လူ..လူ..လူ
ူပုခုံး နှစ်ဘက်ကြား ခေါင်းပေါက်တာချင်း အတူတူ..
ရိုးသားဖြူစင်တာလဲ လူ..ကောက်ကျစ်စဉ်းလဲတာလဲ လူ.
.အားနာတတ်တာလဲ လူ...အားမနာတတ်တာလဲ
လူ..သွေးကြီးတာလဲ လူ
..ကြောက်ရွံ့တတ်တာလဲ လူ..အတင်းပြောတတ်တာလဲ
လူ..စကားနည်းတတ်တာလဲ
လူ..လူပေါင်းများစွာစရိုက်ပေါင်း သောင်းခြောက်ထောင်မှာဘာကိုရွေးပြီးဘာကို
ကျင့်မလဲ..တချို့က ပြောတဲ့ မိုးခါးရေမင်းကော သောက်သုံးဖူးခဲ့လား..
ချိုမြတဲ့ စကားနဲ့ကောက်ကျစ်တဲ့ နှလုံးသားမင်းပိုင်ဆိုင်ဖူးခဲ့သလား....
အဲတာ လူပီသရဲ့လားလူချင်းတူတူမင်းလဲ လူ ..
ငါလဲလူလူထဲကလူလူပီသတဲ့ လူ..လူဖြစ်ပြီး
လူစစ်မှန်တဲ့လူမင်းကောဖြစ်ချင်လားဖြစ်ကော
ဖြစ်ခဲ့ဘူးသလားဖြစ်ကော ဖြစ်နိုင်မှာတဲ့လား...
Thursday, January 29, 2009
လူ
လမ်းဆုံး
အကြင်နာ နုနုအဖြူရောင် အတုတွေ နဲ့
ငါ့ဘ၀ကို နင်ဆေးချယ်ခဲ့..အသည်းမပါအချစ်မဲ ဗလာနဲ့
နင်ဟာ တကယ်တော့ကဝေဆိုးတပါး ..
စေလိုရာစေနေလိုရာနေထားရာနေ စေရာသွားကြိုးမပါတဲ့
ကြိုးဆွဲအ၇ုပ်တခုအဖြစ်နင်ပြုစားခဲ့လေရော့သလား..
ကဲခုတော့ပြဇာတ်လည်းဆုံးမင်လည်းတဲု့းပြီ...
အရုပ်ကြိုးပြတ်အချစ်ငတ်မလေး
ငါဘယ်ချောင်ဆီမှာ ရှောင်ပုန်းရပါ့..
Wednesday, January 28, 2009
အချစ်ခါးခါး
ဘာလဲအချစ်တဲ့လား
ငါနှစ်သက်စွာ သောက်နေတတ်ခဲ့တဲ့သကြားမပါတဲ့ ဘလက်ကော်ဖီထက် အဆပေါင်းများစွာခါးသက်လို့..
ဝီစကီ..ဘရန်ဒီတို့ခါးတာလောက်တော့သူကအော်ရီလိုက်မယ်..
ပျင်းသနားတယ်တဲ့.....
သကာပါးပါးလေးအုပ်ထားတဲ့
သ၇ဲသကြားလုံးလိုအဆုံးသတ်ကျမှ
ခါးသက်ခြင်းတွေယိုစိမ့်ကျ...
အင်း..မှတ်မယ်ထင်နေလား..
အဲဒီ ခါးသက်ခြင်းကိုပဲ..ယစ်မူးစွာ ဖက်တွယ်နမ်းရှိုက်နေမိခဲ့..
ချိုမြိန်သော ခါးသက်ခြင်းတဲ့လား.
.တချို့ကဆိုရဲ့ဆေးမမီတော့ဘူးတဲ့..
တချို့ကတော့ လှောင်ပြောင်သရော်လို့..
တချို့က သနားကြည့်တွေနဲ့..
တချို့ကတော့ ရူးသွပ်နေတဲ့ ငတိမလေးတဲ့.
