ဆေးပညာလောကမှ ပညာရှင်များသည် မိန်းကလေးများအပေါ် ယောင်္ကျားလေးများကိုယ်ချင်းစာတတ် စေရန်နှင့် ကိုယ့်ရင်သွေးအပေါ် ပိုပြီးတွယ်တာမှုရှိစေရန်အတွက် ဆေးတစ်မျိုးကို ထုတ်လုပ်လိုက်သည်..ထိုဆေး၏အာနိ
သင်မှာ ဇနီးဖြစ်သူကို ထိုဆေးတိုက်လိုက်ခြင်းဖြင့် ..ဇနီးဖြစ်သူမီးဖွားချိန်တွင် အိမ်တွင်ကျန်ခဲ့သည့်အမျိုးသားမှာ ဇနီးဖြစ်သူခံစားရသည့် ဝေဒနာနှင့်ထပ်တူထပ်မျှခံစားရမည်ဖြစ်သည်.. ထိုဆေးကိုစမ်းသပ်ရန်အတွက် ပထမဦးဆုံးလင်မယားတစ်တွဲကို ရွေးချယ်လိုက်ကြသည်... ထို့နောက်ဇနီးဖြစ်သူအား ထိုဆေးကို တိုက်လိုက်သည်.. သို့သော် ဆေး၏အာနိသင်အကြောင်းကို လျှို့ဝှက်ထားကြသည်... သို့နှင့် အမျိုးသမီးဖြစ်သူမီးဖွားသည့်ရက်ကိုရောက်လာသည်... မီးဖွားပြီးအမျိုးသမီးဆေးရုံတွင်ရှိနေချိန်၌ ဆေးပညာရှင်များက ယောင်္ကျားထံဖုန်းဆက်ပြီး... ဆေးပညာရှင်။ ခင်ဗျားမနေ့ညက ခင်ဗျားမိန်းမကလေးမွေးနေချိန် .... ဘယ်လိုခံစားရလဲ... ယောင်္ကျား။ ဟင့်အင်း.. ဘယ်လိုမှ မခံစားရပါဘူ... ဆေးပညာရှင်။ သေချာလို့လား.. ဘာဆိုဘာမှမဖြစ်ဘူးလား... နည်းနည်းလေးထူးခြားတာတောင် မရှိဘူးလား.. ယောင်္ကျား။ ဘာမှတော့မဖြစ်ပါဘူး.. အင်း... ထူးခြားတာတော့ရှိတယ်ဗျ... ဆေးပညာရှင်။ (အလောတကြီးလေသံဖြင့်) မြန်မြန်ပြောစမ်းပါ.. ဘာထူးခြားတာလဲ... ဆေးပညာလောကအတွက် အရမ်းအရေးကြီးလို့ပါ... ယောင်္ကျား။ ဘာမှမဟုတ်ပါဘူးဗျာ... အိမ်ဘေးကကောင်ပေါ့... တစ်ညလုံးတအီးအီး..တအားအားနဲ့ အော်နေတာ... အိပ်လို့ကိုမရဘူး... ဟွန်း... ကလေးမွေးတာကျနေတာပဲ
Saturday, March 14, 2009
ဆေးအသစ်
Monday, February 23, 2009
တစ်ရက် ၅၀၀စား
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........၀က်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရောသူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..ကျားက သူ့နားရွက်နားကိုလာနမ်းတယ်ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်...." မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
မှတ်ကရောဟ..
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ် သည်။
အရူး
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..""မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်..""မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်..""မဆင်းဘူးဆရာ...မဆင်းဘူး"ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်ကအဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..""ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ဆရာဝန်က......"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ..""ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ..""ဟေ..."
သိပြီလား
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။"37............37............37""ဘာလို့  37 လို့ အော်နေရတာလဲ"လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း"37............37............37""ဘာလိုအဲဒီလိုအော်နေကြတာလဲ"လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။"38.............38.............38"
သိသားနဲ့ ...
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်ကြက်တူရွေးက ။ ။ ဟိုအမကြီးအမျိုးသမီး။ ။ ဘာတုန်းကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....
ခေါ်လိုက်စမ်းပါ...
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကိုတိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်ခင်ဗျ""အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများကထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်းဆီသို့ ဖုန်းဆက်လိုက်သည်။"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား""အေး ခွဲသွားတယ်ကွ""အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကိုဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"
(ရယ်ရင်စိတ်ဆိုးမှာ နော်....အဟီး :P)
Sunday, February 22, 2009
၂၀၀၉ ခုနှစ် မြန်မာစာမေးခွန်း
၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ ချစ်တိုင်းလဲမညား၊ တောဂေါ်လီ၊ င့ါကိုချစ်တဲ့သူ။
(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသောစာရွက်အချို့မှ ခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းများစွာနဲ့၊ မရှက်မကြောက်၊ အလွမ်းပြေ၊ အိမ်ကိုပြန်ခဲ့တော့။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခုကိုသက်ဆိုင်ရာသင်ခန်းစာများတွင်မည်သို့သုံးထား ကြောင်းနှင့် အဘယ်ကြောင့်ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှချုံ့လာသောစာရွက်ဖြင့် ကူးဖြေ ပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊ ပိုးပြောင်ကြီးပုဆိုးပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ၊ မဖြေချင် အိပ်နေပါ။
(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။
(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။
(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏ အဓိပ္ပါယ်ကို ရေးပါ။
(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏ ခံစားချက်ကိုရေးပါ။
၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
"အမေပြောတော့ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့အကြိုက်တွေ့အောင်
ဖြီးဖြန်းရေးသားပါ။
(သို့)
"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည်ကို ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။
(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ သက်မွန်မြင့်နှင့် တူပုံ၊ ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။
(သို့)
"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊ ၀င်ကြေးသုံးရာတန်ပြီတကား။
(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို စိတ်ဝင်စားဖွယ်ဖြေဆိုပါ။မူပိုင်မဟုတ်ပါ။
Sunday, February 1, 2009
အားနာရင် ခါးပါတတ်တယ်နော်..
.တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ကောင်မလေးတစ်ယောက် ရှိပါတယ်။တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးကအားနာလာပါ တယ်။ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိအတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့်ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့ ပြောပြပါတယ်။ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။တခြားဆုတောင်းချေ လို့  ပြောရှာတယ်။ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီးအင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။..................ဒါပေမယ့် နင်ကတိတည်ရမယ်ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်ကောင်းပြီ။နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့်သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကိုတခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်းရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီးကြောင် တော့တာပဲ။ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။ဒီလိုနဲ့ တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။မယုံနိုင်စရာပါပဲ။ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။ဗိုက်ကလေးကပူလို့  . . .။ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်းတစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့ ပြန်ပြေးသွားပါလေရော။အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . .
