Tuesday, September 30, 2008

လယ်သမား နှင့် ဂြိုလ်သား

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က
ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့
ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့
ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက
လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့
ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး
လစ်တော့တာပဲ"


PS....သူငယ်ချင်းတယောက် အီးမေးနှင့်ပို့ပေးတာကို ပြန်တင်ထားချင်း ဖြစ်ပါသည်.။

Wednesday, September 24, 2008

Peoples = Blueberries

People=Blueberries
At one night, 2 friends are sharing blueberries at home. At the time…
1st person said: “Some blueberries are sours” And then he’s stop eating the blueberries.
2nd person is keeping on eating and he said “yea ... some are sweets”.
1st person told him back: “Of course...Some are sours, so the rest are sweets. Everybody knows”.
2nd person is keeping on eating and he says “I just taste only sweets and I don’t notice and I don’t care”. And then he is finishing the blueberries...
At the same time I thought about life… Peoples are just like blueberries…We can’t know by just looking external appearances, whose are sweets and whose are sours. We can only notice after we deeply associate each others.
For me ... I will just take only sweet associates from peoples…
P.S: I don’t means to the 1st person who was eating with me at the night.
Thanks for reading my cogitations and I am just sharing my cogitations about Peoples=Blueberries.
You can shares to other if you like it and warmly welcome every comments and replies.
Thank you so much and wish you guys may have a beautiful life!

This bulletin is from my fri Adhipa Amara

Monday, September 8, 2008

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ-----"ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။"

ဧည့်သည်--------"နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----"ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။"

ဧည့်သည်---------"ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။"

အင်ဂျင်နီယာ----"ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။"

ဧည့်သည်------"တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။"

အင်ဂျင်နီယာ----"ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။"

ဧည့်သည်--------"အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----"ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား "

ဧည့်သည်-------"သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား"

အင်ဂျင်နီယာ----"ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ"

ဧည့်သည်--------"ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။"

ဧည့်သည်--------"ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?"

အင်ဂျင်နီယာ-----"စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ"

ဧည့်သည်-------"ဒါဆို ဘယ်လိုလုပ်ရမလဲ။"

အင်ဂျင်နီယာ----"ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက "ကိုယ့်ကို ခွင့်လွတ်မူ" "ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ" နဲ့ "ကိုယ်လိုချင်တဲ့ ကန့်သတ်မူ" ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ"

ဧည့်သည်-----"အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ "တည်ငြိမ်ခြင်း" နဲ့ "စစ်မှန်ခြင်း"က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား"

အင်ဂျင်နီယာ-----"ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်
တဲ့ ဖရီးဆော့ဝဲလ် တစ်ခုလို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲက ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း တခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့ ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ"

မှတ်ချက်။ ။မည်သူရေးလဲ ဆိုတာတော့ တိတိကျကျမသိပါ အီးမေးမှ တဆင့်ရ လို့ ကြိုက်လို့ တင်ထားခြင်းဖြစ်ပါသည်။မူရင်း ရေးသားသူကို ခွင့်တောင်းချင်ပေမယ့် မသိလို့ မတောင်းရသေးပါ ..ဟီး။သိသူများရှိက ပြောပြကြပါအုန်း

Saturday, September 6, 2008

How to Partition in Windows Vista

Window Vista တွင် Hard-disk ကို Partition ခွဲ ရာတွင် other third party application များ မလိုတော့ပေ။
အလွယ်တကူ အသုံးပြု လွယ်သော Feature တခုပါလာသည်။ အဲတာကတော့ Shrink ဆိုတာပါပဲ....
အောက်တွင်ဖော်ပြထားသော အချက်များအတိုင်းအလွယ်တကူ Partition များခွဲနိုင်ပါသည်။


၁. Start Menu -> Control Panel -> System and Maintenance -> Administrative Tools -> Double Click Computer Management -> Storage -> Disk Management. ကိုသွားပါ။


၂. ထို့နောက် partition ခွဲချင်သော Hardisk ကို Select လုပ် ကာ Right-click လုပ် ပါ။ ထို့နောက် Shrink Volume ကို နှိပ်ပါ။





၃.အောက်ပုံတွင်ပြထားသည့်အတိုင်းပေါ်လာလျှင် ကို ခွဲ ချင်သော Amount ကို ရီုက်ထည့်ပါ။ အများဆုံးခွဲနိုင်သော Amount ကို Default ပေးပြီးသားဖြစ်သည်။.....







၎.ရွေးပြီးသွားပြီ ဆိုရင် Shrink ကို ကလစ်နှိပ်ပါ။ အဲတာဆိုရင်တော့ New Partition တခု အသစ်ပေါ်လာပါပြီ ဒါပေမယ် သုံးလို့မရသေးပါဘူး။ New Partition ကို Right-Click လုပ်ပြီး Format လုပ်ရပါမယ်။ Format မလုပ်ရသေးလျှင် New Partition မှာ unallocated လို့ပေါ်နေပါလိမ့်မယ်။ Format လုပ်ချိန်က ကွန်ပျူတာ Speed ပေါ်မူတည် ပြီး အနဲ အများကွာပါတယ်။ (၁၅) မိနစ်ပတ် ၀န်းကျင် တော့ စောင့်ရပါတယ်။ Format က 100% ဖြစ်သွားပြီဆိုရင်တော့ New Partition ကို နာမည် နဲ့ Drive Letter ပြောင်းရပါမယ်(မပြောင်းချင်လဲရပါတယ်)။

မပြောင်းချင်သူများကတော့ Next ကိုသာ နှိပ်သွားယုံပါပဲ။








Volume Label မှာ ကတော့ ကိုထည့်ချင်တဲ့ နာမည် ကို ရိုက်ထည့်လိုက်ပါ... (eg.. Data,your name,Private)




အခုဆိုရင်တော့ New Partition တခု ရပါပြီ။ Hardisk က အနဲဆုံး 160Gb လောက်ရှိမှ ခွဲသင့်ပါတယ်။ 160Gb ထက်နဲမယ်ဆို ရင် ခွဲရသိပ်အဆင်မပြေလှပါဘူး........