Showing posts with label ဘာဘာညာညာ. Show all posts
Showing posts with label ဘာဘာညာညာ. Show all posts

Wednesday, June 10, 2009

ဝါသနာ

ဟုတ်ကဲ့ အမ နှင်းဆီ နက်ရဲ့ အတင်း အကျပ် စေခိုင်းမှုကြောင့် နောက်ဆုံးမှ ရေးဖို့ ကြံထားပေမယ့် အခု ရေးရပါ ပြီ ...ဟီးဟီး... ဘာဝါသနာပါလဲ.. မေးရင် အကုန်လုံးနီးပါးကို ၀ါသနာပါနေတာခက်ပါတယ်... အားကစားမှာ ဆိုရင် တော့ Basketball ၀ါသနာပါ ပါတယ် . ဆော့လဲ ဆော့ပါတယ်.. တကယ်တမ်းပြောရရင် စာကျက်တာကလွဲရင် တော်တော်များများကို ၀ါသနာပါ ပါတယ်... နောက်ပိုင်း ကြီးလာတော့ ကွန်ပျူတာကို စိတ်ဝင်တစား လေ့လာဖြစ်ပါတယ် ၀ါသနာလဲ တော်တော်ပါပါတယ် ပထမ ဆုံး ကွန်ပျူတာ ကို ၀ါသနာပါလာတာကတော့ ဂိမ်း ကြောင့်ပါ .. ကျွန်တော် ၅ တန်းလောက်တုန်းက မှ ကွန်ပျူတာ စကိုင်ဖြစ်တာပါ.. အဲတုန်းက 1995 ပေါ့ ကွန်ပျူတာ ဖွင့်ရင် ဖဲ ရိုက်တယ်. Paint မှာ ပုံဆွဲ ဒီလောက်ပါပဲ.. ဖိုဒါ တွေ ဖိုင်တွေ ကို အခုလို တခါထဲဝင်လို့ မရသေးပါဘူး လွယ်လွယ်နဲ့ MS.Dos ကို အသုံးများပါသေးတယ်.. အဲကစတယ်ဆိုပါတော့ ၀ါသနာ အပါဆုံးက တော့ ကွန်ပျူတာပါ...အဲ အမနှင်းဆီနက်လိုပဲ ဟင်းချက်တာလဲ ၀ါသနာပါပါတယ်.. မီးဖိုထဲ ရှိသမျှ အကုန်ထည့်ပြီး ချက်ပါတယ် ဟင်းတခွက်ချက်မယ်ဆို အဲတာကြောင့် အမြဲ တမ်းအရသာက ထူးနေပါတယ်(ကောင်းကောင်း မကောင်းကောင်း ထူးတော့ ထူးတာပါပဲ) ဟီးဟီး.. နောက်ပိုင်းတော့ သေသေချာချာ ချက်တတ်လာပါတယ်(ချက်တင် မဟုတ်ဖူးနော်) အခု တော့ မချက်ချင်လဲ မရတော့ပါဖူး ၀ါသနာအခံ လေးကယ်နေလို့ ပဲ နေ့ ည မှန်မှန်စားနေရ တာပေါ့.. နောက်မို့ ရင် ငတ်ပြီပဲ ချက်မစားလို့ကတော့... စေတနာရှိရင် လာချက်ပေးနော်.. အခြောက်အခြမ်း ကြော်ပြီးပို့ပေးချင်တယ်ဆိုလဲ ရပါတယ်.. ဟီးဟီး. စာအုပ်ဖတ်တာလဲ ၀ါသနာပါ ပါတယ် ဗဟုသုတ ရသ ဟာသ ၀တ္ထု အကုန်ဖတ်ပါတယ်.. မိုးအေးအေး နေ့ လေးတွေဆို စောင်ထဲက မထွက်ပဲ စာအုပ်လေး တအုပ်နဲ့ ကွေး နေရတဲ့ အရသာကို စာဖတ် ၀ါသနာပါတဲ့ သူတွေ ခံစားဖူးမှာ ပါ၊ ပြီးတော့ သူများကို နှောက်ယှက်ရတာ နဲ့ နောက် ရတာကို အလွန်မှ ၀ါသနာပါ ပါတယ်.. တချို့ ဆို စတာမခံ နိုင်တော့လို့ စိတ်ဆိုး သွားကြတာ ခနခနပါပဲ.... :D အခု တလော ၀ါသနာပါနေတာကတော့ ဓါတ်ပုံရိုက်တာ ပါပဲ.Facebook မှာတောင် Album လုပ်ပြီး ရိုက်ထားတဲ့ ပုံတွေ တင်ထားပါသေးတယ်.. ကြည့်ချင်တဲ့လူတွေ ပြောနော် လင့်ပေးမယ်. :P ..
ဘာရေးရမှန်းမသိတော့ ဖူး ဟီးး ဒီမှာပဲ ရပ်လိုက်တော့မယ်...

Monday, March 2, 2009

ကိုယ်ချစ့်တဲ့သူကို ဖွင့်ပြောဖို့ နောက်မကျပါစေနဲ့

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲအထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို့ဘ၀ကအထီးကျန်လိုက်တာ..။ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။ကောင်လေး - ဘာ game လဲ..။ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ့ပေါ့...ဘယ်လိုလဲ..။ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကိုCircusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အိုကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေးသတိမထားမိလိုက်ဘူးတဲ့..။ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကိုတောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် busအတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်းလမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီgame ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို့game ရဲ့နောက်ဆုံးနေ့လေ..။ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေးမကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။စာထဲမှာရေးထားတာကတော့........"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်းဝမ်းနည်းပက်လက်ငိုပါတော့တယ်....။"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကိုအရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgameလေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေးမင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...အရမ်းနောက်မကျသွားခင်ပေါ့.........။

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစားလိုက်ပါတယ်။အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကိုကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲအဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲသွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကိုဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကိုအိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါကဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံကအလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအိုအလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအိုပွတ်သုတ်လိုက်တယ်။အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ရှင်သန်နေရသူဖြစ်တယ်။ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီးကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေတတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကိုပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီကမန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအိုဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူအဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာရှင်သန်ခဲ့ရတယ်။အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစနေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မအရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကားနာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲသားဝင်လာခဲ့တယ်။ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်းသားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"လို့ တောင်းဆိုလိုက်တယ်။"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေသား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနနသူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"လို့ မြေးအကြီးက တောင်းဆိုတယ်။"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံကမဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလိုလုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအိုခေါင်းညိတ်မိလိုက်တယ်။ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးကတိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီးအခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကိုအော်ဟစ်လိုက်တယ်။"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကိုလွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံကပိုကျယ်လောင် နေပါတယ်။"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီညထမင်းစားရဖို့ မစဉ်းစားနဲ့တော့"အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကိုလုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကိုအသံမြင့် လှည့်ပြောလိုက်တယ်။"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်ကအရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအိုမကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်းပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့နွေးထွေးလာခဲ့ပါတယ်။

ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!


ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?""ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, February 23, 2009

စာသင်ခန်းမှာ မသင်တဲ့အရာ


၁) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။၂) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။၃) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။၎) အင်္ဂလိပ်ဘာသာက စကားလုံး အများဆုံးစာဖြစ်ပြီး အရေအတွက် ၁သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာ ရှိတယ်။၅) ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။၆) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က အရောင်ကို ပြောင်းနိုင်စွမ်းရှိသေးတယ်။၇) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှားနိုင်တယ်။၈) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာ ဆွဲခဲ့ရတယ်။၉) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်း ပိုကောင်းတယ်။၁ဝ) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက် ကြာရှည်ခံတယ်။စာသင်ခန်းထဲမှာ မသင်ခဲ့ရတော့ ဟုတ်မဟုတ် မသိဘူးးD

နိုင်းနိုင်းစနေ

Tuesday, February 3, 2009

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ PhillipMarterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ယောက်၊ အာဖရိကလူမျိုး ၈ယောက်၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးကအမေရိကားသားတွေဖြစ်တယ်။၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ၈) စာမတတ်သူ ၇ဝ ယောက်၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်၁၁) ဘွဲ့ရသူ ၁ယောက်၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီးရှင်းလင်းစွာ တွေ့နိုင်တာက....အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင်အသက်မရှင်နိုင်ခဲ့လို့ပါပဲ။အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူဖြစ်ခဲ့လို့ပါပဲ။အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေသန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ၇၅%ထက် ချမ်းသာနေလို့ပါပဲ။အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာစိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကိုအကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြောငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။နိုင်းနိုင်းစနေ ဘာသာပြန်သည်။ရေးသားသူ....... နိုင်းနိုင်းစနေ