Monday, January 26, 2009
ထန်းလျှက်နှင့် ပဲကြီးလှော်
တစ်ခါတုန်းက ….ထန်းလျှက်နဲ့ ပဲကြီးလှော်တို့ ရည်းစားဖြစ်ကြသတဲ့…….တစ်နေ့မှာသူတို့နှစ်ယောက်က ရေကန်ဘေးမှာ ချိန်းတွေ့ကြတယ်…ရေကန်ထဲမှာလည်းကြာပန်းတွေနဲ့ ပြည့်နေတာပဲတယ့်ဒါနဲ့ ပဲကြီးလှော်က…..မောင်ရယ်….မကိုချစ်ရင်လေဟိုကန်လယ်က ကြာပန်းကို ခူးပေးပါနော်ဆိုပြီး ချွဲသတဲ့…..ဒါနဲ့ ထန်းလျှက်လည်း…..အေးပါကွာ ငါမင်းကို ချစ်လွန်းလို့ ခူးပေးပါမယ်ဆိုပြီး ရေထဲဆင်းသွားပါလေရော…..ကန်လယ်ကိုရောက်လို့ ကြာပန်းခူးဖို့ လက်လှမ်းကာရှိသေး ပလုတ်ဆိုပြီးအရည်ပျော်သွားပါလေရောပဲကြီးလှော်ကလည်း ဒါကိုမြင်ပြီး အားရပါးရ ရယ်ပါလေရော…သူကလည်း ရယ်ရင်းရယ်ရင်းနဲ့ အရယ်လွန်ပြီး နှစ်ခြမ်းပြဲရော……
Thursday, November 20, 2008
မြန်မာစာ မသင်လို့ မဖြစ်ဘူး
`ဘာပြောတယ် လော်ရာ´`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´`သိပ်တော့မထူးပါဘူး´`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´`ဘာဆိုင်လဲဒယ်ဒီရာ´`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး .. ။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား´`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး . ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။
အီးမေးမှ တပိုင်းတစ ဟာသများ
လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ ခရီးသည်တစ်ယောက်သည်တရွေ့ရွေ့လျားနေကြသော တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်းအလွန်ကြည်နူးနေလေသည်။ ထိုစဉ် သူ့ပြတင်းပေါက်ရှေ့မှာ လေထီးသမားတစ်ဦးကိုမြင်လိုက်ရ၏။ လေထီးသမားက`ဘယ်လိုလဲ၊ ကျွန်တော်နဲ့ လိုက်ခဲ့မလား´ဟုလှမ်းမေး၏။ဒီတော့ ခရီးသည်က.`ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။ တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်´`ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ´.............................................................................................................................................................ပထမ အလုပ်သမား ။ ။ `ခင်များသူဌေး ရဲ့ အသုဘကို သွားဦးမလား´ဒုတိယ အလုပ်သမား ။ ။ `မသွားဘူးဗျာ…ကနေ့ ကျွန်တော် အလုပ်လုပ်လိုက်ဦးမယ်။ ကျွန်တော့်ဆောင်ပုဒ်က အလုပ်ပထမ၊ပျော်စရာက ဒုတိယလေ´.............................................................................................................ဘ၀မှာ..အဆိုးရွားဆုံးအရာ(ပြည့်ဖြိုး)အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာတွေ့သွားသည်။..အမေသို့..လို့ရေးထားသည်..။သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။အမေ သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..၀မ်းလည်းနည်းတယ်..။...သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ...သမီးတော့..တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ...သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။...ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့်မဟုတ်ဘူး..အမေ..သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။..တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့....။.သူကသမီးတို့..ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..အသက်မွေးကြမယ်တဲ့လေ..။...အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်..ဆေးပေါ်လာပါစေလို့..ဆုတောင်းမယ်..ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ..ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..အမေ့ရဲ့..သမီး..ဂျူလိုင်..PS: အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။..သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.အံဆွဲထဲက.report cardထက်..ပိုပြီးဆိုးရွားတဲ့..အရာတွေရှိတယ်ဆိုတာ..သိစေချင်လို့ပါ..။..သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်......။......................................................................................................................................................................မမြင်သင့်တာ Sep 17, '08 5:31 PMfor everyoneအဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲအဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ..........................................................................................................................................................သူတို့ပြောတဲ့ အချစ်ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ပွင့်လက်ဆောင်ပေးတာကို ခေါ်တယ်။ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ပွင့်လက်ဆောင်ပေးတာကို ခေါ်တယ်။လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုကယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကိုတက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကိုဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက်အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲစိတ်ပူနေတတ်တယ်။ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါအတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။............................................................................................................အလုပ်အကိုင် Sep 17, '08 4:58 PMfor everyone
သူငယ်တန်းတက်စ ၅နှစ်သမီးလေး"မေမေ .. မေမေ သမီးကို အတန်းထဲက ကောင်လေးက ကြိုက်လို့တဲ့။ သမီးကိုယူမယ်လို့ပြောတယ်""သမီးကိုယူဖို့ သူ့မှာ အလုပ်အကိုင်ရော ရှိလို့လား""ရှိတယ် မေမေ... သူက သမီးတို့အတန်းက ကျောက်သင်ပုန်းဖျက်တဲ့လူလေ"
Chatting!!!
ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံးဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်းဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်းတုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့ကရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့ကမည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေးဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူစတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများမည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှမှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာအသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုးပေါ်ထွက်လာလေ၏။"hey.. kaung lay, nay kaung lar?""kaung ba byar, ma tway tar taung kyar bee pot"မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု၇၆"hote te lay. Ah lote shote nay de."ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာအကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်းရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှသူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာလော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီကမက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကိုစကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်းရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညကအချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်းလိမ်ဆွဲခံရကိန်းရှိသည်။တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကိုရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုးချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်းအများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
ဟာသအတိုအစလေးတွေ
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။ နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်ကြက်တူရွေးက ။ ။ ဟိုအမကြီးအမျိုးသမီး။ ။ ဘာတုန်းကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ......
+++++++++++++++++++++++
ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။ "ယနေ့ကက်ပတိန် အရက်မမူးပါ။"
+ + + + + လူတွေ့စာမေးပွဲတစ်ခုတွင်…. ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။+ + + + + * သေနည်းကောင်း*ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"+ + + + + မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့+ + + + + မင်္ဂလာဆောင်တခု၌ဖြစ်သည်မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည် ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ " ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး"+ + + + + အဖေ့အပေါ် မူတည်တယ်" မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ "" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် "+ + + + + *မဖြစ်ဘူး* " ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ ""ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"+ + + + + *ရွေးချယ်မှု*ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "" ရွှေကို ယူမှာပေါ့ "" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
Friday, October 17, 2008
မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်
ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။
ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။
ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။
ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ - အင်း မေး။
ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။
ဆရာမ က ရှက်ရှက် နှင်.
ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။
ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။
Thursday, October 16, 2008
Movie Mistake
* မင်းသားဟာ အပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင် နာကျင်ပုံမပြပေမယ့် မင်းသမီးက
အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့ အခါမှာတော့ နာကျင်ပြီးတွန့်သွားတတ်ပါတယ်။
* မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ"က"ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။
* မိတ်ကပ်တွေဟာလည်း တစ်ခါလိမ်းပြီးရင် မိုးရွာရွာ နေပူပူ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်
ဒီအတိုင်းပဲရှိနေပါတယ်။
* မင်းသားနဲ့မင်းသမီး ချစ်သူနှစ်ယောက် ကွင်းပြင်ထဲမှာ ကနေတုန်း ရုတ်တရက်
(ဘယ်ကရောက်လာသလဲဆိုတာ ဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက် ထွက်လာပြီး သူတို့နဲ့အတူ
ဝင်ကလေ့ရှိပါတယ်။
သူ့ကိုကြည့်ရှုစောင့်ရှောက်နေတဲ့ အိမ်ဖော်မိန်းမကြီးက သူ့အမေဖြစ်ကြောင်း၊ ရဲအရာရှိကြီးက
သူ့အဖေဖြစ်ကြောင်း၊ တရားသူကြီးက သူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့်
ဖော်ထုတ်သိရှိသွားတတ်ပါတယ်။ * ရုပ်ရှင်ထဲက စကားတွေကြားမှာ ခပ်ကျယ်ကျယ်ပြောပြီး အများဆုံးညှပ်သုံးတတ်တဲ့
အင်္ဂလိပ်စကားလုံးတွေကတော့ "No Problem", "My God!", "Get Out!", "Shut Up!",
"Impossible" နဲ့ "Please forgive me!" တို့ဖြစ်ပါတယ်။
* မင်းသား မင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီး လူးလှိမ့်နိုင်သလို
အ၀တ်အစားတွေလဲ အမျိုးမျိုးပြောင်းနိုင်ကြပါတယ်
* သူတို့တွေဟာ အုန်းပင်တွေကြားမှာ ပြေးလွှားခြင်း၊ သီချင်းဆိုခြင်း၊ မျက်တောင်များ
ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကနဲ အကြည့်ချင်းဖလှယ်ခြင်း၊
အ၀တ်အစားလဲခြင်းများကို တပြိုင်ထဲမှာ လုံးဝမမောမပန်းဘဲ လုပ်နိုင်ကြပါတယ်။
တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေက
* မင်းသားရဲ့ မိဘဖြစ်ရတဲ့သူတွေဟာ ကံမကောင်းတတ်ကြပါဘူး။ မင်းသားငယ်စဉ်ဘ၀မှာ
ရန်သူတွေသတ်တာခံရပြီး မင်းသားက မိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။
* ဒဏ်ရရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရအောင်ရှုပြီး
သူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြော
ခေါင်းကစောင်းကျသွားပါတယ်။
* သိုင်းပညာရှင်တွေဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ်မှာ အဝေးကြီးကို ချွေးလုံးဝမထွက်ဘဲ ပျံနိုင်ပါတယ်။
ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်)
မြင်းစီးပြီး သွားကြရရှာပါတယ်။
* မင်းသားသူရဲကောင်းတွေဟာ ပိုက်ဆံရဖို့အတွက် အလုပ်မလုပ်ပေမယ့် ၀ယ်စားတဲ့
အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲ ရှိနေတတ်ပါတယ်။
* တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲ ရောက်နေနေ မင်းသားနဲ့လူဆိုးတွေဟာ
မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။
* အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။ တင်ပလင်ခွေထိုင်၊ ဒူးခေါင်းပေါ်မှာ
လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ ပျောက်ပါပြီ။
* သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး (အထူးသဖြင့် ရွှေတုံးငွေတုံးတွေ)
ထည့်နိုင်ပြီး ဘယ်တော့မှလည်း ပြုတ်မကျကြပါဘူး။
Wednesday, October 15, 2008
ရည်းစားဟောင်းလက်ချာ
(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။
(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။
(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။
(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။
(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။
(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။
(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။
(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။
(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။
(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။
အမလေး ရှင်မပြန်သေးဘူးလား?
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း
Small လေး - “ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ”
အမျိုးသား - “ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ. ဝေးပြီ။”
Small လေး - “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်.”
Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ “အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်”
ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ
ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ အလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်. မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ - “ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ်။ဟို ၂၄ နာရီ ဆေးဆိုင်က ဆေးလေး သွားဝယ်ပေးပါလား ဟင်”
ရဲဝန်ထမ်း - “၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။ ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း - “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း - “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ”
ရဲဝန်ထမ်း - “ဟေ
သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင်
စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦး ရှိပါသည်။ တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။ ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။
အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊ စိတ်ပြန်လည် လာသည်မှတ်ကာ ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။ ဒါနဲ. ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး
ဆရာဝန် - နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ. သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။ သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ လို စိတ်ပြန်လည်လာလို. ဆေးရုံက ဆင်းခွင်.ပေးလိုက်မယ်။ သတင်းဆိုးကတော. ခင်ဗျားကယ်ခဲ.တဲ. အမျိုးသားလူနာ ခုနလေးကပဲ ရေချိုးခန်းထဲမှာ တံဘတ် နဲ. ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတယ်။ စိတ်မကောင်းပါဘူးခင်ဗျာ။
အမျိုးသမီး - အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊ ကျွန်မကိုယ်တိုင်သူကို. ရေတွေ စိုနေလို. ခြောက်သွားအောင် လှန်းပေးလိုက်ခဲ.တာပါ။
နင်.ကို ငါ အလုပ်ထုတ် တယ်
ကျွန်တော် ရဲ. အားထားရတဲ. အတွင်းရေးမှူး ၀န်ထမ်းမ လေး ကို ပြီးခဲ.တဲ. အပတ်က အလုပ်ထုတ် ပစ်ခဲ.ပါတယ်။ ဇာတ်လမ်းက ဒီလိုဗျ။
ပြီးခဲ.တဲ. အပတ်က ကျွန်တော်. အသက် ၄၀ ပြည်. မွေးနေ.ပေါ.ဗျာ။ ဒီတော. ထိုနေ. မနက်စောစောထ ပြီး အိမ်အောက်ဆင်း ရင် မိန်းမ က “Happy Birthday” လို.ပြောတာ ကြည်နူးမယ် ပြီးတော. အနည်းဆုံးလက်ဆောင်တခုခု ကို လက်ခံမယ် ဆိုတဲ. ခံစားချက်နဲ.ပေါ.ဗျာ။ တကယ်တမ်းကျတော. သူမ က ကျွန်တော. ကို ဂရုတောင် မစိုက်ပဲ မီးဖိုချောင်ထဲမှာ အလုပ်ရူပ် နေပါတယ်။ အင်း ငါ.မှာ ကလေးတွေ ရှိသေးတာပဲ သူတို.ကို ဒီအသက်အရွယ် ရှိ ကျွေးမွေး လာမှ တော. ငါ.ကို “ံHappy Birthday Daddy” တော. ပြောကောင်းပါတယ်။ ဟာ… ကလေးတွေလဲ ကျွန်တော. ကို ဂရုမစိုက်ပဲ မနက်စာ ပဲ ငုံ.စား နေခဲ.တယ်လေ။
ဒီလိုနဲ. စိတ်ပျက်လက်ပျက်နဲ. ရုံးကိုသွားခဲ.ပါတယ်။ ရုံးတံခါးလဲ ဖွင်.ကော
အတွင်းရေးမှူး က “Good Morning ဆရာ၊ ဒါနဲ. ကနေ. က ဆရာ.မွေးနေ.နော်။” ဟာ ဒီတော. ကျွန်တော် အလွန်အံ.အားသင်.သွားခဲ.ပြီး “ဟုတ်တယ် ကွယ်.” ဆိုပြောခဲ.တယ်။
ရုံးဆင်းချိန်လဲ ရောက်ရော အတွင်းရေးမှူး ကောင်မလေး က တံခါးခေါက်ကာ
အတွင်းရေးမှူး - ဆရာ ကနေ. ဟာ အရမ်းကို မင်္ဂလာရှိတဲ. နေ.ပဲ၊ နောက်ပြီးဆရာ.ရဲ. မွေးနေ.လဲ ဖြစ်နေတော.
