာတွေ့သွားသည်။..အမေသို့..လို့ရေးထားသည်..။သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။အမေ သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..၀မ်းလည်းနည်းတယ်..။...သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ...သမီးတော့..တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ...သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။...ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့်မဟုတ်ဘူး..အမေ..သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။..တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့....။.သူကသမီးတို့..ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..အသက်မွေးကြမယ်တဲ့လေ..။...အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်..ဆေးပေါ်လာပါစေလို့..ဆုတောင်းမယ်..ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ..ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..အမေ့ရဲ့..သမီး..ဂျူလိုင်..PS: အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.အံဆွဲထဲက.report cardထက်..ပိုပြီးဆိုးရွားတဲ့..အရာတွေရှိတယ်ဆိုတာ..သိစေချင်လို့ပါ..။..သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်......။......................................................................................................................................................................မမြင်သင့်တာ Sep 17, '08 5:31 PMfor everyoneအဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲအဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ..........................................................................................................................................................သူတို့ပြောတဲ့ အချစ်ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ပွင့်လက်ဆောင်ပေးတာကို ခေါ်တယ်။ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ပွင့်လက်ဆောင်ပေးတာကို ခေါ်တယ်။လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုကယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကိုတက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကိုဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက်အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲစိတ်ပူနေတတ်တယ်။ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါအတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။............................................................................................................အလုပ်အကိုင် Sep 17, '08 4:58 PMfor everyone
သူငယ်တန်းတက်စ ၅နှစ်သမီးလေး"မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကိုယူမယ်လို့ပြောတယ်""သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား""ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ"
အချစ်ဒဿန
သူငယ်ချင်း မေးနှင့်ပိုးပေးထားသော ဟာလေးပါ...
မူရင်း ရေးသားပေးထားသောလူကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်
ခွင့်တောင်းဖို့ကလဲ မည်သူမည်ဝါမှန်းမသိလို့ ဒီကနေပဲခွင့်တောင်းလိုက်ပါတယ် ဟီးး
အခုဟာက အချစ်ဒဿနတွေပါ ။ဆရာစံ ဇာဏီဘို ရဲ့ ဆယ့်နှစ်ရာသီအချစ်ထဲက တင်ပေးလိုက်ပါတယ် ။ ဒါရိုက်တာကို က၁ပတ်ကြာတယ်။ မအားတာနဲ့၊ပျင်းတာနဲ့ပေါ့။ဟုတ်သည်ရှိ မဟုတ်သည်ရှိ အပျင်းပြေပေါ့။ သင်ဖတ်တယ်ဆိုတာကိုလည်း ဘယ်သူမှ သိမှာမဟုတ်ဘူး။ ကိုယ့်ကောင်မလေး ကောင်လေး အကြောင်းတွေ သိချင်တော့ ဖတ်ကြည့်ပေါ့
မိဿအချစ်ဒဿန (ARIES)
March 21 -April 19
မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ "နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်ချက်များ၊မီးတောက်၊မီးလျှံများကြားမှ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ"ဟု ဖော်ကျူးထားသည်။ အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။ လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။ သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။ "အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။ မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍ ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း ဦးစားပေးတတ်သည်" အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊ နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။ ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။ နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့် အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော် အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန် အမြဲထိန်းသိမ်းကြိုးစားမည်။ မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍ တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။ ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။ သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။ ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅ နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည် အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။ အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊ ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။ ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
ပြိဿအချစ်ဒဿန (TAURUS)
April 20 -May 20
ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး ပေးဆပ်ခြင်းကို ဦးစားပေးသော မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ ၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊ ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။ မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို ပိုင်ဆိုင်သည်။ သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။ အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။ ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။ ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ လုံးဝမထားတတ်။ အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။ သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။ နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။ ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈ မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။ တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော် ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။ အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈ နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက် ၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက် ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု သတ်မှတ်သည်။ ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
မေထုန် အချစ်ဒဿန (GEMINI)
May 21 -June 20
မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ချစ်တတ်သော နှလုံးသားရှိသည်။ ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့် နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏ အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ် ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။ ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ် လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ ချစ်တတ်သော သဘာဝရှိသည်။ ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင် မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင် သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍ ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက် ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။ ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ် ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။ တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။ ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃ နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍ ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။ မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀ နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့် ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့် လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။ ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။
ကရကဋ် အချစ်ဒဿန (CANCER)
June 21 -July 22
ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။ အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ် ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား စိတ်ကူးယဉ်စရာတစ်ခုဟု သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည် ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော နှလုံးသားကိုပိုင်ဆိုင်ထားသည်။ အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့ ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ ၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။ မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင် ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။ တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင် ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။ ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော် မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့် ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။ ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏ အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက် စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို အလေးထားသလိုဖြစ်မည်။ ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။ ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင် တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။ မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော် ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။ ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။
သိဟ်အချစ်ဒဿန (LEO)
July 23 -August 22
သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့ ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏ နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။ အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။ အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့ အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့် ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။ ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည် ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။ ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက် ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။ အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊ အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။ မိမိအပေါ် နားလည်း ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည် အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့် ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။ အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန် ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ ပိုက်ထွေးထားသောများဖြစ်သည်။ ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။
ကန် အချစ်ဒဿန (VIRGO)
August 23 -September 22
ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။ အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန် ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက် အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက် မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍ ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို လုံးဝလက်မခံတတ်ပေ။ ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက် မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။ မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။ ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။ လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့် ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။ နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင် ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့် ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။ အသိုင်းအဝိုင်း ဘဝမတူသောသူနှင့် ချစ်မည်။ ယုံစားလွယ်၍ မေတ္တာလှည့်စားခံရမည်။ အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန် ဝန်မလေး။တစ်ပါးသူအသည်းခွဲရန် ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။ ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား ဒဿနနှင့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည် နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့် စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။ ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။
တူရာသီ အချစ်ဒဿန (LIBRA)
September 23 -October 22
တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။ ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍ အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍ ချစ်တတ်သည်။ အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။ ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ သူတစ်ပါးထက် သာလွန်ဆိုးပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင် အနှောက်အယှက် အနည်းငယ်ရှိသည်။ ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။ အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို ဥပက္ခာပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍ အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။ ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။ ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။ အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ စိတ်ကြိုက်ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည် မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က် အရွေးကောင်းလေစွဟု ပြောကြလိမ့်ဦးမည်။ ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ် တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှုအပေါ် အခြေခံ ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀ မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက် မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍ ဘဝအဖော်အဖြစ် ရွေးမည်။ မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ် ထားရှိသောဒဿနသည်"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည် အချစ်ဖြစ်သည် "ဟူ၍ဖြစ်သည်။
ဗြိစ္ဆာအချစ်ဒဿန (SCORPIO)
October 23 -November 21
ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။ ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊ အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု ဖော်ကျူးပြန်သည်။ အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊ မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။ မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော သဘောရှိသည်။ တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက် ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။ မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင် ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။ ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။ အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။ အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ် လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။ ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။ သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့ မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့ အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။ ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင် ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည် မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို ကရားရေလွှတ်ပြောတတ်သည်။ မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင် မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု သတ်မှတ်လိမ့်မည်။
ဓနု အချစ်ဒဿန (SAGITTARIUS)
November 22 -December 21
ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။ မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိသူဟု ဖော်ကျူးထားသည်။ ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည် သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင် ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍ ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။ ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။ ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။ မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင် အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။ ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန် ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့် ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။ တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။ မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့ ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍ သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက် ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။
မကာရ အချစ်ဒဿန (CAPRICORN)
December 22 -Januray 19
မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။ ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့် သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍ ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌ ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။ မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။ ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍ နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော သဘာဝရှိသည်။ နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍ မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရတတ်သော သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့် မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။ အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။ မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက် ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ် သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။ မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့် ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက် ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန် အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။
ကုမ်အချစ်ဒဿန (AQUARIUS)
January 20 -February 18
ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။ ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။ ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍ အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ် မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။ အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ် မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင် မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍ ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက် သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။ မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍ ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။ အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။ ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။ အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင် ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏ သဘောထားကို ပြသနိုင်မည်။ ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့် အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည် သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။ ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။
မိန်အချစ်ဒဿန(PISCES)
February 19 -March 20
မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့် အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။ နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့် ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။ မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ် အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။ အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင် တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏ ပကတိအားနည်းချက်ဖြစ်၏။ ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏ အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင် အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။ မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။ ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။ မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။ လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။ ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။ ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင် မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့ ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။ ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။ ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည် အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။ နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့် အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။
"ကြွက်ထောင်ချောက်"
ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲကတစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီးအစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီးပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုကခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။ ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်းရင်ဆိုင်ရတော့မှာ ပါလား။ တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကိုစီစဉ်ရတော့တယ်။ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေစိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ်ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက်ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲကတစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့စကားပါ။ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့နီးစပ်မှုရှိပါတယ်။"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ""If you are neutral in a situation of injustice,you have chosen to side with the oppressor."(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
Here are a few reasons why guys like girls
1. They will always smell good even if its just shampoo 2
. The way their heads always find the right spot on our shoulder
3. How cute they look when they sleep
4. The ease in which they fit into our arms
5. The way they kiss you and all of a sudden everything is right in the world
6. How cute they are when they eat
7. The way they take hours to get dressed but in the end it makes it all worth while
8. Because they are always warm even when its minus 30 outside
9. The way they look good no matter what they wear
10. The way they fish for compliments even though you both know that you think she's the most beautiful thing on this earth
11. How cute they are when they argue
12. The way her hand always finds yours
13. The way they smile
14. The way you feel when you see their name on the call ID after you just had a big fight
15. The way she says 'lets not fight anymore' even though you know that an hour later....
16. The way they kiss when you do something nice for them
17. The way they kiss you when you say 'I love you'
18. Actually ... just the way they kiss you...
19. The way they fall into your arms when they cry
20. Then the way they apologize for crying over something that silly
21. The way they hit you and expect it to hurt
22. Then the way they apologize when it does hurt. (even though we don't admit it)!
23. The way they say 'I miss you'
24. The way you miss them
25.The way their tears make you want to change the world so that it doesn't hurt her anymore..... Yet regardless if you love them, hate them, wish they would die or know that you would die without them ... it matters not. Because once in your life, whatever they were to the world they become everything to you. When you look them in the eyes, traveling to the depths of their souls and you say a million things without trace of a sound, you know that your own life is inevitable consumed within the rhythmic beatings of her very heart. We love them for a million reasons, No paper would do it justice. It is a thing not of the mind but of the heart. A feeling.Only felt.