ကံမပါရင်

ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ""မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက်ရောက်ရှိလာခြင်း ဖြစ်ပါတယ်""ဘာကျေးဇူးများလဲ""မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်းစည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေးနေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ""အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေးမရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး""ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီးသူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကိုနားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်းသူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကိုအရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင်အစွမ်းပြယ်သွားလိမ့်မယ်"နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးကနဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီးစားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကိုသွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင်ကိုယ်တိုင်သွားကောက်ပါလား""ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆိုခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား""အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာသေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကိုသေကြောင်းကြံတာလား"ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးကမအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားကဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်ကအိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။"ဘေးဖယ် ရှင်မရေ..""ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား""ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။လူတကာကို မစွပ်စွဲနဲ့""အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင်ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ""ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေးအပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ""မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲတစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကိုခွါချင်ပြီလား"အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီးအမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ"ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားကခြိမ်းခြောက်တော့တယ်။ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း..ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်"ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ""လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ""ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်""ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကားဘယ်က သင်ခဲ့တာလဲ ပြောစမ်း""ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားကကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲလိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့စမ်းကြည့်တာ""ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်းမရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီးလာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..?ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်ကသူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင်မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲပြန်ခဲ့တယ်။မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန်မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်""ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ""စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေနှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ""ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီးဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?နှုတ်ဆက်ခွင့်ရနိုင်မလဲ?လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?စကားလေး တစ်ခွန်းပါပဲ ...."တန်ဖိုးထား မြတ်နိုးပါ"တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး"တဲ့.....

Monday, January 26, 2009

Nice Joke For U

ကိုဖိုးလုံးဟာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ သူ့ကို ရာထူးလည်းမတိုးဘူး၊အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊ လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။ ဒီတော့သူ့ခမျာ စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကိုတက်ပြောမယ်လို့ဆုံးဖြတ်လိုက်ရေ
တာ့တယ်။နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး ကိုဖိုးလုံးကပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို ပြုံးပြုံးကြီးကြည့်ပြီးသူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။ ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းပြီး "ကိုဖိုးလုံး ခင်ဗျားကျုပ်တို့ရုံးမှာတစ်ရက်ပြည့်အောင်တောင် အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ"လို့ ပြောချလိုက်ပါလေရော။ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့်တော်တော်လေးအံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။မန်နေဂျာ။ ။ တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။ကိုဖိုးလုံး။ ။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံးတစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကိုအလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော်အလုပ်လုပ်ပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့တစ်နှစ်စာ ၃၆၆ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး) ၁၂၂ ရက်ရှိပါတယ်ဆရာ။မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက်ရှိပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက၁၂၂ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီးနှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ ၁၄ရက်ကိုနှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲပြော။ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။ ကိုဖိုးလုံး။ ။တစ်ရက်တိတိကျန်ပါသေးတယ်။မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာဘယ်နှရက်ကျန်သေးလဲ။ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို သဘောပေါက်သွားပါပြီ။ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော်အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ်ဆရာရယ်။တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင်ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်က တောင်အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