.ပြောကြပါစေလေသူတို့မှ ခါးသက်ခြင်းရဲ့အရသာမမြည်းစမ်းဘူးကြတာပဲ.
.ခါ.. ခါး.. ခါးချင်သလောက် ခါးစမ်းပါစေ..
.ငါဖက်တွယ်ထားမယ်အဆုံးထိပေါ့..
အဖြေမဲ့ မေးခွန်းများ
လမင်းက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်တာ..
ဖုံးပေးတဲ့ တိမ်တွေအပြစ်လား...
ပုန်းချင်တဲ့ လမင်းရဲ့အပြစ်လား..
ကန္တာရမှာ ရေကြည်ကိုတမ်းတတာ..
တမ်းတသူအပြစ်လား...
ပူလောင်နေတဲ့ နေမင်းရဲ့အပြစ်လား...
ကြယ်ကြွေညမှာ ချစ်သူကို တမ်းတတာ..
တမ်းတသူရဲ့ အပြစ်လား..
အဝေးရောက်နေသူ အပြစ်လား..
ယာစ်စင်တင်အသည်း
ပြန့်ကျဲနေတဲ့ နှလုံးသား အစိတ်အပိုင်းများ..
နှလုံးသွေးတို့ ယိုစိမ့်နေဆဲ..
ဟင်..
အချစ် အချစ်နဲ့ အော်နေဆဲတဲ့လား..
မိုက်လိုက်တာကွယ်..အသည်းစားဘီလူးလက်ထဲ..
မင်းနှလုံးသား ၀ကွက်နှင်းပြီးတာတောင်ဘာနဲ့ဆက်ချစ်နိုင်သေးတာလဲ..သူစားခဲ့တဲ့အသည်းအရေတွက်မင်းအသက်ထက်တောင် များဦးမယ်ထင်ရဲ့..
ကဲ ချစ် လိုက် စမ်းမင်း နှလုံးသား ခံနိုင်ရည် ရှိသေးသရွေ့ပေါ့..
သူသိပါစေ
ငါ ခက်ထန်လွန်းနေခဲ့သလား...
မာယာမပါ..ဖြူစင်တဲ့အသည်းက နူးညံ့နေဆဲပေါ့..
မာကျောလွန်းတဲ့စကား
အသည်းက လာတာမဟုတ်ခဲ့တာ ကွယ်ရာက မျက်ရည်တွေ သက်သေအဖြစ် မပြချင်တော့...
မင်း.. ပျော်ရွှင်ခြင်းတွေ ၀န်း၇ံနေပါစေ..
တောင်းဆုတွေ အထပ်ထပ်.. တန်ခိုးရှင်တွေ နားညည်းလောက်ရဲ့..
ဟိုနေ့က မြင်ခဲ့တဲ့ ချစ်သူမျက်နှာ ညှိုးနွမ်းလို့ မရွှင်သာ..
ငါဘာလုပ်၇မှာလဲ... စွန့်လွှတ်ခြင်းတစ်ခု..
မင်းပျော်ရွှင်ဖို့ ရည်ရွယ်ညွှန်း.. မင်းသိစေချင်..
အတိတ်သို့ တမ်းခြင်း
မင်းရင်ဘတ်ထဲက.. ကုန်လွန်သွားတဲ့ရက်စွဲများ..
သမိုင်းဟောင်းထဲမှာ မှိုတက်နေရော့သလား..
ပျော်ဝင်ခဲ့ဘူးတဲ့. ဂီတာသံ စစ်စစ် ကြည်မြနေတဲ့ သီချင်းသံများ...
ခုတော့ ဘယ်တစ်ယောက် ရင်ခွင်ဆီ နားခိုနေပါလိမ့်..
သောက်ခဲ့ဘူးတဲ့ ၀ိုင်ချိုချို.. ဘယ်သူ ယစ်မူးနေမှာလဲ..
လည်တိုင်ဆီက အနမ်းမြမြ..
ခုတော့ အမှိုက်တောင်းထဲမှာ အသည်းဟောင်းနဲ့အတူ ကြေမွလို့ပေါ့.. မင်း.. ဘယ်ဆီမှာလဲ ...