Statement of Love
Article 1: Statement of Love: The Kiss
1. Kiss on the hand I adore you
2. Kiss on the cheek I just want to be friends
3. Kiss on the neck I want you
4. Kiss on the lips I love you
5. Kiss on the ears I am just playing
6. Kiss anywhere else lets not get carried away
7. Look in your eyes kiss me
8. Playing with your hair I can't live without you
9. Hand on your waist I love you to much to let you go
Article 2: The Three Steps
1. Girls: If any guys gets fresh with you, slap him.
2. Guys If any girl slaps you, her intentions are still good.
3. Guys & Girls Close your eyes when kissing, it is rude to stare.
Article 3: The Commandments
1. Thou shall not squeeze too hard.
2. Thou shall not ask for a kiss, but take one.
3. Thou shall kiss at every opportunity. * Remember * A peach is a peach A plum is a plum, A kiss isn't a kiss Without some tongue. So open up your mouth close your eyes, and give your tongue some exercise!!!
Chatting!!!
ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံးဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်းဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်းတုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့ကရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့ကမည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေးဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူစတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများမည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှမှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာအသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုးပေါ်ထွက်လာလေ၏။"hey.. kaung lay, nay kaung lar?""kaung ba byar, ma tway tar taung kyar bee pot"မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု၇၆"hote te lay. Ah lote shote nay de."ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာအကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်းရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှသူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာလော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီကမက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကိုစကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်းရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညကအချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်းလိမ်ဆွဲခံရကိန်းရှိသည်။တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကိုရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုးချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်းအများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
ဘဲနင်းမိသူ
"ဘဲ"နင်းမိသူလူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။တစ်ခုတော့မှာချင်တယ် ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…ဒါပေမယ့်…"ဘဲ"တွေကိုတက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"တွေကိုဖွေးဖွေးလှုပ်မြင်ရတာအံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် "ဘဲ"တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး "ကဲ…ဘဲကိုတက်နင်းမိသူမောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်စေသတည်းတဲ့"။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က "ဘဲ"ကိုနင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။"ဘဲ"မနင်းမိအောင်အရမ်းကိုဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကိုခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကိုမေးလိုက်တယ်…"အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်ထိုက်တန်ရပါသလဲ"။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…"ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေးသတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ"..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"နင်းမိသူတွေထဲကချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။
ဟာသအတိုအစလေးတွေ
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။ နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်ကြက်တူရွေးက ။ ။ ဟိုအမကြီးအမျိုးသမီး။ ။ ဘာတုန်းကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......
+++++++++++++++++++++++
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။ "ယနေ့ကက်ပတိန် အရက်မမူးပါ။"
+ + + + + လူတွေ့စာမေးပွဲတစ်ခုတွင်…. ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။+ + + + + * သေနည်းကောင်း*ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"+ + + + + မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့+ + + + + မင်္ဂလာဆောင်တခု၌ဖြစ်သည်မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည် ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ " ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"+ + + + + အဖေ့အပေါ် မူတည်တယ်" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "+ + + + + *မဖြစ်ဘူး* " ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ""ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"+ + + + + *ရွေးချယ်မှု*ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "" ရွှေကို ယူမှာပေါ့ "" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ?
ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ၁။ အိမ်ယာနိုးနိုးချင်း ဆက်တက်သူအချစ်နဲ. ပတ်သက်လာရင် သင်ဟာ အရင် လူပ်ရှားတက်သူဖြစ်သည်။ သင်ဟာအခွင်.အရေးကောင်းနဲ. ကြုံ၇င် လက်မလွတ်တက်သူဖြစ်တယ်။ အချစ်စစ်သူရဲကောင်းအမျိုးအစား ဖြစ်တယ်။ အချစ်အတွက် ပျော်ပျော်ကြီးစွန်.လွတ်အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးပဲ ပေးဆပ်သူ၊ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုံ.ပြန်မူမရလည်းအပြစ်မတင်တက်သူဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတက်ပေမဲ. အကြံတစ်ခုတော.ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ. သင်.ရဲ. ကြင်နာ ယုယမူတွေဟာ ချစ်သူအတွက်အကျင်. မဖြစ်သွားစေပါနဲ.။ ချစ်သူဆိုတာ နှစ်ဦးနှစ်ဖတ် အပေးအညီမျှဖို.လိုတယ်။ သင်.အတွက် အလိုက်ဖက်ဆုံး လူဟာလဲ သင်.ကိုချစ်ခင်ကြင်နာတဲ.သူ၊ သင်.ကိုတန်ဖိုးထားသူပဲ ဖြစ်သင်.ပါတယ်။၂။ လမ်းပေါ်မှာ ဆက်တက်သူအချစ်ကြောင်. အရသာ မပျက်တက်သူ၊ ဘ၀မှာ ပျော်ပျော်နေတက်သူ ဖြစ်ပြီးအချစ်မရှားသူ ဖြစ်တယ်။ ဘ၀ရဲ. ထောင်.တစ်နေရာရာ ကနေ ကိုယ်.အတွက်ပျော်ရွင်မူကို ရှာတက်သူဖြစ်ပြီး နှစ်ဦး နှစ်ဖက် ရဲ. အပြောအဆိုကိုအလွန်ဂရုစိုက်တက်ဘူဖြစ်တယ်။ ချစ်သူဘာကို အလိုရှိသလဲ ဆိုတာသင်သိသင်.ဖို.အတွက် အကြံတစ်ခုပေးချင်ပါတယ်။ သင်ဟာ စန်းပွင်.သူဖြစ်ပေမဲ.တစ်ယောက်တည်း ကိုပဲ သတ်သတ်မှတ်မှတ် ချစ်တဲ. အချစ်ကမှ သင်.နဲ. အသင်.တော်ဆုံးဖြစ်တယ်။ ဘာဖြစ်လို.လဲဆိုတော. သင်.ရဲ.စိတ် တစ်စိတ်ထဲနဲ. လူအများကိုခွဲဝေပေးဖို. မဖြစ်နိုင်လို.ပါပဲ။၃။ အလုပ်ချိန်မှာ ဆက်တက်သူသင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ် မဆန်သလို နားဝင်ချိုတဲ. စကားကိုလည်းပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘ၀ရဲ. တစ်စိတ်တစ်ဒေသလို. ထင်သူဖြစ်သည်။သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင်. ခေါင်းမစားသူဖြစ်တယ်။သင်.အတွက်အကြံက အချစ်ကို သင်စတင်တော.မယ်ဆိုရင် သူငယ်ချင်းအဆင်.ကနေတဖြည်းဖြည်း စတင်တာဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ. သူငယ်ချင်းအဆင်.ပဲရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ.တော. မရပ်ဆဲမိဖို. လိုလိမ်.မယ်။၎။ အိပ်ယာမ၀င်ခင် ဆက်တက်သူသင်ဟာ အချစ်ရဲ ကျွေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ ချစ်သူကသင်.အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ. သင်ဟာ သူ.အပေါ် ဆယ်ဆပြန်ကောင်းလိုက်တက်တယ်။ ချစ်သူအလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ. သင်ကဘာမဆို အားလုံးအိုကေ စေရမယ်ဆိုတဲ. အစားမျိုးဖြစ်တယ်။ သင်.ကို အကြံတစ်ခုပေးချင်ပါတယ်။တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတတဲ. ကစားနည်းပါ။ ပေးဆပ်မူနဲ. ရယူမူကဘယ်တော.မှ တစ်ထပ်တည်း မကျဘူး။ ဒါ.ကြောင်. အချစ်နွံထဲအရမ်းနစ်ဝင်မသွားစေနဲ.။ နောက်သင်.မှာ အချစ်အတွက် တိုင်ပင်ဖော်လေးလိုပါတယ်။ ဥပမာ သူငယ်ချင်း သို.မဟုတ် အိမ်သူအိမ်သား၊ သူတို.ကသင်.အတွက်အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါလိမ်.မယ်။၅။ ဆက်ချင်တဲ.အချိန် ဆက်တက်သူချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ. အရာကို ရှာဖွေတက်သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး၊သူငယ်ချင်းလို တစ်မျိုး ကူညီ စောင်.ရှောက်တက်သူလည်း ဖြစ်တယ်။တစ်ခြားသူ.နဲ. ခင်မင်သွားလည်း ချစ်သူအပေါ် အချစ်မပြောင်းတက်သူ ဖြစ်တယ်။အကြံတစ်ခုပေးချင်တာကချစ်သက်တမ်းကြာလေလေ ချစ်သူရဲ.အပြစ် အနာအဆာကို တွေ.မြင်နိုင်ဖို.ခဲယဉ်းလေလေ ဖြစ်တက်တာကြောင်. ချစ်သူအပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကိုစိတ်ထဲမှာ သိမ်းမထားပဲ ချက်ချင်းထုပ်ဖော်ပြောသင်.တယ်။ အလိုမကျတာတွေ ကိုရင်ထဲမှာပဲ သိမ်းဆည်းထားရင် နောက်ဆုံးမှာ အင်အားပြင်းတဲ. မီးတောင် အဖြစ်ပေါက်ကွဲနိုင်ပါတယ်။မှတ်ချက် - သူငယ်ချင်းတယောက်မေးနဲ.ပို.ပေးလို. သဘောကျတာနဲ.မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
Wednesday, November 19, 2008
သူတို့ပြောတဲ့ အချစ်
.