*ရီဝေေ၀. . . နဲ့ ချစ်မိသူ*

ပျင်းလွန်းလို့ကွန်ပျူတာရှေ့ထိုင်လိုက်သည် ဘာလုပ်ရင်ကောင်းမလဲဟိုလုပ်ဒီလုပ်နှင့်ကြာ တော့လည်းပျင်းလာသည်။ ၀က်ဆိုက်တွေလဲ ကြည့်ရတာညောင်းလာသည်။သူချက်ရွန်း ထဲဝင်လိုက်သည် အပျင်းပြေပေါ့။ သူ့နစ်နိမ်းကိုသူကြည့်ပြီးပြုံးသည်အထုတ်ရှုပ် တဲ့သူဘာ သာသူသဘောကျစွာတစ်ချက်ရယ်သည်။ချက်ရွန်းထဲမှနစ်နိမ်းတော်တော်များများကို သူလိုက် ကြည့်သည်ချက်ချင်စိတ်မရှိပျင်းဖို့ကောင်းလိုက်တာ။ ၀ါးကနဲတစ်ချက်သန်းဝေလိုက်သည် ခုမှ (၇)နာရီထိုးရုံရှိသေးသည် မအိပ်ချင်သေးအချိန်တွေကိုအိပ်စက်ချင်းနှင့်ကုန်လွန်ပစ်လိုက် ရမှာကိုသူနှမျှောသည်။ဒီအတိုင်းတော့ဘယ်ရမလဲ နည်းနည်းတော့ရှုပ်လိုက်ဦးမည် အပျင်းပြေ ပေါ့။သူနစ်နိမ်းတွေကိုလျှောက်ကြည့်ရင် နစ်တစ်ခုကိုသွားတွေ့သည် အရူမလေး တဲ့နစ်နိမ်းကိုကြည့်ပြီးသူနည်းနည်းစိတ်ဝင်စားသွားသည်။ အပျင်းပြေပေါ့ကောင်မလေးရေအထုတ်ရှုပ်နဲ့ အရုးမလေး အွန်လိုင်းတိုက်ပွဲတစ်ခုစတင် ကြရအောင်လား။နစ်နိမ်းပေါ်သို့ကလစ်တစ်ချက်ခေါက်လိုက်သည်။"ဟိုင်း'ထို့နောက်သူကပင်စတင်နှုတ်ဆက်လိုက် သည်။ တိုက်ပွဲခေါ်သံပေါ့ကောင်မလေးရေ…..သိပ်မကြာလိုက် ကွန်ပျူတာဖန်သားပြင်ပေါ်သို့စာလုံးတစ်လုံခုန်ပေါက်တက်လာသည်။"ဟိုင်း ဖရန့်'ထို့နောက်မှာတော့…"မင်းကအရူးမလေးဆိုတော့စိတ်မနှံတာလား စိတ်ရောဂါအထူကုကိုသွားလေ'"ဒါပေါ့ရှင်လူတိုင်းက တစ်ယောက်တစ်မျိုးစီရူးနေကြတာပဲသြော်ဒါနဲ့ရှင်ပုံကြည့်ရတာအဲ့ဒီ ပြန်လာပြီးပြီထင်တယ်'"ဟင့်အင်းငါက အဲ့ဒီကိုသွားစရာတောင်မလိုဘူးငါ့အတွက် ကော်ဖီကောင်းကောင်းတစ်ခွက်ရယ် စာအုပ်ကလေးတစ်အုပ်ရယ်ရှိရင်လုံလောက်ပြီ'"ဘာလဲရှင်က စာသမားပေသမားလား'"နိုး သမားဆိုတဲ့အဓိပ္ပါတယ်ကတော်တော် ကျယ်ပြန့်တယ်ကွ ငါ့ကိုယ်ငါစာသမားပေသမားလို့တော့မခ၀ံ့ယူပါဘူး ပြောချင်ရင်တစ်ခုတော့ပြောလို့ရတယ် စာဖတ်သမားလို့'"ဒါဆိုရှင်ကစာအုပ်တော်တော်များများဖတ်ဖူးတယ်ပေါ့ '"ဆိုပါတော့'"ရှင်ကဗဟုသုတ ကြွယ်မှာပေါ့နော် စာတွေများများဖတ်တယ်ဆိုတော့'"အဟား ငါမှာအကျင့်တစ်ခုရှိတယ်ကွ'"ဘာအကျင့်လဲ'"ဒီနေ့ကိစ္စတွေကို နောက်နေ့သတိမရတတ်တဲ့အကျင့်'"ဒါဆိုရှင်ကလွယ်လွယ်နဲ့ မေ့တတ်တဲ့လူစားမျိုးပေါ့'"အင်း..ငါကပေါ့ပေါ့ပါးပါး နေတတ်တဲ့လူတစ်ယောက်ပါ'ထို့နောက်သူမနဲ့ကျွန်တော်စကားနည်းနည်းပါးပါးပြောပြီးကွန်ပျူတာကိုပိတ်ကာအိပ်ပစ်လိုက် သည်။ထိုညကျမှထူးထူးဆန်းဆန်းကျွန်တော်စိတ်ရောဂါအထူးကုသို့ရောက်သွားသည်ဟု အိပ်မက်မက်သည်………………….(…………)ဘ၀ကိုအလျားလိုက်ဖြတ်သန်းရသည်မှာပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်ပုံစံခွက်တွေချကာ နေရသောဘ၀ကိုမုန်းသည်။ ၀တ်ကောင်းစားလှတွေဝတ်ကားကြီးစီးပြီးဟန်းဖုန်းကိုဟန်ပါပါ ပြောတတ်သောညဘက်ကာရာအိုကေသွားတတ်သူကိုလူကြီးလူကောင်းဟုပြောကြသည်။ကိုယ်လုပ်ချင်တာကိုလွတ်လပ်စွာလုပ်တတ် တဲ့သူကိုတော့လူကြီးစကားနားမထောင်ဘူးလူဆိုးလေးဟုသတ်မှတ်ကြသည်။ လူကြီးလူကောင်းဆိုတာဘာကိုခေါ်တာလဲ ?နံရံကိုကျောမှီထားရင်းမှသောက်လို့ကုန်သွားသောအအေးဘူးကို အမှိုက်တောင်းထဲလှမ်းပစ်ထည့်လိုက်သည်။ အအေးဘူးကအ မှိုက်တောင်းထဲ ဖုတ်ကနဲ ကျသွားသည်လူတွေပြောတဲ့စည်းကမ်းဆိုတာအမှိုက်တောင်းထဲ အမှိုက်လှမ်ပစ်ထည့်ရသလိုပါပဲ………ကွန်ပျူတာဖန်းသားပြင်ကိုကြည့်ရင်းသူရင်ခုန်နေသည် နာရီကြည့်လိုက်တော့(၇)နာရီထိုးအမှန်အတိုင်းပြောရရင် ဘာကြောင့်ရယ်မသိသူမနှင့်စကားပြောချင်မိသည် ထူးဆန်းလွန်းသည်။ ချက်ရွန်းထဲမှ အရူးမလေး ဆိုသောနစ်ကိုတွေ့လိုက်သည်နှင့် သူဖြတ်ကနဲဝမ်းသာသွားသည် ဘာကြောင့်များသူမကိုမှတ်မှတ်ရရရှိနေပါလိမ့်…ဟိုင်း"ဟိုင်း'"မင်းငါ့ကိုမှတ်မိလား'"ကျွန်မ ကလွယ်လွယ်နဲ့မေ့တတ်သူမဟုတ်ပါဘူးရှင့်'သူမစကားကြောင့်သူပြုံးမိသည် သူကောင်မလေးကိုစချင်လာသည် ထိုကြောင့်.."တစ်ခုလောက်ကူညီပါလားဗျာ'"ပြောကြည့်လေ'"မနေ့ကလမ်းသွားရင်းကျပျောက်သွားလို့ဗျာ'"ဘာလဲ'"ကောင်မလေး ငါ့အိတ်ကပ်ထဲထည့်ထားတဲ့ကောင်မလေး အဲဒါဘယ်နားထွက်ကျ သွားမှန်းမသိဘူး'"ကျပျောက်သွားတာမဖြစ်နိုင်ဘူး ရှင့်ကိုကြောက်လို့ခုန်ထွက်သွားတာပဲဖြစ်မှာ'"ခုန်ထွက်ထွက်ကျပျောက်ပျောက် ငါတော့သူ့ကိုတွေ့ချင် တယ်ကူရှာပေးပါကွာ'"ရှင်မှားနေပြီရဲစခန်းသွား ဓါတ်ပုံပြလူပျောက်ကြော်ငြာတိုင်ရမှာ'"ဟုတ်တယ် ငါလည်းသိတယ်ဒါပေမယ့်ခက်နေတာက သူ့ဓါတ်ပုံငါ့မှာမရှိဘူးပြီးတော့သူ့ကိုငါကမြင်တောင်မမြင်ဘူးဖူး'ကောင်မလေးဆီကထွက်လာတာတဲ့စကားလုံးကနှစ်လုံးတည်း"သေလိုက်…တဲ့'"စတာပါကွာငါမင်းကိုမေးစရာတစ်ခုရှိတယ်'"ဘာမေးမှာလဲ မေးလေ'"သြော် ကလေးမမှာ ချစ်သူလေးဘာလေးမျာရှိပြီလားလို့ပါ'"ဘာလုပ်ဖို့လည်းရှင်က အဲ့ဒါမေးပြီးတော့'"ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းသိချင်ရုံလေးသက်သက်ပါ ဒါပေမယ့်မင်းအဆင်မပြောလဲရပါတယ်မပြောပါနဲ့ကိစ္စမရှိပါဘူး'"ဘာလဲရှင်ကစိတ်ဆိုးတာလား'"အမ် ငါ့စကားထဲမှာစိတ်ဆိုးတယ်လို့ပါလို့လားကွ'"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ'"ဒါဆိုကျွန်မလဲမေးမယ် ရှင့်မှာရောချစ်သူတွေဘာတွေရှိပြီလား'"ဟင့်အင်းချစ်သူတော့မရှိဘူးရည်းစားတော့ ရှိတယ်'"ဟင်ရှင့်ဟာကဘယ်လိုကြီးလဲ'"ဟုတ်တယ်လေ ချစ်သူဆိုတဲ့ ဝေါဟာရနဲ့ ရည်စားဆိုတဲ့ဝေါဟာရချင်းတူမှမတူတာ လွယ်လွယ်ပြောရရင်ကွာနှလုံးသားဆိုတာကန်ထရိုက်တိုက်ကြီးတစ်ခုဆိုပါတော့သူ့မှာအခန်းလွတ် တွေအများကြီးပဲရည်းစားဆိုတာကအဲ့ဒီအထဲမှာခေတ္တ ခဏလာရောက်နေထိုင်သူပေါ့ကွာ။ ချစ်သူဆိုတာကအဲ့ဒီအခန်းတွေကို သိမ်းကြုံးပိုင်ဆိုင်သွားသူကွ'"သြော် ရှင်ကအချစ်အကြောင်းတော်တော်သိတာပဲ'"ဟာ မင်းမှားနေပြီငါကအချစ်အကြောင်နကန်းတစ်လုံးတောင်မသိသေးသူတစ်ယောက်ပါကွာငါတင်မဟုတ်ပါဘူး အချစ်အကြောင်းကိုဂဃနနသိတဲ့သိတဲ့လူတော်တော်ရှားတယ်ကွအချစ်ဆိုတာ အဖြေထုတ်ရခက်တဲ့ပုဒ်စာ တစ်ပုဒ်ပါ'"ဟုတ်ပါပြီထားပါတော့ကျွန်မအောက်တော့မယ် ကြာနေပြီ'"အိုကေ ဂွတ်နိုက်´´"သြော်ရှင့်ကိုကျွန်မပြောရဦးမယ် ကျွန်မမှာရည်းစာမရှိဘူး'သူမသည်ထိုစကားကိုပြောပြီးအောက်သွားလေတော့သည် သူရင်ခုန်သံကိုဒိန်းကနဲပြန်ကြားရသည်။ထိုညအိပ်မက်ထဲမှာကမ္ဘာအနှံရောက်ဖြစ်သည်။(…….)ဂစ်တာကြိုးကိုဒေါင်ဒေါင်ဒင်လုပ်နေမိသည် ဂစ်တာတီးဖို့လည်းစိတ်ကမပါခေါင်းထဲမှာအတွေး တစ်ခုကစိုးမိုးနေသည်။သူမကိုနာမည်ရယ်ဘယ်မှာနေတာရယ်ကိုမေးသင့်သလားထိုအရာုကသူ့ခေါင်ထဲ မှာစိုးမိုးနေသည်။သူမကိုသူ မသိ ဘယ်မှာနေတာလဲမသိ မသိခြင်းနဲ့ပဲသူရင် ခုန်နေသည်။တကယ်လို့သိသွားရင်ရောဆက်ရင်ခုန်ဦးမှာလားတစ်ခါတစ်ခါဒီအတိုင်းမသိခြင်းနဲ့ပဲရင်ခုန် နေတာကောင်းသည်။ဘ၀ဆိုသည်မှာလျှို့ဝှက်သောပုဒ်စာတစ်ပုဒ်ဖြစ်သည် ထိုပုဒ်စာကိုပင်အဖြေထုတ်ကြရင်းလူတွေသည်ဘ၀ကိုဆက်လက်ရှင်သန်သည်။ မျှော်လင့်ချက်ဆိုသည်မှာနာတာရှည်ရောဂါနှင့်တူသည်လူသည်နာတာရှည်ရောဂါကြီးကိုနှစ်နှစ်ခြိုက်ခြိုက်ထွေးပိုက်ချင် ကြသူများဖြစ်သည်။အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် သူမသည်ခုချိန်ထိဘယ်သူဘယ်ဝါဆိုတာသူမသိပါသိအောင်လည်းသူမကြိုးစားခဲ့ပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသူမ သည်သူ့ရင်ထဲသို့စူးစူးနစ်နစ်ဝင်ရောက်နေရာယူပြီးဖြစ်သည်။ အရူးမလေး နာမည်နှင့်လိုက်အောင်ပင် သူ့ကိုရူးသွပ်စေခဲ့သည်။ ခုဆိုလျှင်သူမနှင့်သိခဲ့သည်မှာတစ်နှစ်ကျော် လာပြီဖြစ်သည် သူမနှင့်ကျွန်တော် တစ်ယောက်ကိုတစ်ယောက်တွေ့ရှိမြင်ဘူးကြခြင်းမရှိကြ သေးပါ။ လိုလည်းမလိုအပ်ဟုထင်ခဲ့သောကြောင့်ဖြစ်သည်အချိန်ကြာမြင့်စွာစွဲစွဲ လန်းလန်း သတိရနေခြင်းကို အချစ်ဟုခေါ်လျှင် သူ့ရင်ထဲမှာအရူမလေးကိုချစ်မိနေပြီဖြစ်သည်။ ငါ့ရင်ထဲမှာနင့်ကိုခဂ္ဂါလို့နာမည်ပေးထားတယ်ကောင်မလေးရေ….