Saturday, April 26, 2008

Net start & Net stop

ကွန်ပျူတာ မှာ မလိုတဲ့ Service တွေ ကို ရပ်ထား ရင် ကွန်ပျူတာ သုံးရတာ ပိုမြန်ပါတယ်။ ၀င်းဒိုးတွေက အော် တို service တွေကို run ထားတပ်ပါတယ်။ လုပ်ရတာ လွယ်လွယ်လေးပါ notepad တခုကို ဖွင့်ပါ။

NET STOP "Automatic Updates"
NET STOP "Computer Browser"
NET STOP "Cryptographic Services"
NET STOP "Diskeeper" အဲ ဒီ့လိုမျိုး ရိုက်သွားယုံပါပဲ။

ပြီးရင် save တဲ့ အခါ နောက် ကနေ dot b a t( .bat) ထည့်ပေးရပါမယ်။ example file name "netstop.bat"
အဲဒီလိုပါ။
နောက် notepad တခုကို ဖွင့်ပြီး service တွေ ကို start ပြန်လုပ်ရပါတယ်။

NET START "Automatic Updates"
NET START "Computer Browser"
NET START "Cryptographic Services"
NET START "Diskeeper"

ပြီး ရင် dot bat (.bat) ဆိုပြီး အနောက်ကထည့်ပေးယုံပါပဲ။

အဲဒီလို stop နေရာမှာ Start ပြောင်းပေးလိုက်ယုံပါပဲ။

ကို့ ကွန်ပျူတာက service တွေကို ကြည့်ချင်ရင်တော့ my computer ကို right-click နှိပ် ပြီး services ဆိုတဲ့ Tab မှာ ကြည့်လို့ရပါတယ် မလိုတဲ့ service တွေ ကို stop ထားရင် ကွန်ပျူတာ သုံးရတာ ပိုမြန်ပါတယ်.
netstart.bat နဲ့ netstop.bat ဆိုပြီး ဖိုင်(၂) ဖိုင် save မှတ်ထားလိုက်ယုံပါပဲ ...

Saturday, April 19, 2008

Chinese rolls style Phone

ဒါလဲ ဖုန်းပါတဲ့ဗျာ ခဲတံ နဲ့တောင်တူပါသေးတယ် ဖုန်းပြောချင်ရင် အရင်ခတ်က စာရေးတဲ့ ၀ါးလိပ် ကလေးတွေလို အပြင်ကို ဆွဲထုတ် ပြီးတော့ ပြော ရမှာ ပါတဲ့ ထွင်လဲ ထွင်နိုင် ပါတယ် ... လေးစားပါတယ်.



Sony Vaio Notebook

Sony က အသစ်ထုတ်မယ့် Vaio Notebook ပါ LCD က အသုံးမပြု ရင် ဟိုဘက်ဒီဘက် ဖောက်မြင်နေရပြီး ၀င်းဒိုး တက်လာမှ ပေါ်လာမယ့် ပုံပါ.. စတိုင်လ် က တော့ အမိုက်စားမို့ ဈေးနှုန်းကတော့ အမိုက်စား ဖြစ်လောက်ပါတယ် keybord ကလဲ Tourch screen ပါ.. ရှယ်ပဲ တလုံးလောက် ၀ယ်ပေးကြပါလား ခင်ဗျာ...အကူ အညီတောင်းကြည့်တာပါ..ဟီး



USB watch


ဒီနာရီကတော့ စိတ်ကူးအဆင့်မှာပဲ ရှိသေးတယ်လို့ထင်ပါတယ် ..တကယ်တမ်းသုံးမယ်ဆိုရင် နာရီ ကြီး ချွတ်ချွတ် ပြီး ကွန်ပျူတာမှာ တတ်ရမှာနဲ့ နာရီ အလေးချိန် ကြောင့် USB port နာမှာနဲ့ သိပ်အသုံးမတည့်လောက်ပါဘူး...
ဝေဖန်တာပါ....... :P


သစ်သား Notebook

သစ်သားနဲ့ လုပ်ထားတော့ အကြမ်း ခံ မခံ တော့ မသိပါဘူး Wood Tablet Note-Book လို့ ပြောပါတယ်

ကျွန်တော့် တော့ သိပ်မကြိုက်လှပါဘူး။ ကြိုက်လဲ မ၀ယ်နိုင်ပါဘူး..ဟီးဟီး..