(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ............Socrates
(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွား
နှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith
(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့
တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi
(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထား
တဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့
ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။......George Eliot
(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူ
နဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။....W. Somerset Maugham
အင်္ဂလိပ်စာရေးဆရာ W. Somerset Maughamနဲ့ အချို့စာရေးဆရာရဲ့ စာ
အချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။
(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိ
မှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa
(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်း
ကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton
(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါ
ကတော့ အသက်လိမ်ခြင်းပဲ။........
(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။
Shannon Fafe
(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့
ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။..........Mark Twain
(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။
အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။......
(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။
အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe
(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူ
တယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier
(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို
ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....
(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်
ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac
(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။
အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson
(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ
ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ
ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell
(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ
ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson
(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့
တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw
(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်
လုံးဖြစ်တယ်။ Lord Byron
အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး
တစ်ပုဒ်ဖြစ်တယ်။
Wednesday, October 22, 2008
New Gtalk Virus
သူငယ်ချင်းရေ
အခု gtalk virus တစ်မျိုးပေါ်နေတယ်၊ virus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ (iew my webcam (private secured connection using privateCam) http://- - - - - - - - - - - - .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး
Tuesday, October 21, 2008
အသည်းကွဲသူများ အတွက် နေထိုင်နည်းလမ်းသစ်များ
လောကတွင် ရည်းစားကြောင့် အသည်းကွဲသူများ အများအပြားရှိပါသည်။ အကယ်၍ သင်သည် တစုံတစ်ဦးဦးကြောင့် အသည်းကွဲခဲ့လျင် မည်သို့မည်ပုံ အသက်ဆက်လက်ရှင်သန်နေထိုင် အသက်ဆက်ရှင်နိုင်မည်နည်း။
တစ်စုံတစ်ဦးဦးဆိုသည်မှာ သင်နှင့်ပတ်သက်သော သင်၏ မိန်းကလေးရည်းစား၊ ယောင်္ကျားလေးရည်းစား အပြင်
အခြားသောနည်းဖြင့် ပတ်သက်သော သံယောဇဉ်အနွယ်ဝင်..(အချစ်ဆုံးသူ
ဟိုဟာကိုင်ရမလို.. ဒီဟာကိုင်ရမလို.. ဟိုဟာလုပ်ရမလို..ဒီဟာလုပ်ရမလို.
အချို့သောအချက်အလက်များသည် မှန်ကန်ကောင်းမှန်ကန်နိုင်သလို၊ အချို့သောအချက်များသည် မှားယွင်းမှုများရှိနိုင်ပါသည်။
ထိုအချက်အလက်များအတွက် စာရေးသူတွင်သာ တာဝန်ရှိကြောင်း ... ၀န်ခံအပ်ပါသည်။
"အသည်းကွဲနည်းမျိုးစုံ"
အချို့သူများသည် အောက်ဖော်ပြပါနည်းများကြောင့် အသည်းကွဲကြပါသည်။ (ကျန်းမာရေးအရ အသည်းတွင်ဖြစ်ပေါ်သော ရောဂါအခြေအနေများကို မဆိုလိုပါ)
ရည်းစားမဖြစ်မီ အခြေအနေတွင် ကိုယ်နှစ်သက်နေသောသူသည် မိမိအား..
- အကြောင်းပြချက်မရှိ မချစ်မနှစ်သက်ခြင်း
- ရုပ်ရည်ရူပကာအရ မချစ်မနှစ်သက်ခြင်း
- မုန်းတီးရွံရှာခြင်း
- စိတ်မ၀င်စားခြင်း
- ရည်းစားရှိနေခြင်း
- ရည်းစားမထားလိုခြင်း စသောအခြေအနေများ
ရည်းစားသနာဖြစ်ပြီးမှ
- ကိုယ့်ရည်းစားက ကိုယ့်အပေါ် စိတ်ဝင်စားမှုလျော့နည်းခြင်း
- အခြားတစ်ယောက်အား ဘာညာသာရကာ ဖြစ်ပေါ်နေမှုကို သိရှိခြင်း
- အခြားတစ်ယောက်နှင့် ရည်းစားဖြစ်နေမှုများကို သိရှိရခြင်း
- မိဘမောင်ဘွား၊ သူငယ်ချင်းတို့၏ မနှစ်သက်မှုများကြောင့် မိမိအား ရှောင်ဖယ်ခြင်း
- မိဘမောင်ဘွား၊ သူငယ်ချင်းများ အကြောင်းပြကာ ရှောင်ဖယ်ခြင်း စသောအခြေအနေများ
ရည်းစားများခြင်း၊ သူငယ်ချင်းဖြစ်နေခြင်း၊ ရည်းစားစကားမပြောရဲသဖြင့် ကြိတ်ကာ ခံစားနေရခြင်း၊သူငယ်ချင်း၏ ရည်းစားဖြစ်နေခြင်း၊ အစက မချစ်- ကွဲကွာသွားမှ တကယ်ချစ်မိမှန်းသိခြင်း စသဖြင့် အခြားသောအခြေအနေမျိုးစုံ ရှိနိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေ ထိုအချက်များကြောင့် အသည်းကွဲရပါသည်။
ထို့ကြောင့်
သင်.. အသည်းကွဲ ပါသည်။