တကယ်တော့လေ မတမ်းတပေမယ့်.. တမ်းတနေမိတဲ့ငါ့အဖြစ်..
အိပ်မက်ဟောင်းတွေသာ တ၀ဲလည်လည်..ဟင်း အ၇မ်းလွမ်းနေတယ်...
ဒသန- ၁
နွေလည်ကြောင်တောင် မိုးခေါင်တယ်လို့ ငါပြောရင
်တစ်ချို့က ခေါင်းညိတ်လက်ခံ..
တစ်ချို့က ခေါင်းခါငြင်းဆန်..
တစ်ချို့က မနာလိုအပြုံးနဲ့ မဲ့ရွဲ့ပြ..
တစ်ချို့က ကြည်ဖြူစွာပဲ ပြုံးပြကြ..
တစ်ချို့က သနားပြုံး..
တစ်ချို့က လှောင်ပြုံး..
တစ်ချို့က...
တစ်ချို့က..
တစ်ချို့က..
ဒီလိုပဲ...ငါ့အသည်းမှာ အခု မီးလောင်နေတယ်လို့ ငါပြောရင်..
တစ်ချို့က...
တစ်ချို့က...
တစ်ချို့က..
တစ်ချို့က......
ဒသန- ၂
အသည်းကွဲသီချင်းတွေနားထောင်ဖို့ စိတ်မ၀င်စားခဲ့တဲ့ငါ..
ခုတော့ ခုံခုံမင်မင် နားထောင်တတ်နေခဲ့..
မျက်ဝန်းထဲက မင်းအရိပ်များ..သီချင်းစာသားတွေနဲ့ အတူလွင့်ပျံကခုန်လို့..
ငါ့ရင်ဘတ်ထဲက ခုန်ဆင်းလာတဲ့ စကားလုံးပေါင်းများစွာ..
သံစဉ်တွေကြား စီးမျောယိမ်းနွဲ့ရင်း.
မျက်ရည်မြစ်တစ်ခုကို ဖန်ဆင်း...
အသည်းကွဲ ပင်ဂွင်းငှက်လေးတစ်ကောင်..
ေ၇ခဲပြင်ပေါ် လူးလှိမ့်လို့ပေါ့..သွေးခဲနိုင်တဲ့ အအေးဓါတ်..
အလွမ်းမီးကို မငြိမ်းနိုင်..အော် အဝေးကလွမ်းခြင်းတဲ့လား..
ချစ်လျှက်နဲ့ စွန့်လွှတ်ခြင်းတဲ့လား..
သွားစမ်းပါ..တကယ်တမ်း အနိုင်ရလိုက်တာက..
မင်းရဲ့ ဂုဏ်သိက္ခာတစ်ခုနဲ့ အစွန်းရောက် အတ္တ...
ကြောက်လို့..
ရီဝေေ၀ ညှို့မျက်ဝန်းတစ်စုံ..
ရိုးသားတဲ့ အပြုံးတခုနဲ့.. ငါ့ဘ၀ကို နင်ဖမ်းစားခဲ့..
အချိန်ပြည့် ဂရုစိုက်တတ်မှုတွေ..
နင်ပေးချင်တဲ့ အချစ်စစ်တစ်ခုဖြစ်လေမလား..
အချစ်ဆိုတာကို တွေးမိတိုင်းကြောက်တတ်ခဲ့တဲ့ ငါ..
ရင်ခုန်ခြင်းသံတမာန် နင်ဘာကြောင့် စေလွှတ်ရက်သလဲ..
ဟင့်အင်း.. နင် အကုန်ပြန်ယူသွားတော့..
ကြင်နာခြင်းရဲ့ နောက် ရင်နာရမှာငါကြောက်လို့..
ပျော်ရွှင်ခြင်းရဲ့နောက် မျှော်လင့်ခြင်းမဲ့မှာ ငါကြောက်လို့..
ရင်ခုန်ခြင်းရဲ့နောက် အသည်းတုန်အောင်နာကြည်းရမှာ ငါကြောက်လို့..