ညစာ ထွက်စားရအောင်လား။
ကျွန်တော် - ဟာ ကောင်းတာပေါ.ကွ။လာ သွားကျမယ်။
ဒီလိုနဲ. စားသောက်ဆိုင်ရဲ. သီးသန်. အခန်းထဲမှာ ၂ယောက်တည်း စကားတွေ တ၀ပြီးပြောရင်း အရက်ကလေး သောက်ရင်း စားသောက်ခဲ.ကျပါတယ်။ အဲ.နောက်တော. သူမကို အိမ်ပြန်ပို.ပေးမယ် လို. ပြောလိုက်တော.သူမက “ဆ၇ာ သမီး အခန်းကို လိုက်ခဲ.ပါလား။ ဒီနားလေးမှာပဲ။” ဆိုတော. လိုက်သွားခဲ.တယ်။ သူမ ထပ်တောင်းဆိုပြန်ပါတယ်။ “ဆရာ အခန်းထဲထိ လိုက်ခဲ.ပါနော်.. နော်… သမီးတစ်ယောက်တည်း နေတာပါ”။ ကဲ ဒီတော.လဲ အခန်းထဲသို. ထိရောက်သွားခဲ.တယ်။ကျွန်တော်လည်း အခန်း ထဲ ရောက်ကော
သူမ က “ဆရာ သမီး ရေ၀င်ချိုးလိုက်ဦးမယ် ခဏလေးစောင်.နော် “ ဆိုပြီး အခန်းလေး တခုထဲ ၀င်သွားတယ်။ တအောင်.နေတော. သူမ က မွေးနေ.ကိတ် အကြီးကြီး ကို ကိုင်လာပြီး ကျွန်တော. မိန်းမနဲ. ကလေး တွေ က နောက်ကနေ ထွက်လာကျပါတယ်။ဒါနဲ. ကျွန်တော်လဲ ချက်ချင်းဆိုသလိုပဲ
“ဟေ. ကောင်မ နင်မနက်ဖြန် ရုံးတက်စရာ မလိုတော. ဘူး နင်.ကို ငါချက်ချင်း အလုပ်ထုတ်တယ် ” ဆိုပြီး လက်ညိုး ထိုးပြီး အော်ခဲ.တယ်။
ဘာလို.လဲ ဆိုတော. ကျွန်တော် က သူမ ခုတင်ပေါ်မှ ကိုယ်တုံးလုံး ကြီး နဲ. လှဲ နေခဲ.လို.ပါပဲ။
အမလေး ကိုမြ ရှင်သေပလား
ရေခဲတိုက် မှာ အလုပ်လုပ်သူ လုပ်သား တယောက် က တနေ. မှာ ဦးမြ ဆိုတဲ. အလောင်းတလောင်း ရောက် လာလို.မသဂြိုလ်ခင်လေး စစ်ဆေးကြည်.ရာ။ သူ. အား အင်မတန် အံ.အား သင်.သွားစေခဲ.ပါတယ်။ ဘာလို.လဲ ဆိုတော. ဦးမြ ဆိုတဲ. လူသေရဲ. ဖိုအင်္ဂါ ဟာ အင်မတန်ကို ကြီးမား နေလို.လေ။
ဒါနဲ. ရေခဲတိုက် လုပ်သားကလဲ ဒီလောက် ထူးဆန်း ကြီးမား လှတဲ. ဖိုအင်္ဂါကို ဖျတ်တောက်ပြီး ဆေးစိမ် ထားလိုက်ရင် နောင်လာနောက်သား တွေ လေ.လာသိရှိနိုင်တယ် ဆိုပြီး အကြံရခဲ.ပါတယ်။ ဒါနဲ. အကြံအတိုင်းပဲ ဦးမြရဲ. ဖိုအင်္ဂါကို ဖျတ်တောက်ပြီး သူ.အိတ်ထဲ ခိုးဝှက် ထည်.ကာ အိမ်သို.ပြန်လာခဲ.ပါတယ်။အိမ်ရောက်တော. သူပထမဆုံး ထုတ်ပြ သူကတော. သူရဲ. ဇနီးကိုပါ။
ယောင်္ကျား - မင်းကို ငါ မင်းတသက် မမြင်ဖူးတဲ. ပစ္စည်းတခု ပြမယ်။ ဆိုပြီး အိတ်ထဲ မှ ဦးမြရဲ. ပစ္စည်းကို ထုပ်ပြလိုက်ပါတယ်။ဒီတော.
မိန်းမ - အမလေး ကိုမြ ရှင်သေပလား။
eMail မှားမပို့နဲ့နော်
လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသွားသည့်နောက် သူနေရမည့်အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။
မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရောemail ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။
အမေဖွင့်ထားသော email မှာ
သို့
အချစ်ကလေး
အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှြိေ
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈
အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။
မနက်ဖြန်တွေ့ကြရအောင်နော်သတိထား
Sunday, October 12, 2008
နှင်းဆီနက် ဘလော့မှ ဟာသများ....