Portable CD player

ဒါကတော့ ခရီးဆောင် CD player လေးပါ Flash Drive ထက် နဲနဲ ပဲ ကြီးမယ်လို့ ထင်ပါတယ် ...
လိုချင်စရာလေးပါပဲ တကယ်တမ်းအသုံးဝင်မလားတော့ မပြောတတ်ပါဘူး အခုခတ်က mp3 Player တွေ ပေါမှ ပေါ တဲ့ ခေတ် ဆို တော့......







ဒီဖုန်းကတော့ ဘာဖုန်းမှန်းမသိပါဘူး အီးမေးက နေ ရလို့ တင် လိုက်တာပါ.. :D




ဒီဖုန်း ကတော့ ပရိုဂျက်တာ သေးသေးလဲ နဲ့ ဖုန်းပါ LCD မပါတော့ပါဘူး.... နံပါတ် (၂) အပေါ် နားကနေ Lens လေးနဲ့ထိုးထားတာပါ နံရံတွေပေါ်ကိုလဲ ထိုးပြီးတော့ကြည့်လို့ ရပါတယ် နေရောင် ရှိတဲ့ နေရာတွေ မှာဆို ရင်တော့ အသုံးဝင် နိုင်ပါ့မလား ? တကယ်ကြည့်လို့ ရအောင်လုပ်ထားလားဆို တာကတော့ စဉ်းစား စရာပါ။

Nokia ဖုန်း


Nokia ရဲ့ ဖုန်းအသစ်ပါ ဖုန်းနဲ့ တောင် မတူတော့ပါဘူး... နာရီလိုလို လက်ပတ်တခု လိုလိုနဲ့ပါ.. Model ကတော့
Nokia 888 လို့ ပြောတာပါပဲ စိတ်ကူးရင် လား တကယ်လက်တွေ့ မှာ ထွက်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့










ဒါကတော့ ဆို နီ notebook အသစ်ပါ LCD က ဟိုဘက်ဒီဘက် ဖောက်မြင်နေရပါတယ် ၀င်းဒိုး တက်လာမှ စကရင် က ပေါ်လာမှာ ဖြစ်ပါတယ်







နည်းပညာပိုင်းနဲ့ ပတ်သတ်ပြီး အရမ်းကို လိုက်မမှီနိုင် လောက်အောင်ကို ဒီဇိုင်းတွေ ဆန်းလာပါတယ် ...



ဒီဖုန်းကတော့ ပရီုဂျက်တာ အသေးစား လေးပါတယ်လို့ ထင်ပါတယ် နံပါတ် ၂ အပေါ်နားလောက်ကနေ Lens နဲ့ ထိုးတာပါ ....








Friday, April 18, 2008

Gtalk idle


တော်တော် များများတော့ သိပြီးကြပြီလို့ထင်ပါတယ် ဒီ software ကတော့ ကို့စက်ထဲ မှာသွင်းထား ရင်
ဂျီတော့ ကို သုံးနေ လဲ idle အဖြစ် ၀ါနေမှာ ဖြစ်ပါတယ်
software ကို install လုပ်လိုက်ပြီး taskbar က ဂျီတော့ icon လေး ပေါ်ကို right-click လုပ် always idle ကို ရွေးထား ရင် ကို ကွန်ပျူတာကို သုံးနေလဲ ဂျီတော့ မှာတော့ idle ပြပြီးတော့ ၀ါနေမှာပါ... ကို အလုပ်ရှုပ်ပြီး ဂျီတော့လဲ ၀င်ထားချင်တယ်ဆိုရင်တော့ ဒီ ဆော့ဝဲလေးက အထောက် အကူ ပြုနိုင်ပါတယ်........
Be Idle. Be Available. It's Your Choice.