ထက်မြက်တဲ့ဓါးသွားတစ်လက်ပေါ့အချစ် သည် ခံစားမှုနှင့်သာသက်ဆိုင်သည်ဆိုလျှင် မမြင်ရပဲနှင့်သူ ခဂ္ဂါကိုချစ်မိနေသည်မှာ ဘာဆန်း သနည်း။ အောင့်ထားလို့မရနိုင် သောအရာတွေထဲမှာအချစ်လည်းပါသည် သူအောင့်မထားနိုင်တော့ပါ ထို့ကြောင့်..ကွန်ပျုတာဖန်သားပြင်ကိုကြည့်ပြီး သူရင်တွေအရမ်းခုန်နေသည် ငါ့ကိုဘာကြောင့်များဒီလောက်ရင်ခုန်စေခဲ့ရတာလဲကောင်မလေးရယ်.."ဟိုင်း'စကားလုံးလေးတစ်လုံးကြောင့်ရင်ခုန်နှုန်းသည် ဒီလောက်မြန်သွားသင့်ပါသလား"ဟိုင်းဒီနေ့ မင်းနောက်ကျတယ် ခဂ္ဂါ'"အင်းဟုတ်တယ် အဖေခိုင်းထားတဲ့ အလုပ်ကလေးမပြတ်သေးတာနဲ့ နည်းနည်းနောက်ကျသွားတာ'"သြော် အင်း မနေ့ညကငါအိပ်မပျော်ဘူး ခဂ္ဂါ'"ဘာလို့လည်း ကြမ်းပိုးကိုက်လို့လား ခစ် ခစ် ခစ်..'"ဟုတ်ဘူး ကြွက်ကိုက်သွားတာ'"အမ် ဘယ်လို'"ဟုတ်တယ် ငါအိပ်နေတုန်းငါ့နှလုံးသားကိုကြွက်ကိုက်သွားတယ်'"အဲ့ဒါဆေးခန်းပြလေဟာ ငါ့လာပြောရလား'"အင်း….ခဂ္ဂါငါနင့်ကိုကြွက်မလေးလို့ခေါ်မယ်'"သေလိုက်'ငါခုတလော အဆင်မပြေဘူးဟယ်'"ဘာဖြစ်လို့လည်း'"မနေ့က ငါဟိုကောင်နဲ့တွေ့တယ် အဲ့ဒီ့ကောင် ငါ့ကိုမညှာမတာလုပ်ရက်တယ် ဟာ'"အမ်..ဘယ်ကောင်လဲ'"ဘယ်ကောင်ရမှာလဲ cupid လေ မြားနတ်မောင်ပေါ့ သူ့မြားကြီးနဲ့မညှာမတာငါ့ကိုလာပစ်တယ် ခုတော့နင်စဉ်းစားကြည့် ငါ့မှာမြားဆိပ်သင့် နေပြီ နင်ငါ့ကိုကူညီပါဟာ နော်'"နင်မှားနေပြီ ဆေးခန်းသွားရမှာ ဘာမှမပူပါနဲ့ဟာမကုနိုင်ရင်သေရုံပါပဲ ခစ် ခစ်ခစ်'"`ဟုတ်ဘူးဟ cupid ကပြောသွားတယ် အဲ့ဒီမြားဆိပ်ကိုကမ္ဘာပေါ်မှာနင်တစ်ယောက်တည်းဖြေနိုင်တာတဲ့'"နင်ငါ့ကိုရည်းစားစကားပြောနေတာလား'"အင်းဟုတ်တယ် ငါနင့်ကိုချစ်တယ်'"မဖြစ်နိုင်တာဟာ နင်ငါ့ကိုမြင်တောင်မမြင်ဘူးပဲနဲ့'"နိုး…..အချစ်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ မပါဘူးလေ ခံစားချက်သက်သက်ပဲ အချစ်ဆိုတာရင်ခုန်သံနဲ့ပဲဆိုင်တယ်'ထို့နောက်အတန်ကြာသူရောသူမပါ တိတ်ဆိတ်သွားကြသည်…….."ဟုတ်ပြီလေထားပါတော့ ဒါပေမယ့် မိန်ကလေးတစ်ယောက်အတွက်တော့ ဒါသေချာစဉ်းစားရမယ့်ကိစ္စလေ နင်ငါ့ကိုအွန်လိုင်းပေါ်မှာပြောတာထက် အပြင်မှာပြောရင်ပိုကောင်းမယ်ထင်တယ်'"အိုကေလေ ဒါဆိုငါတို့တွေ့ဖို့လိုအပ်လာပြီပေါ့'"အင်းပေါ့ဒီလိုပဲလုပ်ရတော့မှာပေါ့'"အင်းဒါဆိုဘယ်မှာတွေ့ကြမလဲ'"…………………………………'"အိုကေ ဒါဆိုငါတို့အဲ့ဒီ့မှာတွေ့ကြတာပေါ့'"အင်းပေါ့ ငါအောက်တော့မယ် အထုပ်ရှုပ် အိပ်မက်လှလှ မက်ပါစေ'အိပ်မက်တွေကတော့ လှမှာကြိမ်းသေပါတယ် ကောင်မလေးရယ် အချစ်ဆိုတာ ရင်ခုန်သံခြင်းနှီးနှောကြတာပါ။(………….)စောစောစီးစီးနိုးလာသော သူ့ကိုမြင်တော့မေမေ ကတအံတသြ နဲ့ကြည့်သည် ပြီးတော့ဒီနေ့တော့ကြားသားမိုးကြိုးပါလားဟေ့ ငါ့သားအစောကြီးနိုးတယ်ဟေ့ ဟုအော်ပြောသည်။လေလေး တချွန်ချွန်နှင့် ရေကိုစိမ်ချိုးပစ်လိုက်သည် ပြီးတော့အ၀တ်အစားလဲကျောပိုးအိတ်ကိုလွယ်ကာကားဂိတ်သို့ထွက်ခဲ့သည်။ကားဂိတ်ရောက်ကားကသိပ်မစောင့်လိုက်ရအဆင်သင့်ပင်တွေ့ရသည်ဘတ်စ်ကားကတော့ ရိုးရာမပျက်လူတွေပြည့်ကျပ်ညပ်နေသည်။ နေရာလေးတစ်နေရာစာရဖို့တိုးဝှေ့နေကြသောလူတွေကိုကြည့်ကာသူရယ်ချင်သည်။ သြော်ကိုယ့်အတ္တအတွက် တခြားလူကိုတောင်ဂရုမစိုက်နိုင်ကြတော့။ အင်းလေလူဘာဆိုမှ အတ္တတော့ ဘယ်ကင်းနိုင်ပါ့မလဲ။သူဆင်းရမည့်မှတ်တိုင် ရောက်တော့ နာရီကိုတစ်ချက်ကြည့်သည် ၉ နာရီ ထိုးဖို့၁၀မိနစ် ကားပေါ်ကဆင်းလိုက်သည်။ သူချိန်း သည့်ဆိုင်ရောက်ဖို့ကနည်းနည်းတော့လျှောက်ရဦးမည် နောက် ၅ မိနစ်ပေါ့။ သူမနှင့်တွေ့ဖို့ကိုကော်ဖီဆိုင်တစ်ဆိုင်မှာချိန်းထားသည် ၉ နာရီထိုးတွေ့ကြမည်။သူမချိန်းသည့်ဆိုင်ရောက်ဖို့ကားလမ်းတစ်ခုသာခြားတော့သည် ဒီကားလမ်းကူးပြီးတာနဲ့မင်းနဲ့ငါ တွေ့ရတော့ မှာပါခဂ္ဂါ ရယ။ သူမနှင့်တွေ့လျှင်တော့မြားဆိပ်သင့်နေတဲ့ငါ့နှလုံးသားကို အဆိပ်ဖြေ ပေးပါခဂ္ဂါရယ် ပေါ့ ဒါမှမဟုတ်မင်းကိုက်သွားတဲ့ငါ့နှလုံးသား အကောင်းအတိုင်းဖြစ်အောင်ပြန်လုပ်ပေးပါပေါ့…..ကိုယ့်အတွေးနဲ့ကိုယ့်ပျော်မြူးနေမိသည်။ ငါလာပြီကြွက်မလေးရေ …လမ်းကိုဖြတ်ကူလိုက်သည် ကားတွေကတဆိတ်ရှုပ်လွန်းလှသည်…၀ုန်းကနဲအသံနှင့် အတူသူလွင့်ပျံထွက်သွားသည်စူးနင့်သောဝေဒနာတစ်ရပ်ကိုပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်သူခေါင်းတစ်ခုလုံးမူးဝေနောက်ကျိလျှက် နားထဲကလေတွေတဟူးဟူးထွက်နေသည်ငါအရောက်လာခဲ့တယ်နော်ခဂ္ဂါ ဒါပေမယ့် နင့်ဆီတော့ ငါရောက်မလာနိုင်တော့ဘူးခဂ္ဂါရယ်..ငါလေ နင့်ကို………အ ………ရမ်း……….ချစ်……..တယ်……ထို့နောက် သူအသိတွေ မှောင်အတိကျသွားသည်………….(……..)"ကောင်လေးကငယ်ငယ်လေးရှိသေးတယ် သနားပါတယ် ဟယ် ""ပွဲချင်းပြီးပဲနော် ""အေးဟယ် ကားသမားတွေကလည်းအရမ်းမောင်းတာကို"လူတွေရုတ်ရုတရုတ်ရုတ် နှင့်တစ်ယောက်တစ်ပေါက်ပြော နေကြသောစကားတွေကြောင့် လှမ်းကြည့်လိုက်တော့ လူတစ်ယောက်ကိုကားတိုက်သွားခြင်းဖြစ်သည်။သူမရင်ထဲနမိတ်မကောင်းသလိုခံစားလိုက်ရသည်။ သူရောက်နေပြီလားမသိဆိုင်ထဲဝင်စောင့်နေတာကောင်းပါတယ် လေ။ သူမစဉ်းစားပြီးဆိုင်ထဲဝင်လာခဲ့သည်ကော်ဖီနှစ်ခွက်မှာလိုက်သည် တစ်ခွက်ကသူမအတွက်တစ်ခွက် ကအထုပ်ရှုပ်အတွက် တကယ်လို့သူကချစ်လားလို့မေးလာခဲ့ရင်ဘယ်လိုဖြေမလဲထိုအကြောင်းအရာကိုတွေးမိတော့သူမရင်ထဲရှက်ရွံသွားသည်ပါးပြင်ကပန်းနုရောင်သန်းသွားသည် နာရီကြည့်လိုက်တော့ ၉ နာရီ ၁၀မိနစ် သူဘာလို့နောက်ကျနေတာပါလိမ့် ဟင်းလာတော့မှတွေ့မယ်အထုတ်ရှုပ် နင်ဟာလေ ဘာ ကိုမှအလေးအနက်မထားဘူးဆိုတာတကယ်ဖြစ်မယ်။'အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် ကော်ဖီဆိုင်ထဲမှာတော့ကောင်မလေးတစ်ယောက်နှင့် ကော်ဖီနှစ်ခွက် ကော်ဖီနှစ်ခွက်လုံးကအရာမယွင်းသေးကော်ဖီဆိုင်ကထွက်လာသော တေးသွားက လွမ်းမောဖွယ် ကောင်မလေးကအပြင်ကိုတွေတွေငေးငေးလေးကြည့်နေသည် အတန်ကြာတော့ မှသက်ပြင်းကို ဟူးကနဲမှုတ်ထုတ်လိုက်သည်။"နင်ဟာလွယ်လွယ်နဲ့မေ့တတ်သူတစ်ယောက်ဆို တာတကယ်ကိုး " ဟုတိုးတိုးလေးရေရွတ်သည်။ကော်ဖီနှစ်ခွက် အတွက်ပိုက်ဆံကိုရှင်းခဲ့ကာ ထွက်သွားသည် သေချာကြည့်မည်ဆိုလျှင်မျက်ရည်ကြည်များလဲံ့နေသောကောင်မလေး၏မျက်ဝန်းကို တွေ့နိုင်သည်။ကောင်မလေး၏ရင်ထဲမှာဘာရှိခဲ့သနည်း……………..............................................