သိသင့်တယ်
" ဟောပြောပွဲသွားမလို့၊ လိုက်မှာလား "
" အဲဒီလူက ဘာလုပ်လုပ်ရှုံးနေတာ၊ အမွေရတဲ့သိန်း ၈၀၀ကုန်ပြီ၊ သူပြောမှာကို မင်းက သွားနားထောင် မယ်ပေါ့လေ "
" သူ သိန်း၈၀၀ကုန်တဲ့အထိ မှားထားတာတွေကို တို့က ၅၀၀၀ တည်းပေးပြီးသိရမှာကွ၊ တန်ပါတယ် "
ထိန်းမလား
" မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက သူဌေးမကြီးကသမီးလေးတယောက်တည်းရှိတာ "
" ဟုတ်လား "
" သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ "
" သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ "
" ခြောက်လ "
ဂုဏ်ရှိစေရမယ်
" မင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် "
" အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို ခုကတည်းကကျွန်တော် ပြောနေတာပါ "
သူပြင်ကိုယ်ပြင်
ဒေါ်စိန်ဥက မနက်အစောမှာတော့ အသုတ်စုံရောင်းတယ်။ မဗျိုင်းကအသုတ်လာစားရင်း....
" ပေါ့နေလို့ ဆားလေးထည့်ပေးပါဦး...
ငန်သွားလို့မုန့်ဖတ်ကလေးနည်းနည်းလောက်....
ခြောက်တောက်တောက်ကြီးဖြစ်သွားပြီ၊ ဟင်းရည်ကလေးထည့်ပေးပါဦး...
နယ်လို့ကောင်းအောင် ပဲမှုန့်ကလေးထည့်ပေးပါဦး...
အစာတွေကများသွားပြီ၊ မုန့်ဖတ်ကလေးထည့်လိုက်ပါဦး... "
ဆိုပြီးစားလိုက်၊ ပြင်ခိုင်းလိုက်၊ ထည့်ခိုင်းလိုက်နဲ့၀၀စားရအောင်လုပ်တယ်။ စားလို့ဝတော့မှ ထရပ်ပြီး ၅၀၀တန် ထုတ်ပေးတယ်။ ဒေါ်စိန်ဥက ၁၀၀တန်ပြန်အမ်းတယ်။ အဲဒီတော့မဗျိုင်းက....
" အသုတ်က ၂၀၀ မဟုတ်လား.... "
" ၄၀၀လေ၊ ညည်းစားတဲ့အသုတ်ကတောင် ခဏခဏပြင်သေးတာပဲ၊ ငါယူမယ့်ဈေးလဲပြင်ရမှာပေါ့ "
အံကျပဲ
" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊ ၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ... "
စိုးရိမ်လို့
" တော်သေးရဲ့ကွာ၊ ငါ့မိန်းမကအထက်ပိုင်းမှာနေလို့၊ မုန်တိုင်းဧရိယာထဲသာဆိုမလွယ်ဘူး "
" မင်းက မိန်းမအတွက်စိုးရိမ်တယ်ပေါ့လေ "
" နယ်မြေအတွက်စိုးရိမ်လို့ပါကွာ သူ့လေအားကလဲသေးတာမဟုတ်ဘူး "
ကြည့်ပါတယ်
သူဌေးရုံးခန်းထဲကို ၀င်လာတဲ့အချိန်မှာ စာရေးမတစ်ယောက်ကိုမတွေ့လို့ သူ့ရုံးခန်းထဲရောက်တော့ မန်နေဂျာ ကိုခေါ် ပြီး
" အလယ်စားပွဲမှာထိုင်တဲ့စာရေးမလာသလား "
" လာပါတယ် "
" ကျုပ်ဝင်လာတော့မတွေ့ပါလား "
" ကျွန်တော့အလစ်မှာပျောက်သွားတာပါဆရာ၊ ကျွန်တော်လဲ မျက်စိအောက်က အပျောက်မခံပဲစောင့်ကြည့်နေ တာပါ၊ ဒီနေ့မနက်မှာ ဘာအလုပ်မှကိုမလုပ်ပါဘူးခင်ဗျာ။ "
ဖွင့်မယ်
" မန်နေဂျာကြီးလာပါဦး "
" ပြောပါသူဌေး "
" ရှေ့ခန်းမှာစာရေးမဘယ်လောက်ခန့်ထားလဲ "
" ၁၀ယောက်ပါ "
" အင်း ၁၀ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာနေရာပေးဖို့ဆံ့မှာမဟုတ်ဘူး၊ ဒီတော့ လက်သမားဆရာခေါ်ဗျာ "
" ဘာလုပ်မှာလဲဆရာ "
" ခန်းဆီးတွေဖြုတ်ခိုင်းမလို့ "
အတွင်းပစ္စည်း
ဦးသာဝဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
" မေမေဥရှိလား "
" ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် "
" မေမေဥမှသိမှာ "
" ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ "
" အတွင်းပစ္စည်းဝယ်ချင်လို့ "
အဲသည်အချိန်မှာ ဒေါ်စိန်ဥကရေချိုးရာက လှမ်းအော်တယ်။
" ကိုသာဝ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ "
ဘာမှားလဲ
" ကိုသာဝ "
" ဘာလဲကွ "
" ဒီနေ့ဘယ်နှစ်ရက်လဲ "
" ၈ရက်လေ "
" ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅၀လို့မှတ်ထားရတာလဲ၊ တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊ ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် "
" မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ "
" ဟုတ်တယ်လေ မမြင်ဘူးလား "
" အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါဆိုပြီးပြောလို့ ပေးလိုက်တာပေါ့၊ ငါဘာမှားလို့လဲ "
ကြိုတင်မှာပါ
ဟိုတယ်တခုတွင် တည်းခိုနေသောဧည့်သည်တဦးက နံနက်စာစားသုံးရန်စားသောက်ခန်းမသို့ရောက်ရှိလာခဲ့ သည်။
" စားပွဲထိုးလေးလာပါဦး "
" ဟုတ်ကဲ့ လာပါပြီ "
" နံနက်စာစီစဉ်ပေးပါဦး "
" ဟုတ်ကဲ့ လိုအပ်တာမှာပါခင်ဗျာ "
" ကြက်ဥကြော်၊ ကော်ဖီတစ်ကရား၊ ပေါင်မုန့်မီးကင်သုံးချပ်၊ သိုးသားဟင်းတစ်ပွဲ၊ ပန်းသီး၊ ရေနွေးကြမ်း၊ ပေါင်မုန့်အလွတ်သုံးချပ် ငါးမိနစ်အတွင်းရအောင် စီစဉ်ပေးပါ။ မြန်မြန်လေးနော်... "
" ဒီလောက်အမျိုးအစားတွေကို ငါးမိနစ်အတွင်းရဖို့ဆိုရင် တစ်ရက်လောက်ကြိုတင်မှာမှ ရနိုင်ပါတယ်ခင်ဗျာ။ "
ရထားနောက်မကျအောင်
လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့ စစ်ဆေးလေသည်။
" နာမည်ပြောပါ "
" စမစ်လို့ခေါ်ပါတယ် "
" မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား "
" ဟုတ်ကဲ့ "
" မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ "
အနည်းငယ်စဉ်းစားပြီးနောက်....
" မီးရထားအ၀င်အထွက် အချိန်ဇယားကပ်ထားတာကို ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်..."