Game တွေကို ဒေါင်းပြီး full version ဆော့မယ်

ဂိမ်း ၀ါသနာရှင်များအတွက် ပါ..
အင်တာနက် မှာ ဂိမ်းတွေကို trail version ကို Download လုပ်ခွင့်ပေးထားပါတယ်. အဲတာကို full version ဆော့ ချင်ရင်တော့ ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုပါဘူး .. Flash drive လေး တခု ရှိရင် ရပါပြီ။ ဘယ်လိုလုပ်ရမလဲဆိုတော့
ပထမ Metacafe ကနေပြီးတော့ ကို ကစားချင်တဲ့ ဂိမ်း ကို
၁.Download အရင်လုပ် လိုက်ပါ..
၂.Download ပြီးသွားပြီဆိုရင် စက်ထဲမှာ Install လုပ်လိုက်ပါ..
၃.Complete ဖြစ်သွားပြီဆို ရင် ဂိမ်းကို Launch မလုပ်သေးပဲထွက်လိုက်ပါ.
၎.ပြီးသွားရင် Flash Drive ကို ကွန်ပျူတာတွင် တက်ပြီး Copy လုပ်ပါ
၅. ပြီးလျှင် Flash Drive ကို ကွန်ပျူတာမှ ဖြုတ်ပါ....
၆.ထို့နောက် စက်ထဲ ရှိ ပထမ Install လုပ်ထားသော ဂိမ်းကို uninstall ပြန်လုပ် ပါ..
၇. Flash Drive ကို ကွန်ပျူတာတွင် ပြန်တက်ပြီး Folder တခု ဆောက်ကာ ပထမ Copy လုပ်ထားသော ဂိမ်း ဖိုင်ကို ပြန်ကူးပါ
၈. ဒါဆိုရင် ဂိမ်းကို Full version အနေနဲ့ ဆော့လို့ရပါပြီ ၁ နာရီ ပြည့်တာနဲ့ auto ရပ်မသွားတော့ပါ
Meatcafe ဆိုဒ်မှ ဂိမ်းများကို သာ ယခုလို လုပ်လို့ရပါသည်. ကျန်ဆိုဒ်များ မှ ဂိမ်းများကို တော့ ယခုလို လုပ်ပြီး ဆော့လို့ မရပါခင် ဗျာ...

wallpaers လှလှလေးတွေ

Thursday, April 17, 2008

ငါ ဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ်

လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ငါဟာ တစ်ဆယ့်နှစ် နှစ်သားပေါ့
ငါနားလည် တဲ့ အရာက
ဂျီကျဖို့ နဲ့ ဂျင်ပေါက်ဖို့ပဲ။

ဒီလိုနဲ့ ခုနှစ်တွေကို တဟုန်ထိုးဖြတ်သန်း
သားချော့တေး မဆိုတော့တဲ့ အမေ ဟာ
မျက်နှာမှာ အရေးအကြောင်း တွေပိုများလာတယ်။
ဒါဟာ......ဇရာကပြောတဲ့ဘာသာစကားလားလို့
ငါ.........
ကမူးရှူးထိုး စိုးရိမ်ပစ်ခဲ့ပေါ့။

၁၀တန်းကို
နှစ်ချင်းပေါက် ကျရှူံးပြီး ချိန်မှာတော့
ဘ၀ဆိုတာကို ဝေေ၀၀ါးဝါး
ငါနားလည်ခဲ့