"အသည်းကွဲလျှင် ကုစားနိုင်သည့်နည်းလမ်းများ"
မည်သို့ပင် အသည်းကွဲပါစေ..သင်သည် ယခုနည်းလမ်းများဖြင့် ကြိုးစားကြည့်ပါလေ...။
ငိုခြင်း
(၁) တစ်ယောက်တည်းအားရပါးရ အော်ဟစ် ငိုယိုပါ။ (အိပ်ယာထဲ / ပန်းခြံထဲ / တစ်ညလုံး..စသဖြင့် နေရာရွေး၍ ငိုပါ)
(၂) ရှိသမျှ အပေါင်းအသင်းသူငယ်ချင်းများရှေ့
(၃) အသည်းကွဲခြင်းကြောင့် ငိုယိုခြင်းအပြင် အခြား ပြဿနာများအကြောင်းပါ ထည့်တွေးပြီး အားလုံးစုပေါင်းကာ ငိုပါ။
(အိမ်ကိစ္စ၊ မိသားစု၊ မောင်နှမအချင်းချင်း အဆင်မပြေခြင်း၊ စာမေးပွဲကျခြင်း၊ ပိုက်ဆံချေးတာ ပြန်မရခြင်း စသည့်ပြဿနာများ)
(၄) အခင်ဆုံးသူငယ်ချင်းအား ရင်ဖွင့် ငိုယိုပါ။
(၅) အတူသွားဖူး၊လာဖူး၊လည်ပတ်ခဲ့ဖူး
(၆) လူတကာ၊ လမ်းအလယ်၊ ဘက်စ်ကားပေါ်၊ ရှောပင်းမောအလယ်တွင် ငိုပါ။
စသည့်နည်းလမ်းများ သုံးကာငိုယိုပါ..။ အနည်းဆုံး တစ်ခါငိုလျှင် ၅နာရီနီးပါးမျှ သူ့အကြောင်းတွေး၊ သူ့အကြောင်းပြောကာ ငိုယိုပါ။အချိန်ရှိသမျှငိုပါ။ အားအားရှိ ငိုပါ။ မည်မျှကြာအောင် သင်ငိုနိုင်မည်နည်း။ထိုအခါ သင်သည် မျက်ရည်ပင် ကျစရာမရှိအောင်ဖြစ်လာပါလိမ့်မည်
နေထိုင်မှု ပုံစံပြောင်းခြင်း
ယခင်က မည်သို့မည်ပုံ နေထိုင်ခဲ့သည်ဖြစ်ပါစေ ယခုအချိန်မှစ၍ လက်ရှိနေပုံထိုင်ပုံ၊ လုပ်ပုံကိုင်ပုံ၊ သွားပုံလာပုံ အလေ့အကျင့်များမှအစက အကုန်ပြောင်းလဲပစ်ပါ။
(၁) အိပ်ယာပြောင်းအိပ်ပါ။ အိပ်နေကျအခန်းမှ တစ်ခြားအခန်းပြောင်းအိပ်ပါ။ သို့မဟုတ် အခြားသူငယ်ချင်းအခန်းသို့ ပြောင်းအိပ်ပါ။ (အခန်းကျဉ်းပါက ရှေ့နောက်၊ အထက်အောက် ကုတင် ပြောင်းအိပ်ပါ)
(၂) ယခင်က သင်သည် အလွမ်းအဆွေးဝတ္ထုများဖတ်ပါက ယခု သင် ကာတွန်း (သို့) ဟာသ၀တ္ထုများဖတ်ပါ။ လွန်းထားထား ၀ထ္ထုများများများဖတ်ပေးပါ။(လွန်
(၃) ယခင်က သင်သည် အလွမ်းအဆွေး drama ရုပ်ရှင်ကားများ၊ Korea ဇာတ်လမ်းတွဲများ ကြည့်ပါက ယခု သင် action ကားများ၊ အတိုက်အခိုက်ကားများ၊ သရဲကားများ ကြည့်ပါ။ Korea ကားများမကြည့်ရန် အပြင်းအထန် တားမြစ်ပါသည်။ (korea ဇာတ်ကားများသည် အလွန် drama, rometic ဆန်လွန်းလှသောကြောင့်ဖြစ်သည်။)
(၄) လက်ရှိ သင် နားထောင်သည့် သီချင်းများအား နားမထောင်ဘဲ သင်နားမထောင်ဖူးသော သီချင်းများ အစားထိုး နားထောင်ပါ။ ဥပမာ - သင်သည် ယခု pop, hip-hip-hop များ ကြိုက်နှစ်သက်ပါက Rock, Pank ကဲ့သို့ သီချင်းများ နားထောင်ပါ။
(၅) သင်သည် အဆိုအက ၀ါသနာမပါက clubbin များသွားပါ...။ clubbin သွားနေကျ ဖြစ်ပါက မသွားဘဲနေပါ။
(၆) အ၀တ်အစားများများဝယ်ပါ။ တတ်နိုင်သမျှ တစ်ထည်၊ နှစ်ထည် မျှ ၀ယ်ဝတ်ပါ။
(၇) အစားအသောက်အပျက်မခံပါနှင့်။ များများစားပါ။ စားမ၀င်ပါက ၀င်အောင်စားပါ။ (စာရေးသူသည် မိသားစုနှင့် စိတ်ဆိုး၊ စိတ်ကောက်ပါက အိမ်ရှိ အစားအစာ၊ မုန့်မှန်သမျှ အကုန်စားတတ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ပါ။)
(၈) အပေါင်းအသင်းများနှင့်သာ အချိန်ကုန်ပါ။ အပေါင်းအသင်းများများပေါင်းပါ။
(၉) အလှအပများ ပြင်ဆင်တတ်ပါစေ။ ယခင်ထက် ပိုလှအောင်နေပါ။ ပြင်ပြင်ဆင်ဆင်နေပါ။ အရောင်မှိန်မှိန်များ မ၀တ်ရပါ။ အရောင်တောက်တောက်များ ၀တ်ပါ။
(၉) အင်တာနက်အသုံးပြုသူများ chatting များများတတ်ပါ။ များများ chat ပါ။ (အချိန်ကုန်စေရန်အတွက်ဖြစ်သည်)
(၁၀) ညပိုင်း စောစောမအိပ်ပါနှင့်။ ညနောက်ကျတဲ့အထိ လုပ်စရာရှိသမျှ လုပ်ဆောင်ပါ။ အိပ်ချင်သည့်တိုင်အောင် မအိပ်ပါနှင့်။
(၁၁) တရားထိုင်ပါ။ (ဖြစ်နိုင်ပါက..ဘုရားကျောင်းကန်
အနာဂတ်အတွက် ပြင်ဆင်ရန် နှင့် လုပ်ဆောင်ရန်။
(၁) ညအိပ်ညနေ ခရီးတစ်ခုခုထွက်ပါ။
(၂) ဖြစ်ပြီးသား ကိစ္စအား မေ့ပစ်ပါ။
(၃) အလုပ်အသစ်ရှာပါ။ အလုပ်အသစ်လျှောက်ပါ။
(၄) မိမိနှင့်သူ သွားလာခဲ့သမျှနေရာများ အမှတ်တမဲ့ရောက်ခဲ့သည်ဖြစ်စေ၊ အမှတ်တရသွားကြည့်သည်ဖြစ်စေ နောက်တစ်ကြိမ် ထပ်ကြည့်စရာမလိုအောင် တစ်သက်လုံးစာအတွက် (တစ်ခါပဲ) ကြည့်ခဲ့ပါ။
(၅) မိမိစိတ်အား ပြန်လည်တည့်မတ်နိုင်ရန် အချိန်ယူပါ။ အချိန်ယူခြင်းတွင် မိမိဘာသာ Target တစ်ခုထား၍(၁ လ / ၂ လ စသဖြင့်) သတ်မှတ်ပါ။
(၆) ဥပက္ခာပြုနိုင်အောင် လုပ်ပါ။
(၇) အကယ်၍ အမှတ်မထင် ပြန်တွေ့ခဲ့သည်ရှိသော်.. ပြုံးပြနိုင်အောင် မိမိဘက်က ပြင်ဆင်ပါ။
(၈) တစ်ယောက်တည်းနေနိုင်အောင်ကြိုး
(၉) မနေနိုင်ပါက နောက်တစ်ယောက်ရအောင် အမြန်ရှာပါ။
(၁၀) အားကစားတစ်ခုခုပြုလုပ်ပါ။ (ရေကူးခြင်း၊ ဘက်စ်ကက်ဘောကစားခြင်း၊ ဘောလုံးကန်ခြင်း စသည်.. )
အသည်းကွဲခြင်းသည် စိတ်ဓါတ်ရေးရာကို ချို့ယွင်းစေ၏။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေ၏။
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ပျက်ပြားစေ၏။ ထို့ကြောင့် အထက်ဖော်ပြပါ အကြောင်းအရာများအတိုင်း
လိုက်လံကျင့်သုံး၍ မိမိ၏ စိတ်ဓါတ်၊ စိတ်ပိုင်းဆိုင်ရာ အပြုအမူများကို ပြောင်းလဲပြင်ဆင်ပါ။ ထိုသို့ပြင်ဆင်ပြီးပါက
သင်သည် ဘ၀သစ်.. ခွန်အားသစ်.. နှင့်အတူ သင့်အနာဂတ် အလင်းရောင်ကို သင်မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
*ယခုရေးသောအချက်အလက်များသည် စာရေးသူ၏ အာဘော်မျှသာဖြစ်ပါသည်။
ဖြိုးစကီး
နိုင်းနိုင်း စနေ ရေးသော စိတ်အကြာကြီးမကောက်နဲ့နော်..
(၁)
ငယ်ငယ်ကတည်းက အဖေ မရှိတော့တဲ့ မောင့်ကို အမေတယောက်တည်းပဲ ပင်ပန်းရုန်းကန်ပြီး ဘွဲ့ရ ကြီးပြင်းတဲ့အထိ ပြုစုပျိုးထောင်ခဲ့တာပါ။ ယောက္ခမကို ခေါ်ဖို့ကိစ္စ ကျွန်မသဘောတူခဲ့ပြီး မောင့်မေမေအတွက် နေပူစာလဲ လှုံနိုင်အောင်၊ ပန်းတွေလဲ စိုက်နိုင်အောင် အိမ်တောင်ဖက်က ၀ရန်တာပါတဲ့ အခန်းကို ကျွန်မရှင်းလင်းနေခဲ့တယ်။ နေရောင်ခြည်နဲ့ နွေးထွေးနေတဲ့ အခန်းထဲကို မောင်ဝင်လာပြီး အခန်းရှင်းနေတဲ့ ကျွန်မကို ကိုင်မြှောက်ပြီး ပတ်ချာလှည့် ကစားလိုက်တယ်။ ကျွန်မတောင်းပန်ပြီး အောက်ချပေးဖို့ ပြောမှ မောင်က၀မ်းသာစွာနဲ့ "ကဲ...မေမေ့ကို သွားကြိုရအောင်" တဲ့။ မောင့်မေမေ ရောက်လာဖို့အတွက် ကျွန်မတို့ ပျော်ရွှင်နေခဲ့တယ်။
အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားတဲ့ မောင့်ရင်ခွင်မှာ ခိုဝင်ရတာကို ကျွန်မကြိုက်ခဲ့တယ်။ အဲဒီ ခံစားမူမျိုးက သေးငယ် တဲ့ ကျွန်မရဲ့ ခန္ဓာကို အချိန်မရွေး မောင့်အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ ခံစားမူမျိုး ကျွန်မကို လုံခြုံမူတွေ ဖြစ်စေခဲ့တယ်။ မောင်နဲ့ ငြင်းခုန်တိုင်း အလျော့မပေးတတ်တဲ့ ကျွန်မကို မောင်က ကိုင်မြှောက်ပြီး ကျွန်မ ထိတ်လန့်တဲ့အထိ ခါရမ်းတတ်တယ်။ အဲဒီ ထိတ်လန့်တဲ့ ပျော်ရွှင်မူမျိုးကလဲ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်ပေပဲလား။
မြို့ရောက်လာပေမယ့် ရွာက ဓလေ့တွေကို မောင့်မေမေက ချက်ချင်းဖျောက်နိုင်ခဲ့ပုံ မရဘူး။ ပန်းတွေ အမြဲ ၀ယ်ပြီး ဧည့်ခန်းမှာ အလှပန်းအိုး ထိုးတတ်တဲ့ ကျွန်မကို ယောက္ခမက ကြည့်မရတဲ့အဆုံး မအောင့်နိုင်ဘဲ..... "ဘ၀ကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ နင်တို့မသိကြဘူးလား..စားလို့ရတာ
"မဟုတ်ဘူးလေ မေမေ.....ပွင့်နေတဲ့ ပန်းကို ကြည့်ပြီး လူတွေရဲ့ စိတ်ဟာလဲ လန်းဆန်းနိုင်တယ်လေ" ကျွန်မ ရယ်ပြီးပြောတော့ မောင့်မေမေက ခေါင်းငုံ့စူပုပ် နေခဲ့တယ်။
"အမေ ဒါဟာ မြို့သားတွေရဲ့ အကျင့် ...တဖြည်းဖြည်းနဲ့ အမေကျင့်သား ရလာလိမ့်မယ်" မောင်က ရယ်ကျဲကျဲနဲ့ ၀င်ထောက်တယ်။
ပန်းဝယ်တဲ့ ကိစ္စကို ထပ်မပြောတော့ပေမယ့် ကျွန်မ ပန်းဝယ်ပြန်လာတိုင်း ဘယ်လောက် ပေးဝယ်ခဲ့ရသလဲလို့ မေးတတ်ပြန်တယ်။ ကျွန်မ ပြောပြလိုက်ရင် တကျွတ်ကျွတ်နဲ့ စုတ်ထိုးနေတတ်တယ်။ တခါတလေ အထုတ်ကြီး ငယ်တွေနဲ့ ကျွန်မဈေးက ပြန်လာရင် ဟိုဟာ ဘယ်လောက်လဲ...... ဒီဟာ ဘယ်လောက်လဲနဲ့ မေးတတ်ပြန်တယ်။ ဈေးနှုန်းအမှန်တွေကို ကျွန်မပြောပြလိုက်ရင် သူ့ရဲ့ စုတ်ထိုးသံက ပိုကျယ်လို့နေခဲ့တယ်။
"ဈေးနှုန်းအမှန် မပြောနဲ့လေ လူအ မလေးရဲ့" ကျွန်မ နှာခေါင်းကို ဖိညှစ်ရင်း မောင်က ဆိုလာတယ်။ ပျော်ရွှင် စရာ နေ့ရက်တွေက တဖြည်းဖြည်း သံစဉ်တွေ ပြောင်းလာခဲ့တယ်။
နံနက်စာ မောင်ထပြင်တတ်တာကို မောင့်မေမေက ကြည့်မရဆုံးပါပဲ။ ဘယ့်နှယ် လင်ယောက်ျားက မိန်းမ အတွက် မနက်စာ ထလုပ်ရတယ်လို့ ....ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ သူမြင်ခဲ့တယ်။
မနက်စာစားတိုင်း ပုပ်သိုးနေတဲ့ သူ့မျက်နှာကို ကျွန်မ မမြင်ချင် ဟန်ဆောင်ခဲ့တယ်။ ဒါကို သူကဇွန်းခက်ရင်းတွေ တတောက်တောက်ခေါက်ပြီး အသံတိတ် ဆန္ဒပြခဲ့တယ်။ ကျွန်မဟာ အကနည်းပြ ဆရာမတဦးပါ။ တနေကုန် ကခုန်ခဲ့ရလို့ ပင်ပန်းနေတဲ့ ကျွန်မအဖို့ မနက်စောစော နွေးထွေးတဲ့ အိပ်ရာကို မခွာရက်ဘဲ ဇိမ်ခံပြီး နှပ်ချင်နေခဲ့တယ်။ ဒါကြောင့်မို့လဲ မောင့်မေမေ အသံတိတ် ဆန္ဒပြတာကို မျက်စိမှိတ်၊ နားပိတ်ပြီး မသိချင် ဟန်ဆောင်ခဲ့တယ်။
မောင့်မေမေဟာ ကျွန်မကို အိမ်မူကိစ္စတွေ ကူလုပ်ပေးပါတယ်။ ဒါပေမယ့် သူကူရင် ကျွန်မပိုပြီး အလုပ်ရှုပ် ရပါတော့တယ်။ ဥပမာ....ပလပ်စတစ်အိတ်တွေကို ပြန်ရောင်းဖို့ဆိုပြီး အကုန် လိုက်စုထားတတ်တယ်။ နောက်တော့ အိမ်တခုလုံး အိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ပန်းကန်ဆေးရည်ကို နှာမြောလို့ဆိုပြီး မသုံးဘဲ နေခဲ့တယ်။ နောက်တော့ မစင်တဲ့ ပန်းကန်တွေကို သူ မသိအောင် တိတ်တိတ်လေး ကျွန်မ ပြန်ဆေးခဲ့ရတယ်။
(၂)
ညတညမှာ ပန်းကန်တွေကို ပြန်ခိုးဆေးနေတဲ့ ကျွန်မကို မောင့်မေမေ မြင်သွားခဲ့တယ်။ အိပ်ခန်းတံခါးကို "ဒုန်း"ခနဲ ဆောင့်ပိတ်ပြီး အိပ်ရာထဲမှာ သူအော်ငိုပါတော့တယ်။ အမေနဲ့မိန်းမကြား မောင်ပျာများ ရပါတော့ တယ်။ အဲဒီညက မောင်ကျွန်မကို စကားတခွန်းမှ ပြန်မပြောခဲ့ပါဘူး။ သူ့ကို ကျွန်မ ဘယ်လိုပဲ စ စ ဂရုမစိုက် ခဲ့ဘူး။ "ကျွန်မ ဘာများ အမှားလုပ်ခဲ့မိလို့လဲ..?" လို့ ပြန်မေးတော့ မောင်က ကျွန်မကို ခပ်စူးစူးကြည့်ရင်း.... "မပြောင်တဲ့ ပန်းကန်နဲ့စားလဲ သေမသွားတတ်ဘူး....မင်းဘာလို့ မသိတတ်ရတာလဲကွာ" တဲ့။ အဲဒီနောက်ပိုင်းမှာ မောင့်မေမေ ကျွန်မကို စကား မပြောတော့ပါဘူး။ နွေးထွေးတဲ့အိမ်က တဖြည်းဖြည်း အေးစက်လာခဲ့တယ်။
မနက်စာ ထလုပ်တတ်တဲ့မောင်ကို မကြည့်ရက်လို့ မောင့်မေမေက မနက်စာ ချက်ပြုတ်ခြင်း တာဝန်ကို ယူလိုက်တယ်။ သားစားနေတာကို ကြည့်ပြီး မောင့်မေမေ ပီတိဖြာပါတယ်။ ကျွန်မကို ကြည့်တဲ့ အကြည့်ကတော့ အိမ်ထောင့်တာဝန် မကျေဘူးဆိုတဲ့ အပြစ်တင် အကြည့်မျိုးနဲ့ပါ။ အဲဒီအကြည့်ကို ရှောင်ချင်လို့ ကျွန်မရဲ့ မနက်စာကို လမ်းမှာဝယ်ပြီး ဖြေရှင်းလိုက် ရတာများတယ်။
ညအိပ်ချိန်မှာ မောင်က စိတ်ဆိုးတဲ့လေသံနဲ့ "လူဒီ..အမေလုပ်တဲ့အစာတွေကို ညစ်ပတ်တယ်ထင်ပြီး အိမ်မှာ မစားတာလား" ပြောပြီး တဖက်ကို မောင်လှည့်လိုက်တယ်။ မောင့်ရဲ့ အေးစက်တဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်မ မျက်ရည်ကျခဲ့မိတယ်။ "လူဒီ...မောင့်မျက်နှာကို ထောက်ပြီး အိမ်မှာ မနက်စာစားပါလား" သက်ပြင်းတချက် ချရင်း မောင်က ဆိုလာတယ်။ မောင့်ကြောင့် ကျွန်မရှေ့မျက်နှာ နောက်ထားပြီး မနက်စာ စားပွဲခုံမှာ ပြန်ထိုင် ခဲ့တယ်။
အဲဒီ မနက်က မောင့်မေမေ ပြုတ်ထားတဲ့ ဆံပြုတ်ကို ကျွန်မသောက်နေတုန်း ဘာဖြစ်တယ် မသိဘူး..ဗိုက်ထဲက အစာအိမ်ကို တခုခုနဲ့ ဖိထားသလို ခံစားရတယ်။ အစာတွေ ပါးစပ်က ထွက်မလာအောင် ကျွန်မဗိုက်ကို အတင်း ဖိထားမိတယ်။ ဒါပေမယ့် မရခဲ့ဘူး။ ပန်းကန်ကို စားပွဲပေါ် လွတ်ချပြီး သန့်စင်ခန်းဖက် ကျွန်မပြေးပြီး ထိုးအန်မိတယ်။ အန်ပြီး ပုံမှန်အနေအထား ရောက်အောင် လေကို ရှုသွင်းရှုထုတ် လုပ်နေချိန်မှာ ငိုသံနဲ့ အပြစ်တင်နေတဲ့ မောင့်မေမေအသံကို ကျွန်မ ကြားလိုက်ရတယ်။ အဲဒီနောက်မှာတော့ သန့်စင်ခန်း တံခါးဝမှာ ခါးထောက်ပြီး ကြည့်နေတဲ့ မောင့် ဒေါသမျက်နှာကို ကျွန်မ မြင်လိုက်တယ်။ ဖြေရှင်းဖို့ ပါးစပ်ဟလိုက်ပေမဲ့ ကျွန်မ နှုတ်က စကားတခွန်းမှ ထွက်မလာခဲ့ဘူး။ ကျွန်မ တမင်လုပ်တာ မဟုတ်ရပါဘူး မောင်ရယ်.....