မှန်မှန်ပြောစမ်းပါ
ကျန်းမာရေးမကောင်းသည့် ဇနီးသည်က သူ၏ခင်ပွန်းဖြစ်သူကို စိုးရိမ်စိတ်ဖြင့်မေးမြန်းလေသည်။
" ရှင့်ကိုမေးစရာရှိတယ် "
" ဘာများမေးစရာရှိလဲ နေကောင်းအောင်သာနေပါကွာ "
" ကျွန်မမေးတာ အမှန်အတိုင်းဖြေရမယ်နော် "
" အေးပါ ကဲ.... မေးလေ.... "
" ကျွန်မသေသွားခဲ့ရင် ရှင်နောက်အိမ်ထောင်ပြုမှာမဟုတ်လား "
" မင်းကလဲကွာ မဟုတ်တာ "
" ကဲပါ မှန်မှန်ဖြေစမ်းပါ "
" မင်းနဲ့တူတဲ့နောက်အမျိုးသမီးတစ်ယောက်ကိုတော့ ရှာယူမှာပါ "
နှစ်၂၀ပြည့်
အိမ်ထောင်သက်နှစ်၂၀ပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
" လွန်ခဲ့တဲ့နှစ်၂၀ဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် "
" ဟုတ်တာပေါ့ "
" အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး "
" အင်း... ဟုတ်တယ် "
" အဲဒီနေ့ကိုဘယ်တော့မှမမေ့ဘူး၊ ၀မ်းသာလွန်းလို့။ ရှင်ရော... "
" ငါလည်းဘယ်တော့မှ မမေ့ပါဘူး "
" ပျော်လွန်းလို့လား "
" ငါ့ဘ၀မှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ "
ပူဆွေးလိုက်ပုံက
အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "
ဟုတ်ကဲ့ဆရာ
အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့ လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက် တီးတိုးမှာကြားလေသည်။
" မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဥ့်ကလျားရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ "
" ဟုတ်ကဲ့ဆရာ "
" နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊ အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက် ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ "
" ဟုတ်ကဲ့ဆရာ "
" ဝေယျာဝစ္စတွေနဲ့သူ့ကို ၀န်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊ ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊ အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ လုံးလုံးပြန်ကောင်းလာလိမ့်မယ်"
" ဟုတ်ကဲ့ဆရာ "
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
" ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ "
" ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် "
စောင့်ပါ
ဂျွန်နှင့်စမစ်အမည်ရှိမိတ်ဆွေနှစ်ဦးအားလပ်ရက်တစ်ရက်၌ ငါးမျှားရင်းစကားပြောလျက်ရှိသည်။
" အိမ်မှာနေရတာ အဆင်မပြေပါဘူးကွာ "
" ဘာဖြစ်လို့လဲ "
" ငါ့မိန်းမနဲ့စကားမပြောတာကြာပြီ "
" ဟုတ်လား "
" အဲဒါ ဒီမိန်းမကို ကွာရှင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတယ် "
" ကောင်းတယ် မြန်မြန်သာကွာရှင်လိုက်ကွာ "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ကွာရှင်းပြီးတဲ့အထိစောင့်ပါလို့ ငါ့ကိုပြောထားလို့ "
ပိုကောင်းသွားမှာပါ
ဘောလုံးပြိုင်ပွဲတစ်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲ၌ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူတစ်ဦးက အိမ်ရောက်သည်နှင့် သူတာဝန်ယူခဲ့မှုကို သူ့ဇနီးအား ပြောပြလေသည်။
" ဒီနေ့ဘောလုံးပွဲကြည့်သေးလား "
" ကြည့်တာပေါ့ "
" ဘောလုံးသမားတွေ ကစားတာကြမ်းတော့ အတော်လေးထိန်းခဲ့ရတယ် "
" အင်း "
" ပွဲကလည်းကောင်းတယ်ကွာ "
" ဟုတ်တယ် "
" ငါဘောလုံးပွဲကြီးကြပ်တာ ကောင်းတယ်မဟုတ်လား "
" အမှန်အတိုင်းပြောရရင်... "
(ဇနီးသည်က စကားကိုဆက်မပြောပဲရပ်ထားရာ)
" ပြောလေကွာ အမှန်အတိုင်းပြောစမ်းပါ "
" ရှင်မပါရင်အဲဒီပွဲက ဒီ့ထက်ပိုကောင်းသွားမှာ "
တူလိုက်တာနော်
ဘောလုံးပွဲများကြည့်လွန်းသဖြင့်ဇနီးဖြစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူသည်ဇနီးဖြစ်သူမီးဖွား ကြောင်း တယ်လီဖုန်းဝင်လာသဖြင့် ဆေးရုံသို့အမြန်လိုက်သွားခဲ့သည်။
" စိုးရိမ်လိုက်တာ၊ နေကောင်းရဲ့လား "
" ကောင်းပါတယ် "
" သားလေးဆိုတော့ ကိုယ်ဝမ်းသာလိုက်တာကွာ "
" ဟုတ်တယ် "
" ကလေးလည်းကျန်းမာတယ်လို့ ဆရာဝန်တွေကပြောတယ်မဟုတ်လား "
" ကျန်းမာတယ် ဘာရောဂါမှမရှိဘူးတဲ့၊ သားလေးကိုကြည့်စမ်း ဘယ်သူနဲ့တူလဲဟင် "
" ကိုယ့်သားလေးက စီရိုနယ်ဒိုနဲ့တပုံစံတည်းပဲနော်... "
နှစ်၂၀ပြည့်ပြီလေ