ဘ၀က
ပြသဒါးလိုက်
ရက်ရာဇာလိုက်၊
ကိုယ့်အိမ်မက်နဲ့ကိုယ်
ငါကျေနပ်နေလိုက်တယ်။

စွယ်တော်ဒိုင်ယာရီကို
ဖျက်ဆီးပစ်လိုက်ပြီ။
ငါ့နဲ့ချစ်သူ
မနှစ်က ပြတ်ဆဲပြီးပြီလေ..........
ဒါနဲ့ ဆယ်စုနှစ်တစ်ခုဟာ
ဘယ်လောက်ကြာသလဲ။
ရေပွက်ထဲက ရေပွက်လေးလား.........
အိပ်မက်ထဲက အိပ်မက်လေးလား.........။ ။

စွယ်တော် ရွက်

ငါ့အသံကိုကြားရဖို့ အတွက်
မင်းရဲ့စိတ်တခါးကို ဖွင့်ထား.......။
တို့နှစ်ယောက်အတွက်
အချိန်မလိုဘူး
နေရာမလိုဘူး
စိတ်ချင်းကသိပ်နီးလွန်းတယ်မလား။

ကျိန်တွယ်ပြီးသောက်ခဲ့တဲ့ သစ္စာရေထက်
နှလုံးသွေးက ပိုပြီးတည်တံ့ခဲ့။

ဒီစကားလုံးလေး....................
မုသားမပါပဲလက်ာချောတယ်
`ချစ်တယ်´ ကွယ်။

နောက်ဆုံးပြောရရင်....
ငါတို့ရဲ့ နမိတ်ပုံမှာ
ဘယ်တော့မှ ဖန်ခွက်မကွဲဘူး။ ။

ရည်းစား စကား

တွေးကြည့်ပါအုန်း
နင်သာ ယောက်ျား လေး တယောက်ဖြစ်ခဲ့ ပြီး
နင်သာ မိန်းခလေး တယောက်ကို ချစ်ခဲ့ မိရင်
သမိုင်းအဆက်ဆက်က လက်ဆင့်ကမ်းခဲ့တဲ့ စကား
နင်ပြောမိမှာ အသေအချာပဲ

တွေးကြည့်ပါအုန်း
ချစ်တယ် ဆို တဲ့ စကားမှာ...........
စိတ်ဆိုးစရာဘာများပါခဲ့လဲ
ရိုးသားချင်းဟာ
အဖြူထည် ဖြစ်တဲ့အတွက်
နင် မမြင်နိုင်မှာ စိုးတယ်

ငါ့ ကဗျာမှာ နင်ပျော်ဝင်နိုင် ပါစေ
နင့် ရင်ဘတ် မှာ ဒူးထောက် နေတဲ့
ငါ့အတွက်
နတ်ဖုရား မရေ............
ပြစ်ဒဏ် တခုခုတော့ချမှတ်.............

ငါ့ဝိဥာဉ် ရဲ့ ထမြောက်ရာ
တေးသွားတို့ သီကြူးတဲ့ မင်းရဲ့နှလုံးသား တစ်စုံလုံးဟာ
ငါ့အတွက်မို့ ငါကျေနပ်တယ်
လိပ်ပြာတွေ မတွေ့တဲ့ ဥယျာဉ်ထဲက ပန်းကလေးကို
ဝတ်ရည်ချိုချို နဲ့ ယစ်မူးခွင့်ပြုပါ။

အရာရာ အလေးအနက်မထားတဲ့ငါ
ခုမင်းနဲ့ကြမှ ရာဇ၀င် ပြောင်းပြန်ဖြစ်ပေါ့
မင်းအကြောင်းတွေးတိုင်း ပန်းတစ်ပွင့် ပွင့်မည်ဆိုပါလျှင်
ပန်းခင်းကြီးတွေ အလယ်မှာ မင်းထာဝရ မှေးစက်နိုင်တယ်ချစ်သူ

ငါ့အတွက်နင်ဟာ
ခံစားချက်ဖြစ်တည်စေတဲ့ မှော်ဂါထာ တစ်ပုဒ်ပါ
ကိုယ့်နှလုံးသားကို ခံစားမှု ကျိန်စာချခဲ့တဲ့ ချစ်သူ
မင်းရင်ခွင်ကို ထာဝရသိမ်းပိုက်ခွင့်ပြုပါ။