Smoking!!

ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ သိလည်း မသိသလို နေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။"ဆေးလိပ်သောက်လို့ ကောင်းလား" မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။"မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး""ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ""နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး"သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို အသိပေးသလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နှုးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။"ဘာလို့ တိတ်ဆိတ်နေရတာလဲ""ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား""သောက်.. သောက်.. တယ်" လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။"တစ်လိပ်ထဲပါ.. မလိမ်ပါဘူး""ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား"ကြည်နှုးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက် ပျက်ပြီပေါ့။"ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ""ကျွန်မက ရှင့်အတွက် ပြောနေတာ။ ဒါကို ရှင်သိလား"သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။"ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့"သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ် ဆေးတွေ သူ့အတွက် ၀ယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။"ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ""မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလို လုပ်ဖူးလို့လဲ"သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။"အသုံးဝင်မယ် ထင်လို့ပါ""ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ""ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ""အတတ်နိုင်ဆုံး ဖြတ်နေတာပဲ" သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။"ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး" ပြောရင်း သူမ ငိုတယ်။"မငိုပါနဲ့... ကွာ"တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း...."ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်"ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။အလုပ်ထဲမှာပဲ သူ့ဘ၀ကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခု လိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။သူမ ဆေးလိပ်စသောက်နေမိပြီ။ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။"ဆေးလိပ်သောက်တယ်" အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။"အင်း.. သောက်ပါဦး""တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ""အော်.. ဘယ်တုန်းကလဲ" သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။"နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်"သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။"ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ""နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်""သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား"သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။"မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့"သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား... ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။"ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ"သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။"ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ"သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။

Saturday, January 17, 2009

ဖတ်ကြည့်ပါ

> ရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။> သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။>>> နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး ....>> ဘုရားသခင် မတရားဘူး....>> လို့  အော်ဟစ်ပါတော့တယ်။> ..........................................> အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။> ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။> နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။> .................................. ......> ဟိုမှာကြည့်စမ်း။> နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။> ...................................> ကြည့်စမ်း။> နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲလိုက်မိတယ်၊ ခိုးမှု ဝှက်မှု ရာဇဝတ်မှုတွေ ၊ သောင်းကျန်းပုန်ကန်မှုတွေ ဖြစ်နေရတာတွေဟာ တိုင်းပြည်ပျက်လု မတတ်ပဲ ။အဲဒါ နင်လုပ်ခဲ့တာတွေ ၊ အဲဒီလူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခရောက်ခဲ့ ရပြီး ကျဆင်းခဲ့ရတဲ့ ချွေးတွေ သွေးတွေ ၊ မျက်ရည်ပေါက်တွေအတွက် နင့်ကို အပြစ်တင်ရမှာပဲ။> .................................> လူယုတ်မာ။ နင်ရေးခဲ့တဲ့ စာတွေကြောင့် လူသားတွေ ဘယ်လောက် ပျက်စီးဒုက္ခရောက်ခဲ့ ၊ ခံစားခဲ့ရတာကို နင်မြင်ပြီလား၊ နင် ဘုရားသခင်ကို မထီမဲ့ မြင် ပြုဝံ့သေးသလား ။ ကဲ .. ။ အဲဒီအပြစ်တွေ ကျေအောင် နင်ဆက်ပြီး ငရဲခံပေအုံးတော့ ဆိုပြီး ငရဲသူမကလေးဟာ ငရဲအိုးကြီးရဲ့  အဖုံးကို ဂျိမ်းကနဲ ပိတ်ချလိုက်ပါသတဲ့ ။

Email မှ တဆင့်ရသော ပုံပြင်လေး ပါ။

EQ or IQ

EQ လား IQ လားလူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။ ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခ့ရဲ သည်။ (EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် - (၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation) (၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control) (၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline) (၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion) (၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise) (၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။ သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။ နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။ ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။ နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခ့သဲူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။ ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။ နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခ့လျှဲင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။ နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် ……………. (၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။ (၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။ (၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။ (၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။ (၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။ (၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။ (၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။ (၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။ (၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။ ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။ မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။ လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။ သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။ လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။

Monday, December 1, 2008

I CAN READ IT! CAN YOU

fi yuo cna raed tihs, yuo hvae a sgtrane mnid too. Cna yuo raed tihs? Olny 55 plepoe can. i cdnuolt blveiee taht I cluod aulaclty uesdnatnrd waht I was rdanieg. The phaonmneal pweor of the hmuan mnid, aoccdrnig to a rscheearch at Cmabrigde Uinervtisy, it dseno't mtaetr in waht oerdr the ltteres in a wrod are, the olny iproamtnt tihng is taht the frsit and lsat ltteer be in the rghit pclae. The rset can be a taotl mses and you can sitll raed it whotuit a pboerlm. Tihs is bcuseae the huamn mnid deos not raed ervey lteter by istlef, but the wrod as a wlohe. Azanmig huh? yaeh and I awlyas tghuhot slpeling was ipmorantt! if you can raed tihs forwrad it.