မောင်နဲ့ကျွန်မ ပထမဆုံးအကြိမ် အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ရန်ဖြစ်နေတဲ့ ကျွန်မတို့ကို မောင့်မေမေက စိုက်ကြည့်ပြီး အိမ်ကနေ ထွက်သွားခဲ့တယ်။ မောင်က ကျွန်မကို ခပ်စူးစူးတချက်ကြည့်ပြီး အမေ့နောက်ကို ဆင်းလိုက်သွားခဲ့တယ်။ မျိုးဆက်သစ်လေး ကျွန်မတို့ဘ၀ထဲ ရောက်လာခါနီးမှ မထင်မှတ်တဲ့ မတော်တဆမှုက မောင့်မေမေရဲ့ အသက်ဝိညာဉ်ကို ခြွေယူသွားခဲ့တယ်။
(၃)ရက်လုံးလုံး မောင်အိမ်ပြန်မလာခဲ့ဘူး။ ဖုန်းလည်း မဆက်ခဲ့ဘူး။ မောင့်မေမေ ရောက်လာပြီးနောက် ပျော်ရွှင်စရာကောင်းတဲ့ ကျွန်မတို့ရဲ့ အိမ်ဟာ အရာရာ ဆိတ်သုဉ်းသွားခဲ့ရတယ်။ ကျွန်မဘာများ ထပ်လုပ် ပေးရဦးမလဲ...? ထူးထူးဆန်းဆန်းပဲ ကျွန်မလဲ တချိန်လုံး အန်ချင်နေမိတယ်။ ဘာပဲစားစား အရသာမဲ့နေတယ်။ ဒီပြဿနာတွေနဲ့ ကျွန်မလဲ လူပမ်းစိတ်နွမ်းလှပါပြီ။
လူဖော်ကိုင်ဖက် တချို့က "လူဒီ....နင်မျက်နှာကြည့်ရတာ တော်တော်မလန်းဘူး..... ဆေးရုံသွားပြီး စစ်ဆေး သင့်ပြီ"လို့ အသိပေးလာမှ ကျွန်မဆေးရုံဖက် ရောက်ခဲ့တယ်။ ကျွန်မ ကိုယ်ဝန်ရှိနေပြီတဲ့။ အဲဒီမနက် ထမင်း ၀ိုင်းမှာ ကျွန်မအန်မိတဲ့ အကြောင်းရင်းကို ကျွန်မ သိလာရတယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုထဲမှာ ၀မ်းနည်းတာတွေ ရောပါနေတယ်။ မောင်ရော......အတွေ့အကြုံရှိတဲ့ မောင့်မေမေရော...ဘာဖြစ်လို့ ဒီလိုအန်ခြင်းရဲ့ အကြောင်းရင်း ကို နည်းနည်းမှ မရိပ်စားမိခဲ့တာလဲ....?
(၃)
အိမ်ပြန်ရောက်တော့ အိမ်ရာပေါ်လဲရင်း မောင်မျက်လုံးထဲက အမုန်းတွေကို ကျွန်မပြန် မြင်ယောင်မိတယ်။ စောင်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျွန်မငိုမိပြန်တယ်။ အဲဒီညက အံဆွဲဖွင့်သံတွေကို ကျွန်မကြားလိုက်မိတယ်။ မီးဖွင့်ကြည့်လိုက်တော့ မျက်ရည်အရွဲသားနဲ့ မောင့်ကို ကျွန်မတွေ့လိုက်မိတယ်။ ကျွန်မကို အေးစက်စက် တစ်ချက်ကြည့်ပြီး ပိုက်ဆံတွေကို မောင်ယူနေတယ်။ ကျွန်မကို မမြင်သလိုဘဲ ဘဏ်စာအုပ်ကို ယူပြီး သူပြန် ထွက်သွားတယ်။ ကျွန်မကို တစ်ကယ်ပဲ ခွဲသွားတော့မှာလား...? မောင်က တော်တော်ထက်တာပဲ... အချစ်နဲ့ငွေကို သပ်သပ်စီခွဲတော့မယ် ထင်တယ်။ ကျွန်မ အေးစက်စက် ရီလိုက်မိတယ်။ မျက်ရည်တွေကတော့ ပါးပြင်ပေါ် တောက်လျောက်စီးကျလို့လာတယ်။
နောက်တစ်ရက်မှာ ကျွန်မ အလုပ်မသွားခဲ့ဘူး။ စိတ်ကို ငြိမ်ငြိမ်ထားပြီး မောင်နဲ့ ကျွန်မဆွေးနွေးချင်သေးတယ်။ မောင့်ကုမ္ပဏီမှာ မောင့်ကို သွားရှာတော့ အတွင်းရေးမှူး မလေးက " သူ့အမေ ကားအက်ဆီဒင့်ဖြစ်ပြီး ဆုံးလို့ ဆေးရုံသွားလိုက်တယ်"။ အဲဒီစကားကြားတော့ ကျွန်မဆွံအသွားခဲ့ရတယ်။ ဆေးရုံကို ကျွန်မအပြေး လိုက်သွား ခဲ့တယ်။ မောင်ကတော့ အေးစက်မာကျောတဲ့ မျက်နှာနဲ့ ကျွန်မကို မကြည့်ခဲ့ပါဘူး။ မောင့်မေမေရဲ့ ဖြူရော်နေတဲ့ မျက်နှာကို ကြည့်ပြီး ကျွန်မ မယုံနိုင်အောင်ဖြစ်ခဲ့တယ်။ ဘုရားရေ.....ဘာလို့ ဒီလိုဖြစ်ရတာလဲ...?
မောင့်မေမေ သင်္ဂြိုလ်ပြီးတဲ့အထိ ကျွန်မကို မောင်စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်မကို ကြည့်တဲ့ အကြည့် တိုင်းမှာ မုန်းတီးမှုအပြည့်တွေနဲ့ပါ။ မောင့်မေမေ ကားတိုက်မှုနဲ့ ပတ်သက်ပြီး ကျွန်မသိရတာက အဲဒီနေ့ မောင့်မေမေ အိမ်ကထွက်ပြီး ရွာကိုပြန်မလို့ ကားဂိတ်ကို သွားခဲ့တယ်။ မောင်လည်း အမေနောက် အပြေး လိုက်ခဲ့ပေမယ့် မျဉ်းကျားကူးချိန်မှာ တစ်ဖက်ကလာတဲ့ ကားနဲ့ တိုက်မိသွားခဲ့ကြောင်း တစ်ခြားလူတွေ ကတစ်ဆင့် ကျွန်မသိလိုက်ရတယ်။ မောင့်ရဲ့မုန်းတီးမှုတွေကို ကျွန်မ သဘောပေါက်သလို ရှိလာတယ်။ အဲဒီနေ့ကသာ ကျွန်မ မအန်ခဲ့ရင်၊ အဲဒီနေ့ကသာ ကျွန်မတို့ ရန်မဖြစ်ခဲ့ရင်... အခုတော့ မောင်ရဲ့စိတ်ထဲမှာ ကျွန်မဟာ မောင့်မေမေကိုသတ်တဲ့ တရားခံဖြစ်နေခဲ့ပြီလား....?
အိမ်ကို ပြန်လာပြီးတဲ့နောက် မောင့်မေမေအခန်းမှာပဲ မောင်နေခဲ့တယ်။ ညအိမ်ပြန်တိုင်း မောင့်ကိုယ်ပေါ်မှာ အရက်နံ့တွေ မွန်းလို့နေတယ်။ အားနာခြင်းနဲ့ သနားခြင်းတွေက ကျွန်မရင်ဝကို မွန်းကြပ်နေအောင် ဖိထား ခဲ့တယ်။ ကျွန်မတို့အတွက် မျိုးဆက်သစ်လေး ရှိနေပြီဆိုတဲ့အကြောင်း မောင့်ကို ကျွန်မ ပြောပြချင် လိုက်တာ....ရှင်းပြချင်လိုက်တာ.
အဲဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် အပ်ကြောင်းထပ်ခဲ့တယ်။ မောင်အိမ်ပြန်ချိန်က ညပိုနက်လို့လာခဲ့တယ်။ တစ်ခါက စားသောက်ဆိုင် တစ်ဆိုင်ရှေ့ကျွန်မဖြတ်တော့ ကြည်လင်တဲ့ ပြတင်းမှန်ထဲမှာ မောင်နဲ့မိန်းကလေး တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေတာကို တွေ့လိုက်မိတယ်။ မိန်းကလေးရဲ့ဆံပင်ကို မောင်က ပွတ်သပ် လို့...ကျွန်မ သဘောပေါက်လိုက်မိတယ်။ ဆိုင်ထဲကို ကရူးကမူးပြေးဝင်ပြီး စားပွဲရှေ့မှာ ကျွန်မရပ်လိုက်တယ်။ မောင့်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပေမယ့် ကျွန်မ မျက်အိမ်မှာ မျက်ရည်မရှိခဲ့ပါဘူး။ ကျွန်မ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေလိုက်မိတယ်။
ကျွန်မကိုကြည့်လိုက် မောင့်ကိုကြည့်လိုက်နဲ့ ထရပ်ပြီး ထွက်ဖို့ပြင်နေတဲ့ မိန်းကလေးကို မောင်က လက်လှမ်း ဆွဲလိုက်တယ်။ ပြီးတော့ အေးစက်ခက်ထန်တဲ့ အကြည့်နဲ့ ကျွန်မကိုကြည့်နေတယ်။ ကျွန်မနှလုံးခုန်သံကို ကျွန်မ ပြန်ကြားနေမိတယ်။ သေမင်းရဲ့ နုတ်ခမ်းဝမှာ ခုန်နေသလိုမျိုး... ကျွန်မဟာ ရှူံးသူပါ။ ဆက်ရပ်နေရင် ကျွန်မ ရော ဗိုက်ထဲက ကလေးပါ အဲဒီနေရာမှာ လဲကျသွားနိုင်တယ်။
အဲဒီညက မောင်ပြန်မလာခဲ့ဘူး။ အဲဒီလိုနည်းနဲ့ သူနဲ့ကျွန်မကြားက သံယောဇဉ်ကို သဘောပေါက်စေပုံရတယ်။ ယောက္ခမရဲ့သေဆုံးမှုနောက်မှာ ကျွန်မတို့ရဲ့ အချစ်လည်း လိုက်ပြီးသေဆုံးသွားခဲ့ရပြီ။ မောင်လုံးဝ ပြန်မလာခဲ့ တော့ပါဘူး။ တစ်ခါတစ်လေ ကျွန်မအလုပ်ဆင်း ပြန်လာရင် အိမ်ကဘီရိုတွေ မွေနောက်ထားသလိုပဲ...ကျွန်မ မရှိတုန်း မောင်သူ့ပစ္စည်းတွေ ပြန်လာယူတယ်ထင်တယ်။ မောင်ကို ကျွန်မ ဖုန်းလည်းမဆက်ခဲ့ဘူး။ အစက မောင့်ကို ကျွန်မရှင်းပြဖို့ ရည်ရွယ်ထားတဲ့ စိတ်တွေ လုံးဝ ပျောက်ဆုံးသွားခဲ့ရပါပြီ။
ကျွန်မတစ်ယောက်တည်း ဆေးရုံသွားပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ တစ်ခြား ကိုယ်ဝန်ဆောင် မိခင်လောင်း တွေကို လင်ယောက်ျားနဲ့အတူ ဆေးရုံလာတာကို မြင်ရင် ကျွန်မရဲ့နှလုံးသားတွေ မွကြေသွားသလို ခံစားမိ တယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ဝန်ဖျက်ချဖို့ အကြံပေးတယ်။ ကျွန်မ မလုပ်ရက်ဘူး... ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ကျွန်မမွေးကို မွေးမယ်။ မောင့်မေမေအတွက် အလျော်ပဲဖြစ်ဖြစ်ပေါ့။
တစ်ရက် ကျွန်မအလုပ်ဆင်းပြန်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ မောင့်ကိုတွေ့လိုက်မိတယ်။ အခန်းတစ်ခုလုံး လည်း ဆေးလိပ်မီးခိုတွေနဲ့ မွမ်းကြပ်လို့....စားပွဲခုန်ပေါ်
မောင်မရှိတဲ့ နှစ်လအတွင်း စိတ်၏ တည်ငြိမ်ခြင်းကို ကျွန်မကျင့်သားရခဲ့တယ်။ "ခဏလေး...ကျွန်မလက်မှတ် ထိုးပေးမယ်" ဦးထုပ်ကိုချွတ်ရင်း မောင့်ကိုကျွန်မကြည့်ပြီး ပြောလိုက်တယ်။ ကျွန်မလိုပဲ မောင့်မျက်လုံးထဲမှာလည်း တွေဝေခြင်းတွေ ပြည့်နှက်လို့နေတယ်။ အပေါ်အင်္ကျီကိုချွတ်ရင်း မငိုမိစေဖို့ ကျွန်မအားတင်းလိုက်တယ်။ အင်္ကျီကို ချိတ်ပြီး မောင်ဖက်လှည့်လိုက်တော့ မောင်က ပြည့်ဖောင်းလာတဲ့ ကျွန်မရဲ့ဗိုက်ကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မပြုံးပြုံးလေးနဲ့ စာရွက်ပေါ် လက်မှတ်ထိုး လိုက်ပြီး မောင့်ဆီ စာရွက်ကို တွန်းပို့လိုက်တယ်။
"လူဒီ....မင်း ကိုယ်ဝန်ရှိနေပြီ ?"
အမေသေဆုံးသွားပြီးတဲ့နောက် ဒါဟာ ပထမဆုံးအကြိမ် ကျွန်မကို မောင်စကားပြောခြင်းပါ။ ကျွန်မမျက်လုံးကို ကျွန်မ မထိန်းနိုင်ခဲ့ဘူး။ ပါးပြင်ပေါ်ကို မျက်ရည်တွေ တရဟောစီးကျလာခဲ့တယ်။
"ဟုတ်တယ်...ဒါပေမယ့် ကိစ္စမရှိဘူး....ရှင် သွားလို့ရပြီ"
မောင် ထွက်မသွားခဲ့ဘူး။ အမှောင်ထဲမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လို့....မျက်ရည်တွေ မောင်ပါးပြင်ထက် စီးကျလို့ လာခဲ့တယ်။ အရာအားလုံးဟာ အဝေးမှာ ကျန်ရစ်ခဲ့ပါပြီ...ဝေးလွန်းလို့ ကျွန်မ အပြေးလိုက်ခဲ့လဲ ဖမ်းဆုပ်လို့ မရခဲ့တော့ပါဘူး။
"မောင်မှားသွားတယ်"လို့ တောင်းပန်စကားက ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိ မောင်ဆီက ကျွန်မကြားခဲ့ ရတယ်။ အစတော့ ကျွန်မဟာ ခွင့်လွတ် နားလည်တတ်သူ တစ်ယောက် ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ်ထင်ခဲ့ မိတာ...အခုတော့ မဟုတ်ခဲ့ပါလား။ စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ အေးစက်မာကျောတဲ့ မောင့်အကြည့်တွေ ဒီတစ်သက် ကျွန်မ ဘယ်လို မေ့လို့ရနိုင်မလဲ....?
ဒီအဖြစ်အပျက်မှာ ကျွန်မရဲ့သေးငယ်တဲ့ မတော်တဆ အပြုအမူတစ်ခုကို မောင်က တမင်သက်သက် ကြီးထွား အောင် ပြုလုပ်ခဲ့တယ်။ အေးစက်တဲ့ ဒီအကြည့်တွေ အရည်ပျော်ဖို့ မျှော်လင့်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ နှလုံးသား ကိုယ်စီမှာ ဒဏ်ရာတွေက အထပ်ထပ် ထင်ကျန်ရစ်ခဲ့ပြီလေ။ ဗိုက်ထဲက ကလေးကို စဉ်းစားမိတိုင်း ရင်ကို နွေးထွေးစေခဲ့ပေမယ့် မောင့်ကို ကျွန်မအေးတိအေးစက်ပဲ ဆက်ဆံခဲ့တယ်။ မောင်ကျွေးတာတွေ မစားဘူး၊ မောင်ဝယ်တာတွေ မယူဘူး၊ မောင်နဲ့လဲ ကျွန်မစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဟိုစာရွက်ပေါ် ကျွန်မလက်မှတ် ထိုးပြီးကတည်းက လက်ထပ်ခြင်းနဲ့ ချစ်ခြင်းဆိုတာ ကျွန်မဘ၀မှာ လုံးဝပျောက်ဆုံးသွားခဲ့ရတယ်။ အိပ်ခန်းထဲ မောင်ဝင်လာရင် ကျွန်မဧည့်ခန်းဖက်ကို ရှောင်တယ်။ နောက်တော့ မောင် အမေ့ခန်းမှာပဲ အိပ်တော့တယ်။
ည...မောင့်အခန်းက ညည်းသံတိုးတိုးလေးကို ကျွန်မကြားလိုက်မိတယ်။ ဒါဟာ မောင့်အကျင့်ပေါ့။ အရင်က ကျွန်မစိတ်ကောက်ရင် မောင်က ဖျားချင်ဟန်ဆောင်ပြီး ညည်းပြတတ်တယ်။ မောင်တကယ်ဖျားနေတယ် အထင်နဲ့ စိုးရိမ်တကြီး ပျာရာခတ်နေတတ်တဲ့ ကျွန်မကို မောင်က ပွေ့ဖက်ရင်း တဟားဟား အော်ရီတတ်တယ်။ အဲဒီတုန်းက မောင့်ကိုစိုးရိမ်တာဟာ အချစ်စိတ်ကြောင့်ဆိုတာ မောင်မေ့နေခဲ့ပြီလား...? အခုတော့...... ကျွန်မမှာ အဲဒီအချစ်တွေ မရှိတော့ပါဘူး။