အလွမ်းကျိန် စာ

လွမ်းတယ် ကောင်မလေးရယ်
နင်မပါပဲ ငါ့ရဲ့နေ့ရက်တွေကိုသောက်သုံးရတာ မချိုမြိန်တော့ဘူး
နင်လွှမ်းခြုံထားတဲ့ နေရာမှာပဲ
ငါ့ဘ၀ ရှင်သန်ချင်တယ်

မင်းခြွေချခဲ့တဲ့ နေ့ရက်ကလေးတွေကိုပဲ
ငါ အငမ်း မရမော့သောက်ရမှာပေါ့
ငါ့ကိုယ်ငါ ကျေကျေနပ်နပ်အမိခံခဲ့တဲ့
အလွမ်းကျိန်စာဟာ
နင်မရှိသရွှေ့ ပြယ်မှာမဟုတ်တော့ပါဘူး.........................

အတိတ် စိတ်

အိပ်ခန်းလေးတောင် တိတ်ဆိတ်နေပြီ............
ရယ်သံလွင်လွင်များနဲ့......
အလိုမကျတဲ့အခါ ပြောတတ်တဲ့
ရန်စကားလေးတွေကို တမ်းတနေမိတယ်။

အလွမ်းဆိုတာ.........ချွန်ထက်တဲ့မြှားတစ်စင်းလို
ငါ့ရင်တည့်တည့် စိုက်လို့ပေါ့..။
တကယ်ပြောတာပါ
အဲဒီ... မြှားတန်းလန်းနဲ့ပဲလိုက် ခဲ့ချင်တယ်
သူများတွေအတွက် အချိန်ကုန်မြန်တယ်ဆိုတဲ့စကား
ငါ့အတွက်တော့မှားတယ်။ ။

ပြကဒိန် က ရက်စွဲတွေကို ဆော့ပင်နဲ့ခြစ်ရင်း...........
ငါ.............နာရီကသိုဏ်း ရှုတတ်နေပြီ

သံသရာ

ငါနင့်ကို လွမ်းနေတုန်းကပေါ့.........
မေမေ ပျိုးထားတဲ့ နှင်းဆီပင်လေးကို
ရေဖျန်း ဖူးတယ်။

နင့်ကို ငါသတိရတုန်းကပေါ့..
အိမ်ရှေ့ကခုံကလေးမှာထိုင်ပြီး
စိတ်ကူးနဲ့ကဗျာ စပ်ဖူးတယ်။ ။

ဒီလိုနဲ့ပဲ........
...သတိရလိုက်......
လွမ်းလိုက်......
တမ်းတလိုက်....
နေသားတကျ ဖြစ်လာတဲ့ အလွမ်းက
ငါ့အတွက်...
နံနက်ခင်းကို သယ်ဆောင်မလာချင်ဘူး။ ။

နှင်းဆီ အိမ်မက်

ငါခိုနားဖူးတဲ့ ရင်ခွင်က
မနေ့က နှင်းဆီနဲ့အတူ
ကြွေပြီ............
တိတ်တိတ် ဆိတ်ဆိတ် နေထိုင်
ဘ၀ကို မျက်ကန်းနေသူ တစ်ယောက်
ဝင်သက်ထွက်သက်မှာ
အလွမ်းရနံ့ မကင်းဘူး။

အလင်းပျပျ လရောင်
ငါရယ်..........ညရယ်..................အနုပညာရယ်
မဆုံးနိုင်အောက်ရွက်လွင့်ဆဲ
တချိန်တုန်းက အိပ်မက်ကလေးအတွက်
ငါ့ကဗျာဟာ မီးတောက်ထဲသို့ယောင်လဲ
ညီမလေးရေ..........
အလွမ်းမှာ ဆင်ခြေဆင်လက်မရှိဘူး