Saturday, November 29, 2008

Hope to survive the world with "HAPPINESS"

သင် ဒီနေ့ စိတ်ညစ်နေသလား။လောကသည် နေတတ်လျှင် ပျော်စရာအကောင်းဆုံး အရပ်ဖြစ်သည်။သင့်မှာ ပိုက်ဆံမရှိတော့လို့လား။ ကိစ္စမရှိပါ။ပတ်ဝန်းကျင်၌ အခမဲ့ဝင်၍ရသော ပန်းခြံများရှိသည်။တစ်ယောက်တည်းထိုင်လျှင်လည်း သင့်တော်သော နှစ်ယောက်ထိုင်ခုံတန်းလျှားတွေရှိသည်။အခမဲ့နမ်းဆွတ်နိုင်သော ရောင်စုံပန်းပင်တွေရှိသည်။အခါမလပ်နားဆင်နိုင်သော ကျေးငှက်တို့၏ တေးသံစဉ်ချိုတွေရှိသည်။ရေကန်နှင့် အနီးဆုံးအပိုင်းတွင်ထိုင်၍ လတ်ဆတ်သော လေကိုရှုသွင်းပါ။သင့်တစ်ကိုယ်လုံး လတ်ဆတ်၍ နှလုံးသားလည်း ကြည်လင်လာလိမ့်မည်။သဲသောင်ပြင်ပေါ်တွင် ခရုတွေကောက်၍ ပျော်နေလျှင်လည်းရသည်။တောင်ကုန်းတစ်ခုပေါ်တက်၍ တိမ်တွေကို ငေးမောရင်း ပျော်နေလျှင်လည်းရသည်။လမ်းမတွေပေါ်လျှောက်၍ လူတွေကို နုတ်ဆက်ရင်း ပျော်နေလျှင်လည်းရသည်။မိုးအေးအေး အိပ်ယာထဲကွေး၍ ပျော်နေလျှင်လည်းရသည်။ဧည့်ခန်းထဲမှာ Hotel California သီချင်းနားထောင်၍ ပျော်နေလျှင်လည်းရသည်။ဘုရားခန်းထဲ၌ ရှင်တော်ကို ဖူးမြော်၍ ပျော်နေလျှင်လည်းရသည်။သင့်တွင် ကဗျာရေးတတ်သော နှလုံးသားတစ်စုံရှိနေလျှင်တော့ ပို၍ပျော်ဖို့ကောင်းသည်။ပျော်ရွှင်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။လွမ်းမောစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ကြည်နူးစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။စိတ်ညစ်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ခြောက်ခြားစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ပိုင်ဆိုင်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ဆုံးရှုံးစရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ချစ်သူတွေအကြောင်း ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။မုန်းသူတွေအကြောင်း ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။ကဲ ပျော်စရာမကောင်းဘူးလား။သူကတော့ ခပ်ချောချောကောင်မလေးတွေမရှိလည်း ရွက်ကြမ်းရေချိုလေးတွေကိုကြည့်၍ ပျော်သည်။ပွေ့ဖက်စရာ ချစ်သူတစ်ယောက်မရှိလည်း ခွေးဝဲစားတစ်ကောင်ကို နမ်းရှုံ့၍ ပျော်သည်။ခွေးကလှမ်းကိုက်လိုက်ရင်လည်း ကျားတစ်ကောင်မဟုတ်၍ ပျော်သည်။သူကတော့ ခေတ်မကောင်းလို့ စီးပွါးပျက်ရင်လည်း အလုပ်မလုပ်ရ၍ ပျော်သည်။ပိုက်ဆံတွေ မရှိတော့ရင်လည်း လမ်းဘေးကဆေးလိပ်တိုတွေ ကောက်သောက်ရ၍ ပျော်သည်။စားစရာတွေ မရှိတော့ရင်လည်း ဥပုဒ်သီလဆောက်တည်နေရ၍ ပျော်သည်။ဝတ်စရာတွေ မရှိတော့ရင်လည်း သဘာဝအတိုင်း နေနေရ၍ ပျော်သည်။နေစရာအိမ် မရှိတော့ရင်လည်း ဇရပ်တွေပေါ် အစုံလှည့်အိပ်ရ၍ ပျော်သည်။လူတွေက မရှိခိုးနိုး သူခိုးတစ်ယောက်ဟု စွပ်စွဲလျှင်လည်း သူခိုးဖြစ်မနေ၍ ပျော်သည်။လူတွေက မလှစုန်းမျိုး သူရဲတစ်ကောင်ဟု စွပ်စွဲလျှင်လည်း သူရဲထက်လှနေသေး၍ ပျော်သည်။သူကတော့ အမြင့်ကပြုတ်ကျခဲ့ရင်တောင် ငှက်တွေလိုပျံဖူးလို့ ပျော်သည်။မတော်တဆ ကားတိုက်ခံရလျှင်လည်း ဆေးရုံမှာအေးဆေးစွာ နေရမည့်အတွက် ပျော်သည်။ခြေတစ်ဖက်ဖြတ်ပြစ်ရလျှင်လည်း မဟော်ဂနီရောင် ချိုင်းထောက်တစ်ခုပိုင်ဆိုင်ရမည့်အတွက် ပျော်သည်။လက်တစ်ဖက်မရှိတော့လျှင်လည်း ခန္ဓာကိုယ် ပေါ့သွားသည့်အတွက် ပျော်သည်။အသက်တွေကြီးလို့ ရောဂါတွေစုံလင်နေလည်း နိမိတ်ကြီးလေးပါးမှ တစ်ပါးထပ်ရ၍ ပျော်သည်။ပြုစုမယ့်သူတွေ ရှိမနေလည်း သူများကို မှီခိုမနေရ၍ ပျော်သည်။နောက်ဆုံး သူသေသွားခဲ့ရင်တောင် ထပ်မံရရှိမည့် ဘ၀တစ်ခုအတွက် ပျော်သည်။နောင်ဘ၀ လူပြန်မဖြစ်ခဲ့ရင်တောင် မ၀တ်ဖူးသေးသည့် ကိုယ်ကျပ်ဝတ်စုံအရေပြားအသစ်တစ်ခုအတွက် ပျော်သည်။နောင်ဘ၀ ငရဲကိုရောက်ခဲ့ရင်တောင် မခံစားဘူးသေးသည့် အတွေ့အကြုံသစ်များအတွက် ပျော်သည်။ယုတ်စွအဆုံး ဘာမှပြန်မဖြစ်ပဲ ထာဝရပျောက်ဆုံးသွားခဲ့ရင်တောင်ပျော်ရွှင်စွာနေခဲ့ရခြင်းများအတွက် ပျော်သည်။