မောင့်ညည်းသံက ကျွန်မ မွေးဖွားရက်အထိ ရက်ရှည်ခဲ့တယ်။ ကလေးအသုံးအဆောင် ပစ္စည်းတွေ မောင်နေ့တိုင်း ၀ယ်ပြန်ခဲ့တယ်။ ကလေးစာအုပ်တွေ၊ စားစရာတွေ တစ်ထုပ်ပြီး တစ်ထုပ် အိမ်ထဲမှာ တောင်ပုံရာ ပုံပါပဲ။ မမြင်ရသေးတဲ့ ရင်သွေးအတွက် အဲဒီလို ပုံစံနဲ့ ကျွန်မစိတ်ပြန်လည်လာအောင် မောင်ကိုင်လှုပ်ခဲ့တယ်။ ကျွန်မရဲ့စိတ်တွေ မာကျောသွားပြီ မောင်။ မောင်ကို စကားလဲမပြော၊ ဂရုလဲ မစိုက်ခဲ့တဲ့အတွက် မောင်ဟာ သူ့အခန်းထဲမှာပဲ ပိတ်လှောင်ပြီး ကွန်ပျူတာနဲ့ စာတွေ တစ်ချောက်ချောက်ရိုက်နေခဲ့တယ်။
မောင်ဘာလုပ်နေမလဲ...? ကျွန်မ နည်းနည်းမှ စိတ်မ၀င်စားခဲ့တော့ပါဘူး။
ဒီလိုနဲ့ လတွေကြာခဲ့တယ်။ ညတစ်ညမှာ ဗိုက်ထဲထိုးပြီး နာလာလို့ ကျွန်မအော်လိုက်တဲ့ အသံကိုကြားတော့ မောင်ဟာ မြှားတစ်စီးရဲ့အလျှင်လိုပဲ ကျွန်မအခန်းထဲ ပြေးဝင်လာခဲ့တယ်။ ဒီလိုနေ့မျိုးကိုပဲ မောင်စောင့်နေ ခဲ့တယ် ထင်တယ်။ ကျွန်မကို ထမ်းပိုးပြီး အိမ်ထဲကနေ အပြေးထွက်ခဲ့တယ်။ ကားတစ်စီးဌားပြီး တစ်လမ်းလုံး ကျွန်မရဲ့လက်ကို တင်းတင်းဆုပ်ကိုင်လို့ နှာဖူးပေါ်ကျလာတဲ့ ချွေးတွေကို မောင် သုတ်ပေးနေခဲ့တယ်။ ဆေးရုံ ရောက်တော့ သားဖွားမီးယပ်ဆောင်ဖက် ကျွန်မကို ထမ်းပိုးပြီး မောင်အပြေးသွားနေခဲ့တယ်။ မောင်ရဲ့ပိန်လှီတဲ့ နောက်ကျောကိုမှီရင်း ကျွန်မခေါင်းထဲ အတွေးတစ်ချို့ဝင်လာခဲ့တယ်။ မောင့်လောက် ကျွန်မအပေါ် ဘယ်သူက ချစ်နိုင်ဦးမလဲ.... ? မီးဖွားခန်းထဲ တွန်းဝင်သွားတဲ့ ကျွန်မကို တံခါးဝမှာ ရပ်ပြီး မောင်ကြည့်နေခဲ့တယ်။ နာတာကို အောင့်အီးပြီး မောင့်ကို ကျွန်မ ပြုံးပြလိုက်မိတယ်။
ကျွန်မနဲ့သားလေးကို ကြည့်ပြီး မောင်မှာ ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေတော့တယ်။ မောင့်လက်ကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။ ကျွန်မကို မောင်တစ်ချက်ပြုံးပြပြီး ရုတ်တစ်ရက် မောင်ပျော့ချွေပြီး လဲကျသွားတယ်။ မောင်............နွမ်းနယ်တဲ့ မောင့်မျက်လုံးတွေကို ပြန်ဖွင့်မလာသေးဘူး။ မောင့်အတွက် မျက်ရည်တွေ ကုန်ခဲ့ပြီလို့ ထင်ခဲ့တဲ့ ကျွန်မ တစ်ကိုယ်လုံး ဆွဲဆုတ်ထားသလို နာကျင်နေခဲ့တယ်။ တာဝန်ကျ ဆရာဝန်က မောင်ရဲ့အသဲ ကင်ဆာဟာ နှောင်းပိုင်းကို ရောက်နေပြီ ဖြစ်တဲ့အကြောင်း၊ မောင်အခုထိ တောင့်ခံနိုင်ခဲ့တာ ထူးဆန်းမှု တစ်ရပ်ဖြစ်ကြောင်း ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ ၅လကတည်းက မောင်မှာ အသဲကင်ဆာရှိကြောင်း သိခဲ့ရတယ်တဲ့.... အားလုံးကို ပြင်ဆင်ထားတော့လို့ ဆရာဝန်က ကျွန်မကို နှစ်သိမ့်ခဲ့တယ်။
နပ်စ်တားတာကို ကျွန်မဂရုမစိုက်တော့ဘူး။ ဆေးရုံကဆင်းပြီး အိမ်ကို ကျွန်မပြန်ခဲ့တယ်။ မောင့်အခန်းထဲဝင်ပြီး ကွန်ပျူတာကို ကျွန်မဖွင့်လိုက်တယ်။ မောင့်ရောဂါကို စသိတာ လွန်ခဲ့တဲ့ ၅လကတဲ့.. မောင်ညည်းသံတွေက တကယ်ပေါ့။ ကွန်ပျူတာထဲမှာ သားအတွက် မောင်ရေးထားခဲ့တဲ့ စာတွေ.....
သား...သားကြောင့် ဖေဖေအခုချိန်ထိ တောင့်ခံခဲ့တယ်။ သားမျက်နှာကို မြင်ပြီးမှ ဖေဖေလဲကျသွားပါစေ ဖေဖေကျေနပ်တယ်။ သားဘ၀မှာ ပျော်ရွှင်တာတွေ၊ စိတ်ညစ်တာတွေ ကြုံရဦးမယ်ဆိုတာ ဖေဖေသိတယ်။ သားရဲ့ကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ ဖေဖေသာ ရှိခဲ့မယ်ဆိုရင် ဘယ်လောက်ပျော်စရာ ကောင်းလိမ့်မလဲ.. ဖေဖေမှာ ဒီလိုအခွင့်အရေးတွေ မရှိတော့ဘူး သားရယ်။ သားဘ၀မှာ ကြုံတွေ့တတ်ရမယ့် မေးခွန်းတွေအတွက် ဖေဖေစာတွေရေးခဲ့တယ်။ ဖေဖေအကြံပြုချက်ကို သားမှီငြမ်းနိုင်ပါစေ။ ဖေဖေရဲ့ ဒီစာတွေနဲ့ သားကြီးပြင်းလာမယ့် လမ်းတစ်လျောက်မှာ အဖော်လုပ်နိုင် လိမ့်မယ်လို့ ဖေဖေယုံကြည်တယ်။ ဖေဖေ အရမ်းပျော်တယ်သား။ သားမေမေ့ကိုလည်း သိပ်ချစ်တယ်။ သူအရမ်းပင်ပန်းနေပြီ။ သူဟာ သားကိုသိပ်ချစ်တဲ့ မိခင်တစ်ယောက်၊ ဖေဖေသိပ်ချစ်တဲ့ မိန်းမတစ်ယောက်ပေါ့ကွယ်။
သားမူကြိုကျောင်း တက်တာကအစ ဘွဲ့ရပြီး အလုပ်ဝင်တဲ့အထိ နောက် ချစ်သူရည်းစား ထားတဲ့အထိ သားအတွက် မမြင်ရသေးတဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ တသီတကုံး မောင် ရေးထားခဲ့တယ်။
ကျွန်မအတွက် စာမှာတော့...
လူဒီ...ဒီတစ်သက် မောင့်အတွက် အပျော်ရွှင်ဆုံးဟာ လူဒီကို လက်ထပ်ခဲ့ခြင်းပါပဲ။ လူဒီကို ဒဏ်ရာတွေ ရစေခဲ့တဲ့ မောင့်ကို ခွင့်လွတ်ပေးပါ။ ရောဂါကို ကွယ်ဝှက်ထားခဲ့တဲ့ အတွက်လည်း ခွင့်လွတ်ပေးပါ။ သားလေးမမွေးခင် လူဒီကို စိတ်မထိခိုက် စေချင်လို့ပါ။ ဒီစာကို ဖတ်ရင်း မျက်ရည်ကျခဲ့မယ်ဆိုရင် မောင့်ကို ခွင့်လွတ်ပြီပေါ့နော်... မောင့်ကို ချစ်နေသေးတဲ့အတွက် ကျေးဇူးပါ လူဒီ.... ဒီလက်ဆောင်တွေက မောင်ကိုယ်တိုင် သားလေးကို မပေးနိုင်တော့ပါဘူး။ လူဒီကပဲ နှစ်တိုင်း မောင့်ကိုယ်စား သားကို ပေးပေးပါနော်။ ဘူးပေါ်မှာ လက်ဆောင်ပေးတဲ့ နှစ်ရက်လတွေကို ရေးဖို့ မမေ့ပါနဲ့...လူဒီ။
မောင်က မေ့မျော့နေဆဲပါ။ သားကို ကျွန်မပွေ့ပြီး မောင့်ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။ " မောင်... မျက်လုံး လေးဖွင့်ပြီး တစ်ချက်လောက် ပြုံးလိုက်ပါလား မောင်... မောင်ရင်ငွေ့ကို သားတစ်သက် မှတ်မိသွားစေချင်လို့ပါ" ကျွန်မအသံကြောင့်ထင်တယ် မျက်လုံးကို မောင်အားယူ ဖွင့်လိုက်တယ်... ယဲ့ယဲ့လေး ပြုံးလို့ သားကမောင့် ရင်ခွင်မှာ လက်ကလေးကို ဟိုရမ်းဒီရမ်းနဲ့... ကျွန်မ ကင်မရာ ရှပ်တာကို အမြန်ဆုံး နှိပ်ချလိုက်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလို့ လာခဲ့ပြန်ပါတော့တယ်။
နိုင်းနိုင်းစနေ
ပြီးပါပြီ
ယောက္ခမနှင့် ချွေးမကြားတွင် ဖြစ်တတ်သော ပြဿနာကြောင့် ပျက်စီးသွားသော ဖြစ်ရပ်မှန် အိမ်ထောင်ရေး ဇာတ်လမ်းတပုဒ်....."လူဒီ" ပြောပြီး "လျှင်စုရှမ်" ရေးသားကာ နိုင်းနိုင်းစနေ ဘာသာပြန်သည်။