မျက်ဝန်းတို့ဝေသီ
တစ်ကိုယ်တော် စိတ်အဆွေးနဲ့
ဒီတေးချင်း ကို ဖွဲ့တယ်
ငါ့နှင်းဆီက
မနေ့က ရင်ခွင်မှာလွင့်လိ့ကြွေ

ဒီလိုနဲ့ပဲ ကဘာဟာ
`လ´ ကို တပတ်ပြီး တပတ်ပတ် တယ်
ချစ်မိသူ တစ်ယောက်ရဲ့ရာဇ၀င်မှာ
အရှူံးကြီး ရှူံးတာဟာပဲ
ပန်းပွင့်ထက် ချိုလေရဲ့.............

ဘ၀အက်အက်ကို
ခေါင်းလောင်းလုပ်ထိုးတော့
အလွမ်းအက်အက် သာထွက်ကြလာလေရဲ့.......
အဝေးကမိုးရာသီလေး
ဘယ်ပင်လယ်အတွက် ငိုကြွေးနေမလဲ

ဂျစ်ပစီ ညကို အဖော်ပြုလို့
ကိုယ်.............ဂစ်တာလွယ်လိုက်တယ်
အဖော်ခေါင်းပါးနေတဲ့ ဂီတနဲ့
တိတ်တဆိတ် ဆိုညည်း
ကလေးရေ.....လွမ်းတယ်။

အလုပ် ထွက် သွားသော ဥယာဉ်မှူး

ဥယာဉ်မှူးမရှိရင်
ရှင်သန်ခွင့် မရှိတဲ့ အပင်လိုမျိုး
တလောကလုံး ညိုရော်ခြောက်သွေ့
ငါ့ရဲ့..............မိုးဥတုလေးရေ............
လက်ကိုင်ပ၀ါလေးများ..............ဗီရီုထဲမှာ
ထိုင်ခုံအိုလေး ဖုန်တက်လို့
ညဘက်တွေကြားနေရတာက
ပင့်ကူများ ရဲ့ လှောင်ရယ်သံ
အိပ်မက်တွေ မက်လား၊မမက်လား?
မမှတ်မိတော့
ပူပူ အေးအေး................
တမ်းတစိတ်ကတော့အသွင်ပြောင်းမသွားခဲ့ဘူး

ဟေ့................
ဒီမှာ..................................မင်းမမြင်နိုင်တဲ့ ဝေဒနာ
ငါ့ကို ပြန်လည် စိမ်းလန်းခွင့်ပေး.....................

နံနက်ဦးတုန်းက..
ကျေးငှက်ကလေးတွေရဲ့ တစာစာ အသံမှာ
နင့် နာမည် ပါလာ မလား
ငါရှာကြည့် ဖူးတယ်။
ကလေးရယ်....
တို့နှစ်ရောက် ချစ်ခဲ့သမျှ
ဝေးကြရဖို့လား.......။

ကိုယ်တို့ရဲ့အဖြစ်အပျက်ကို
တစ်ကဘာ လုံးကြားအောင်
အော်ဟစ်ပစ်လိုက်မယ်။
သူတို့ ဘယ်လိုအကြံပေးကြမလဲ
ကိုယ် နားစွင့်ချင်ပါသေးရဲ့............

မင်းပါးပြင်လေး ခိုးနမ်းဖူးတဲ့
တစ်ခါတုန်းက ည ၁၂း၅၁ မိနစ်ကို
လွမ်းတယ်............
အတူတူ ဆိုညည်းဖူးတဲ့
သီချင်းစာသားတစ်ပိုင်းတစ်စကိုလွမ်းတယ်။

ဘယ်သူတွေဘာပြောပြော
အခုအချိန်မှာ
ကိုယ်ဟာ အရာရာကို လွမ်းပစ်လိုက်ဖို့
အဆင်သင့်ဖြစ်နေပြီ။