တစ်စုံတစ်ယောက်

သင်ဟာ တစ်စုံတစ်ယေက်အတွက် အရာရာတိုင်းဖြစ်နေနိုင်တယ်အခု ဒီစာကို ဖတ်နေတဲ့ အချိန်အတွင်းမှာပဲ-----------
တစ်စုံတစ်ယောက်ဟာသင့်ကြောင့် ဂုဏ်ယူရတယ်
တစ်စုံတစ်ယောက်ဟာသင့်အကြောင်းကို တွေးတောနေတယ်
တစ်စုံတစ်ယောက်ဟာသင့်ကို အရမ်းဂရုစိုက်တယ်
တစ်စုံတစ်ယောက်ကသင့်ကို သိပ်လွမ်းနေတယ
်တစ်စုံတစ်ယောက်ကသင်နဲ့ စကားတွေ ပြောချင်နေတယ်
တစ်စုံတစ်ယောက်ကသင်နဲ့အတူ ရှိနေချင်တယ်
တစ်စုံတစ်ယောက်ကသင့်ကို ဘေးမတွေ့ဖို့ မျှော်လင့်နေတယ်
်တစ်စုံတစ်ယောက်ကသင်ရဲ့ အထောက်အပံ့တွေကိုကျေးဇူးတင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်ရဲ့လက်ကို ဆုပ်ကိုင်ထားချင်နေတယ်
်တစ်စုံတစ်ယောက်ကသင့်အတွက် အရာရာကိုအဆင်ပြေစေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ကို ပျော်ရွှင်စေချင်တယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူတို့ကို ရှာဖွေတွေ့ရှိစေချင်တယ်
တစ်စုံတစ်ယောက်ကသင့်ရဲ့ အောင်မြင်မှုတွေကိုကျင်းပပေးနေတယ်
်တစ်စုံတစ်ယေက်ကသင့်ကို လက်ဆောင်တွေပေးချင်နေတယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့အတွက် လက်ဆောင်တစ်ခုပဲလို့မှတ်ယူနေတယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့အပေါ်မှာ မအေးစက်လွန်း မနွေးထွေးလွန်းဖို့မျှော်လင့်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို ပွေ့ဖက်ချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို ချစ်နေတယ်
တစ်စုံတစ်ယောက်ဟာသူ့ကို လက်ဆောင်တစ်ခုပေးစေချင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်ရဲ့ အားသာချက်တွေကို အားကျနေတယ်တစ်စုံတစ်ယောက်ဟာသင့်အကြောင်းတွေးပြီး ပြုံးနေတယ်
တစ်စုံတစ်ယောက်ကသင်ငိုကြွေးဖို့ ပခုံးတစ်စုံဖြစ်ချင်နေတယ်
်တစ်စုံတစ်ယောက်ကသင်နဲ့အတူ လျှောက်လည်ပြီးပျော်ပျော်ရွှင်ရွှ့င် နေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ရဲ့ ကမ္ဘာကြီး ကိုစဉ်းစားနေတယ်
်တစ်စုံတစ်ယေက်ကသင့်ကို ကာကွယ်ပေးချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကို တစ်စုံတစ်ခု လုပ်ပေးချင်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကို ခွင့်လွတ်စေချင်တယ်တစ်စုံတစ်ယောက်ကသင့်ရဲ့ ခွင့်လွတ်မှုတွေကိုကျေးဇူးတင်နေတယ်
်တစ်စုံတစ်ယောက်ဟာသင့်နဲ့အတူ အတိတ်ကိုပြန်တွေးပြီးရယ်မောချင်နေတယ်
တစ်စုံတစ်ယောက်ကသင့်ကိုသတိရပြီးသင့်ကို သူရှိတဲ့နေရာမှာ ရှိနေစေချင်တယ်
်တစ်စုံတစ်ယောက်ကသင့်ရဲ့အချစ်ဟာ ချွင်းချက်မရှိဖြစ်တယ်ဆိုတာသိုလိုနေတယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ အကြံဥာဏ်တွေလို လေးစားတယ်
တစ်စုံတစ်ယောက်ကသူဟာသင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်းပြောပြချင်နေတယ်
တစ်စုံတစ်ယေက်ကသင်နဲ့အတူ ရှေးဟောင်းရုပ်ရှင်ကားတွေကိုအတူကြည့်ချင်တယ်
တစ်စုံတစ်ယောက်ကသူ့ရဲ့ အိပ်မက်တွေကို သင်နဲ့အတူ ခံစားချင်တယ်
တစ်စုံတစ်ယောက်ကသင့်ကို သူ့ရင်ခွင်ထဲ ထည့်ထားချင်တယ်
်တစ်စုံတစ်ယေက်ကတော့သင့်ရင်ခွင်ထဲမှာ သူ့ကို ပွေ့ထားစေချင်တယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ စိတ်ဓါတ်ကို တန်းဘိုးထားတယ်
တစ်စုံတစ်ယေက်ကသင့်ကြောင့် အချိန်တွေကုန်တာကိုတားဆီးနိုင်ပါစေလို့ဆုတောင်းနေတယ်
တစ်စုံတစ်ယေက်ကသင်နဲ့တွေ့ဖို့ စောင့်မနေချင်တော့ဘူး
တစ်စုံတစ်ယေက်ကသင်ဟာ သင်ဖြစ်နေတဲ့အတွက်ကြောင့်ကိုသင့်ကို ချစ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကြောင့် ခံစားနေရတယ်
်တစ်စုံတစ်ယောက်ကသင့်ကို သတိရစေတဲ့ သီချင်းတစ်ပုဒ်ကိုနားဆင်နေတယ်
တစ်စုံတစ်ယောက်ကသူဟာ သင့်အတွက်အမြဲရှိနေကြောင်းသင့်ကို သိစေချင်တယ်
တစ်စုံတစ်ယောက်ကသင်ဟာ သူ့ သူငယ်ချင်းဖြစ်နေလို့ပျော်ရွှင် ၀မ်းသာနေတယ်
်တစ်စုံတစ်ယောက်ဟာသင့် သူငယ်ချင်း ဖြစ်ချင်နေတယ်
တစ်စုံတစ်ယောက်ဟာသင့်အကြောင်းကိုညလုံးပေါက် တွေးနေမိတယ်
တစ်စုံတစ်ယေက်ဟာသင့်ကြောင့် အသက်ရှင်နေတယ်တစ်စုံတစ်ယေက်ကသင်ဟာ ဒါတွေကို သတိပြုမိဖို့ဆုတောင်းနေတယ်တစ်စုံတစ်ယေက်ကသင်ဟာ ပိုတော် ပိုကောင်းလာတယ်ဆိုတာသင့်ကို သိစေချင်နေတယ်
တစ်စုံတစ်ယေက်ကသင်ဟာ သူ့ရဲ့ စိတ်တူကိုယ်တူ ကြင်ဖော်ဖြစ်မယ်လို့ယုံကြည်နေတယ်
တစ်စုံတစ်ယေက်ကသင့်အနားမှာ ရှိနေချင်တယ်
တစ်စုံတစ်ယေက်ဟာသင့်ရဲ့ စောင်မကြည့်ရှုမှုနဲ့ အကြံဥာဏ်တွေကိုလွမ်းဆွတ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုနဲ့အကြံဥာဏ်တွေကို တန်ဘိုးထားတယ်
တစ်စုံတစ်ယောက်ကသင့်အပေါ်မှာ သစ္စာရှိတယ်
တစ်စုံတစ်ယေက်ကဟာသင့်ကို အကြွင်းမဲ့ ယုံကြည်တယ်
တစ်စုံတစ်ယေက်ကဒီစာကို သူ့ဆီပို့စေချင်နေတယ်
်တစ်စုံတစ်ယေက်ကသင့်ရဲ့ ထောက်ပံ့မှုကို လိုအပ်နေတယ်
တစ်စုံတစ်ယောက်ကသင့်ရဲ့ သစ္စာရှိမှုကို လိုအပ်နေတယ်
တစ်စုံတစ်ယေက်ကသင့်ကို သူငယ်ချင်းအဖြစ် ဆက်ရှိနေစေချင်တယ်
တစ်စုံတစ်ယေက်ကသင်ဒီစာကို ဖတ်နေချိန်မှာ ငိုကြွေးနေလိမ့်မယ်
သင့်မှာ အဲဒီ တစ်စုံတစ်ယေက် ရှိနေနိုင်သလိုသင်ကိုယ်တိုင်ကလည်း တစ်စုံတစ်ယေက် ဖြစ်နေနိုင်တယ်

Thursday, November 20, 2008

"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲကတစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီးအစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီးပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုကခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။ ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့အကြောင်းထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်းရင်ဆိုင်ရတော့မှာ ပါလား။ တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကိုစီစဉ်ရတော့တယ်။ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေစိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ်ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက်ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲကတစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့စကားပါ။ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့နီးစပ်မှုရှိပါတယ်။"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ""If you are neutral in a situation of injustice,you have chosen to side with the oppressor."(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)

Here are a few reasons why guys like girls

1. They will always smell good even if its just shampoo 2
. The way their heads always find the right spot on our shoulder
3. How cute they look when they sleep
4. The ease in which they fit into our arms
5. The way they kiss you and all of a sudden everything is right in the world
6. How cute they are when they eat
7. The way they take hours to get dressed but in the end it makes it all worth while
8. Because they are always warm even when its minus 30 outside
9. The way they look good no matter what they wear
10. The way they fish for compliments even though you both know that you think she's the most beautiful thing on this earth
11. How cute they are when they argue
12. The way her hand always finds yours
13. The way they smile
14. The way you feel when you see their name on the call ID after you just had a big fight
15. The way she says 'lets not fight anymore' even though you know that an hour later....
16. The way they kiss when you do something nice for them
17. The way they kiss you when you say 'I love you'
18. Actually ... just the way they kiss you...
19. The way they fall into your arms when they cry
20. Then the way they apologize for crying over something that silly
21. The way they hit you and expect it to hurt
22. Then the way they apologize when it does hurt. (even though we don't admit it)!
23. The way they say 'I miss you'
24. The way you miss them
25.The way their tears make you want to change the world so that it doesn't hurt her anymore..... Yet regardless if you love them, hate them, wish they would die or know that you would die without them ... it matters not. Because once in your life, whatever they were to the world they become everything to you. When you look them in the eyes, traveling to the depths of their souls and you say a million things without trace of a sound, you know that your own life is inevitable consumed within the rhythmic beatings of her very heart. We love them for a million reasons, No paper would do it justice. It is a thing not of the mind but of the heart. A feeling.Only felt.