အမျိုးသမီးတဦးသည် ညသန်းခေါင်အချိန်မှအိပ်ရာမှနိုးလာစဉ် ခင်ပွန်းဖြစ်သူအိပ်ရာထဲတွင်မရှိသည်ကို သိလိုက် ရလေသည်။ ထို့ကြောင့် သူမအောက်ထပ်သို့ဆင်းခဲ့ရာ မီးဖိုချောင်အတွင်းရှိစားပွဲတွင် ကော်ဖီတစ်ခွက်ကိုရှေ့၌ချ လျက်ထိုင်နေသော ခင်ပွန်းသည်အားတွေ့လိုက်ရလေသည်။ သူသည်ရှေ့ရှိနံရံကိုစိုက်ကြည့်ကာ အတွေးနယ်ချဲ့ လျက်ရှိသည်ကို သူမတွေ့လိုက်ရပြန်သည်။ ထို့အပြင် ခင်ပွန်းဖြစ်သူမျက်ရည်သုတ်ပြီး ကော်ဖီတစ်ငုံသောက် လိုက်သည်ကိုလည်း သူမတွေ့လိုက်ရသဖြင့် သူမသိလိုသည်ကိုမေးလိုက်သည်။
" ဘာဖြစ်လို့လဲ ယောက်ျားရေ ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ အောက်ဆင်းထိုင်နေရတာလဲ "
" ဟိုး... လွန်ခဲ့တဲ့နှစ်၂၀တုန်းက မင်းအသက်၁၆နှစ်အရွယ်မှာ မင်းနဲ့ကိုယ်ချိန်းတွေ့ခဲ့ကြတာ မင်းမှတ်မိရဲ့လား "
" မှတ်မိတာပေါ့ "
"အဲဒီတုန်းက ကိုယ့်ကားရဲ့နောက်ခန်းမှာရှိနေကြတဲ့မင်းနဲ့ကိုယ့်ကိုမင်းအဖေမိသွားတာကိုလည်းမှတ်မိသေးလား"
" ဒါလည်းမှတ်မိတာပဲ "
" အဲဒီအချိန်မှာ မင်းအဖေက ကိုယ့်ရဲ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီး မင်းငါ့သမီးကိုယူရင်ယူ၊ မယူရင်ထောင်ထဲမှာ နှစ်၂၀နေရစေ့မယ်လို့ပြောခဲ့တာလည်း မှတ်မိဦးမှာပေါ့ "
" သိပ်မှတ်မိတာပေါ့ "
ခင်ပွန်းသည်က သူ၏ပါးပြင်ပေါ်သို့ကျနေသော မျက်ရည်ကိုထပ်သုတ်ရင်း ပြောလိုက်သည်မှာ
" ဒါဆို ဒီနေ့ကိုယ်မင်းနဲ့နေခဲ့တာ နှစ်၂၀ပြည့်ပြီဖြစ်လို့ ကိုယ်ထွက်သွားလို့ရပြီပေါ့ "
"ဘာရယ် "
ဖြစ်ပုံက
နယူးယောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ပျံသန်းလာသောခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ် မှူး၏ အသံထွက်ပေါ်လာသည်။
" ကျွန်တော်တို့ ခရီးသည်တင်လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့သို့ဦးတည်ပျံသန်းနေပါတယ် "
" ခါးပတ်ဖြုတ်လို့ရပြီလား "
" ဟုတ်ကဲ့ အခုချိန်မှာခါးပတ်တွေဖြုတ်ပြီး အေးအေးဆေးဆေးနေလို့ရပါပြီ "
" ကျေးဇူးတင်ပါတယ် "
နောက်မိနစ်၂၀ခန့်ကြာသော်...
" ခရီးသည်များခင်ဗျား ကျွန်တော်တို့လေယာဉ်ကို ဆီမဖြည့်ခဲ့မိပါဘူး။ ခါးပတ်များပြန်ပတ်ပြီး အသင့်သာပြင်ထား ကြပါတော့ "
ဒါကြောင့်ပါ
အကြိတ်အနယ်ယှဉ်ပြိုင်ကစားရသည့်ဗိုလ်လုပွဲကို ကြီးကြပ်ခဲ့ရသည့်ဒိုင်လူကြီးအား ဘောလုံးပွဲအပြီးတွင် သတင်း ထောက်တစ်ဦးက တွေ့ဆုံမေးမြန်းလေသည်။
" ဒီနေ့ပွဲက အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲလို့ထင်ပါသလား "
" စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါပဲ "
" ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ ကစားပုံနည်းနည်းကြမ်းတယ်နော် "
" အနိုင်ရလိုစိတ်နဲ့ပါ "
" ဒီလောက်ပွဲကြမ်းနေပေမယ့် အ၀ါကတ်၊ အနီကတ်တွေထုတ်မသုံးခဲ့ဘူးနော်... အဲဒါ... ဘာဖြစ်လို့ပါလဲ... "
" နှစ်ကတ်စလုံး အိမ်မှာမေ့ကျန်ခဲ့လို့ပါ "
အကြံပြုလိုက်ပုံက
Company ပိုင်ရှင်သူဌေး၏ မော်တော်ယာဉ်ပျောက်ဆုံးသွားသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို သူ၏မန်နေဂျာ များနှင့်ဆွေးနွေးရာ
သူဌေး ။ ။ စီမံမန်နေဂျာ အကြံဥာဏ်ပေးပါဦး...
စီမံမန်နေဂျာ။ ။ ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်သူဌေး
သူဌေး ။ ။ အင်း... ဟုတ်တော့ဟုတ်ပါတယ်...ကဲ အုပ်ချုပ်မှုမန်နေဂျာ ပြောပါဦးခင်ဗျာ
အုပ်ချုပ်မှုမန်နေဂျာ။ ။ သံသယရှိတဲ့ လူတွေစာရင်းပြုစုပြီး ရဲစခန်းကိုပေးလိုက်တာကောင်းမယ်
သူဌေး ။ ။ ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ ကဲ...ငွေစာရင်းမန်နေဂျာကကောဘယ်လိုသဘော
ရလဲ
ငွေစာရင်းမန်နေဂျာ။ ။ သူဌေးရဲ့ ဘဏ်စာရင်းကို ကြည့်လိုပါတယ်
သူဌေး ။ ။ ဘာဖြစ်လို့လဲ
ငွေစာရင်းမန်နေဂျာ။ ။ ကားအသစ်တစ်စီးဝယ်ဖို့ မှတ်ချက်ပြုမလို့ပါ
ရပါတယ်
Company ပိုင်ရှင်တစ်ဦးက မန်နေဂျာရာထူးအတွက် လျှောက်ထားသူသုံးဦးအား လူတွေ့စစ်ဆေးမေးမြန်းလျက် ရှိရာ ထိုရာထူးအတွက် အင်ဂျင်နီယာဘွဲ့ရတစ်ဦး၊ ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးနှင့် စာရင်းအင်းကျွမ်းကျင်သူ တစ်ဦးတို့အား မေးခွန်းမေးရာ
ပိုင်ရှင်။ ။ ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလဲ...
အင်ဂျင်နီယာဘွဲ့ရ။ ။ ကိန်းဂဏန်းများတွက်ချက်နိုင်သည့်ပေတံကိုအိတ်ထဲမှထုတ်ကာစစ်ဆေးကြည့်ရှုပြီး
၎ရပါတယ်ဆရာ။
ပိုင်ရှင်။ ။ ခင်ဗျားကရော ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလည်းပြောပါဦး....
ကွန်ပျူတာကျွမ်းကျင်သူ။ ။ အိတ်ထဲမှဂဏန်းပေါင်းစက်ကိုထုတ်ကာခလုတ်များနှိပ်ပြီးနောက် ၄ရပါတယ်ဆရာ
ပိုင်ရှင်။ ။ ကဲ.... ခင်ဗျားလည်းပြောပါဦး.....