ပုံပြင်လေး မပြီးဆုံးပါစေနဲ့ဦး
ဇူလိုင် မိုးစက်တို့နဲ့အတူ
ထီးတစ်ချောင်းအောက်
နှစ်ယောက် အတူတူ ခိုလှုံချင်သေးတယ်။ ။

တောင် ပံ ခတ်လို့ မရတဲ့ည

မြူ နှင်းဝေတဲ့ ဆောင်းဦးမှာ
ကိုယ့်နတ်သမီးကို တွေ့တယ်
ကိုယ့်ဂီတကို နားဆင်ပါ
ပြီးတော့............
ရန်ခုန်သံကို ကြားယောင်ပါ။

ကောင်းကင်တော်မှာပွင့်တဲ့ပန်း
ကိုယ်ကတော့ အချစ်လို့..................
ကိုယ့်နှလုံးသားနဲ့မြင်တယ်။

မင်းကြောင့်ပေါ့.........
စိတ်ကူးတို့ချိုတယ်
အိပ်မက်တိုင်း မွှေးတယ်
စိတ်ကူးချိုချို ရနံ့ မွှေးမွှေး
မင်းအသံလေးကိုပဲ ကြားချင်တယ်။

ကျဆုံးခွင့်ပြုပါ။
အဖြူရောင် အလံတစ်လက်
လူမသိ သူမသိ ရင်ခုန်သံ တချို့တ၀က်နဲ့
မင်းရှေ့မှာ.............................
ကျဆုံးခွင့်ပြုပါ။ ။

လကလဲမလင်း၊ ကြယ်ကလဲမလင်း
မိုးစက်တွေနဲ့ ရုပ်ပျက်တဲ့ည
တစ်ချိန်တုန်းက...........ဆိုတာကလွဲရင်
ဘာကိုမှ သိပ်မမှတ်မိချင်တော့ဘူး
အဲဒီရနံသေတွေ...
ငါ့အခန်းမှာ စိုထိုင်း နေတာကလည်း
ညစဉ် ညတိုင်း မပျက်...........
ှဓါတ်ပုံထဲက ချစ်သူဟောင်းကလဲ
ဆေးသား မပြယ့်တပြယ် အပြုံးနဲ့
ငါ့ကိုချွေးသိပ်တုန်း..။
မင်းအစားညောင်းလိုက်တာကွယ်

အဲဒီလိုညမျိုးမှာပဲ
ကိုယ့်ဂီတနဲ့ ကိုယ် ရူးသွပ်နေခဲ့
တေလေတို့ရဲ့ ပလက်ဖောင်းတေးသံ........
တစ်ချက် တစ်ချက် မှာ မိုးစက် ကို ဖောက်ထွက်လာတယ်။
သေချာနား စိုက်ထောင်ပါဦး
ခွေးတစ်ကောင်ရဲ့မြည်သံစွဲလင်္ကာံကိုလဲ
မင်းကြားရလိမ့်မယ်.................

နံနက်ခင်းရောက်ရင် ပွင့်မယ်
နှင်းဆီလိုမျိုး
မင်း.....လှပမွှေးမြပါစေ

အိပ်မက်တွေ
တခမ်းတနားမက်ခဲ့သူ
ခု....မင်းရှေ့မှာပြိုလဲပြီ။
ရွှေအိုရောင်အဆင်းနဲ့လင်းချင်းတောက်ပ
ကိုယ့်ညတို့ရဲ့နတ်သမီး
တစ်သက်မှာ တစ်ခါ
ဘ၀မှာ မင်းတစ်ရောက်ထဲကိုပဲချစ်တယ်။

ကိုယ့်က ဘာမှမဟုတ်ခဲ့ပါဘူး
ဒီလိုပဲ တစ်ခါတစ်ခါမှာ
အားငယ် ခြောက်သွေ့ဖူးတယ်။
ဘ၀မှာ နာကျည်းစရာတွေကြုံလာတိုင်း
မျက်စိကိုတင်းတင်းပိတ်
မင်းနာမည် လေးကို တိုးတိုးရွတ်နေမိတယ်။