Statement of Love

Article 1: Statement of Love: The Kiss
1. Kiss on the hand I adore you
2. Kiss on the cheek I just want to be friends
3. Kiss on the neck I want you
4. Kiss on the lips I love you
5. Kiss on the ears I am just playing
6. Kiss anywhere else lets not get carried away
7. Look in your eyes kiss me
8. Playing with your hair I can't live without you
9. Hand on your waist I love you to much to let you go
Article 2: The Three Steps
1. Girls: If any guys gets fresh with you, slap him.
2. Guys If any girl slaps you, her intentions are still good.
3. Guys & Girls Close your eyes when kissing, it is rude to stare.
Article 3: The Commandments
1. Thou shall not squeeze too hard.
2. Thou shall not ask for a kiss, but take one.
3. Thou shall kiss at every opportunity. * Remember * A peach is a peach A plum is a plum, A kiss isn't a kiss Without some tongue. So open up your mouth close your eyes, and give your tongue some exercise!!!

ဘဲနင်းမိသူ

"ဘဲ"နင်းမိသူလူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။တစ်ခုတော့မှာချင်တယ် ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…ဒါပေမယ့်…"ဘဲ"တွေကိုတက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"တွေကိုဖွေးဖွေးလှုပ်မြင်ရတာအံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် "ဘဲ"တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး "ကဲ…ဘဲကိုတက်နင်းမိသူမောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်စေသတည်းတဲ့"။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က "ဘဲ"ကိုနင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။"ဘဲ"မနင်းမိအောင်အရမ်းကိုဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကိုခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကိုမေးလိုက်တယ်…"အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်ထိုက်တန်ရပါသလဲ"။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…"ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေးသတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ"..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"နင်းမိသူတွေထဲကချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။

ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ?

ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ၁။ အိမ်ယာနိုးနိုးချင်း ဆက်တက်သူအချစ်နဲ. ပတ်သက်လာရင် သင်ဟာ အရင် လူပ်ရှားတက်သူဖြစ်သည်။ သင်ဟာအခွင်.အရေးကောင်းနဲ. ကြုံ၇င် လက်မလွတ်တက်သူဖြစ်တယ်။ အချစ်စစ်သူရဲကောင်းအမျိုးအစား ဖြစ်တယ်။ အချစ်အတွက် ပျော်ပျော်ကြီးစွန်.လွတ်အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးပဲ ပေးဆပ်သူ၊ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုံ.ပြန်မူမရလည်းအပြစ်မတင်တက်သူဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတက်ပေမဲ. အကြံတစ်ခုတော.ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ. သင်.ရဲ. ကြင်နာ ယုယမူတွေဟာ ချစ်သူအတွက်အကျင်. မဖြစ်သွားစေပါနဲ.။ ချစ်သူဆိုတာ နှစ်ဦးနှစ်ဖတ် အပေးအညီမျှဖို.လိုတယ်။ သင်.အတွက် အလိုက်ဖက်ဆုံး လူဟာလဲ သင်.ကိုချစ်ခင်ကြင်နာတဲ.သူ၊ သင်.ကိုတန်ဖိုးထားသူပဲ ဖြစ်သင်.ပါတယ်။၂။ လမ်းပေါ်မှာ ဆက်တက်သူအချစ်ကြောင်. အရသာ မပျက်တက်သူ၊ ဘ၀မှာ ပျော်ပျော်နေတက်သူ ဖြစ်ပြီးအချစ်မရှားသူ ဖြစ်တယ်။ ဘ၀ရဲ. ထောင်.တစ်နေရာရာ ကနေ ကိုယ်.အတွက်ပျော်ရွင်မူကို ရှာတက်သူဖြစ်ပြီး နှစ်ဦး နှစ်ဖက် ရဲ. အပြောအဆိုကိုအလွန်ဂရုစိုက်တက်ဘူဖြစ်တယ်။ ချစ်သူဘာကို အလိုရှိသလဲ ဆိုတာသင်သိသင်.ဖို.အတွက် အကြံတစ်ခုပေးချင်ပါတယ်။ သင်ဟာ စန်းပွင်.သူဖြစ်ပေမဲ.တစ်ယောက်တည်း ကိုပဲ သတ်သတ်မှတ်မှတ် ချစ်တဲ. အချစ်ကမှ သင်.နဲ. အသင်.တော်ဆုံးဖြစ်တယ်။ ဘာဖြစ်လို.လဲဆိုတော. သင်.ရဲ.စိတ် တစ်စိတ်ထဲနဲ. လူအများကိုခွဲဝေပေးဖို. မဖြစ်နိုင်လို.ပါပဲ။၃။ အလုပ်ချိန်မှာ ဆက်တက်သူသင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ် မဆန်သလို နားဝင်ချိုတဲ. စကားကိုလည်းပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘ၀ရဲ. တစ်စိတ်တစ်ဒေသလို. ထင်သူဖြစ်သည်။သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင်. ခေါင်းမစားသူဖြစ်တယ်။သင်.အတွက်အကြံက အချစ်ကို သင်စတင်တော.မယ်ဆိုရင် သူငယ်ချင်းအဆင်.ကနေတဖြည်းဖြည်း စတင်တာဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ. သူငယ်ချင်းအဆင်.ပဲရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ.တော. မရပ်ဆဲမိဖို. လိုလိမ်.မယ်။၎။ အိပ်ယာမ၀င်ခင် ဆက်တက်သူသင်ဟာ အချစ်ရဲ ကျွေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ ချစ်သူကသင်.အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ. သင်ဟာ သူ.အပေါ် ဆယ်ဆပြန်ကောင်းလိုက်တက်တယ်။ ချစ်သူအလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ. သင်ကဘာမဆို အားလုံးအိုကေ စေရမယ်ဆိုတဲ. အစားမျိုးဖြစ်တယ်။ သင်.ကို အကြံတစ်ခုပေးချင်ပါတယ်။တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတတဲ. ကစားနည်းပါ။ ပေးဆပ်မူနဲ. ရယူမူကဘယ်တော.မှ တစ်ထပ်တည်း မကျဘူး။ ဒါ.ကြောင်. အချစ်နွံထဲအရမ်းနစ်ဝင်မသွားစေနဲ.။ နောက်သင်.မှာ အချစ်အတွက် တိုင်ပင်ဖော်လေးလိုပါတယ်။ ဥပမာ သူငယ်ချင်း သို.မဟုတ် အိမ်သူအိမ်သား၊ သူတို.ကသင်.အတွက်အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါလိမ်.မယ်။၅။ ဆက်ချင်တဲ.အချိန် ဆက်တက်သူချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ. အရာကို ရှာဖွေတက်သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး၊သူငယ်ချင်းလို တစ်မျိုး ကူညီ စောင်.ရှောက်တက်သူလည်း ဖြစ်တယ်။တစ်ခြားသူ.နဲ. ခင်မင်သွားလည်း ချစ်သူအပေါ် အချစ်မပြောင်းတက်သူ ဖြစ်တယ်။အကြံတစ်ခုပေးချင်တာကချစ်သက်တမ်းကြာလေလေ ချစ်သူရဲ.အပြစ် အနာအဆာကို တွေ.မြင်နိုင်ဖို.ခဲယဉ်းလေလေ ဖြစ်တက်တာကြောင်. ချစ်သူအပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကိုစိတ်ထဲမှာ သိမ်းမထားပဲ ချက်ချင်းထုပ်ဖော်ပြောသင်.တယ်။ အလိုမကျတာတွေ ကိုရင်ထဲမှာပဲ သိမ်းဆည်းထားရင် နောက်ဆုံးမှာ အင်အားပြင်းတဲ. မီးတောင် အဖြစ်ပေါက်ကွဲနိုင်ပါတယ်။မှတ်ချက် - သူငယ်ချင်းတယောက်မေးနဲ.ပို.ပေးလို. သဘောကျတာနဲ.မျှဝေလိုက်ခြင်းဖြစ်ပါတယ်။