စာရင်းအင်းသမား။ ။ ပိုင်ရှင်၏မျက်နှာကိုအတန်ကြာစူးစိုက်ကြည့်ရှုပြီးမှ ဘယ်လောက်ဖြစ်စေချင်လည်း
ပြောပါဆရာ
ဖယ်ရှားလိုက်ပုံက
မြေးဖြစ်သူ၏လည်ချောင်းအတွင်း အိမ်ရိုက်သံတစ်ချောင်းဝင်သွား၍ ပုဂ္ဂလိကဆေးခန်းတစ်ခန်း၌ ခွဲစိတ်ဖယ်ရှား နေမှုကိုကြည့်ရှုနေသောတူဖြစ်သူအား အဘွားဖြစ်သူက ဖုန်းဖြင့်လှမ်းမေးခဲ့သည်။
" ဘယ်လိုနေလဲ "
" ခွဲစိတ်နေတုန်းပါပဲ "
" ကြာလိုက်တာ "
" ခက်ခက်ခဲခဲ ခွဲစိတ်နေရတယ် "
" လွယ်ပါ့မလား "
" ကြိုးစားနေကြပါတယ် "
" အဲဒီသံချောင်းက မထွက်သေးဘူးလား "
" ဟာ..... ထွက်သွားပြီ "
" ဟဲ့.... ဘာထွက်သွားတာလဲ သံချောင်းလား... "
" ဟုတ်ဘူး.... အသက် "
သြော် အလုပ်
Company တစ်ခုတွင်အလုပ်ချိန်ဝင်ချိန်အမြဲတမ်းနောက်ကျရောက်ပြီးအိမ်ပြန်ချိန်စော၍ပြန်တတ်သည့်ဝန်ထမ်း တစ်ဦးအား မန်နေဂျာကခေါ်ယူသတိပေးလေသည်။
" အလုပ်ဝင်ချိန်နောက်ကျပြီး ပြန်ချိန်ကျတော့ စောနေတယ် "
" ဟုတ်ကဲ့ပြင်ပါ့မယ် "
" နေ့လည်မှာလည်းလက်ဖက်ရည်သောက်ချိန်၊ ထမင်းစားချိန်၊ စကားပြောချိန်တွေကများပြီး အလုပ်ချိန်ကနဲနဲပဲ
ရှိနေတယ် ပြင်ပါ "
" ဟုတ်ကဲ့ပါ "
" တစ်နှစ်လုံးမှာ ခင်ဗျားအလုပ်ချိန်ကနဲနဲလေးပဲရှိနေတယ် ဒါကြောင့်...မနက်ဖြန်က တစ်နှစ်လုံးရဲ့နောက်ဆုံးနေ့ပဲ ၈နာရီအပြည့်အလုပ်လုပ်ရမယ် "
" မနက်ဖြန်ကျွန်တော့်နားရက်ပါဆရာ "
နှင်းဆီနက် ရေးထားသော ဟာသများဖြစ်ပါတယ်.. ကြိုက်လို့ ပြန်တင်ထားတာပါ.. ရီသောသူ အသက်ရှည်၏ တဲ့
နှင်းဆီနက် ဘလော့က တော့ ဒီမှာပါ
Wednesday, October 8, 2008
P K
တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ပြင်သစ်တစ်ယောက်နဲ့ အမေရိကန်တစ်ယောက် စားသောက်ဆိုင်တစ်ခုမှာ တွေ့ကြပါသတဲ့။ တစ်ခုံထဲမှာ အတူထိုင်ကြရင်း ဟိုအကြောင်း ဒီအကြောင်းပြောဖြစ်ကြတာပေါ့။ အဲဒီလို စကားပြောရင်းကနေ ပြင်သစ်ကြီးက စားလို့မကုန်တဲ့ပေါင်မုန့်အကျန်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါသတဲ့။ အဲဒါကိုမြင်တဲ့အမေရိကန်က ပြင်သစ်ကို နောက်ချင်စိတ်ပေါ်လာပါသတဲ့။ အမေရိကန်ကြီးက မေးလိုက်တယ်။
‘ခင်ဗျားတို့ပြင်သစ်လူမျိုးတွေက စားလို့မကုန်တဲ့ပေါင်မုန့်တွေကို ဒီလိုပဲ လွှင့်ပစ်တာပဲလားဗျ’
‘အင်းလေ… လွှင့်ပစ်တာပေါ့’
‘ကျုပ်တို့ဆီမှာတော့လွှင့်မပစ်ဘူးဗျ အဲဒီအကျန်တွေကို သိမ်းထားပြီး ပေါင်မုန့်လုံးလုပ်တယ်။ ပြီးရင် ခင်ဗျားတို့ ပြင်သစ်ကို
ပြန်တင်ပို့တယ်လေ..ဟဲဟဲ’
အဲဒီတော့ပြင်သစ်ကြီး စိတ်ညစ်သွားတယ်။ ဒါနဲ့တင် မပြီးသေးဘူး။
အမေရိကန်ကြီးက ဆက်မေးတယ်။
‘ခင်ဗျားတို့ဆီမှာ စားလို့မကုန်တဲ့ အသားတွေကိုရော ဒီလိုပဲ လွှင့်ပစ်တာပဲလားဗျ’
‘အင်းလေ.. လွှင့်ပစ်တာပေါ့ မပစ်လို့ဘာလုပ်ရမှာတုန်း’
‘ကျုပ်တို့ကတော့လွှင့်မပစ်ဘူးဗျ အဲဒါတွေကိုပြန်သိမ်းထားတယ်။ ပြီးရင် ဟမ်ဘာဂါ လုပ်ပြီး ခင်ဗျားတို့ဆီကို ပြန်ပို့တယ်..ဟဲ ဟဲ’
ပြင်သစ်ကြီးပေါက်ကွဲသွားတယ်။ ပြီးတော့ ဒီအမေရိကန်ကောင်ကိုတော့ ပြန်ပြီးပညာပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြင်သစ်ကြီးက ပြန်မေးတယ်။
‘ခင်ဗျားတို့ဆီမှာ သုံးပြီးသား Condom (ကွန်ဒုံး ) တွေကိုလွှင့်ပစ်သလားဗျ’
‘ဟာ..လွှင့်ပစ်တာပေါ့ဗျ ဘာလုပ်ရမှာတုန်း’ ဆိုတော့ ပြင်သစ်ကြီးက မိန့်မိန့်ကြီးပြန်ပြောလိုက်တယ်
‘အေး…. ကျုပ်တို့ဆီမှာတော့ လွှင့်မပစ်ဘူးဗျ အဲဒါတွေအကုန်ပြန်ပေါင်းပြီး ပီကေပြန်လုပ်တယ်။ ပြီးရင် ခင်ဗျားတို့ အမေရိကန်ကို ပြန်ပို့တယ်လေ ဟဲ ဟဲ ဟဲ….’ လို့လည်းဆိုရော အမေရိကန်ကြီးလည်း တစ်ခွန်းတည်းအော်ပြီး ပြေးပါလေရောတဲ့……ကြော်ငြာထဲကလိုဆိုရင်တော့ အောင်မလေး….သေပါပြီဟ ဆိုပြီးတော့ပေါ့
