Thursday, April 17, 2008

လကလဲမလင်း၊ ကြယ်ကလဲမလင်း
မိုးစက်တွေနဲ့ ရုပ်ပျက်တဲ့ည
တစ်ချိန်တုန်းက...........ဆိုတာကလွဲရင်
ဘာကိုမှ သိပ်မမှတ်မိချင်တော့ဘူး
အဲဒီရနံသေတွေ...
ငါ့အခန်းမှာ စိုထိုင်း နေတာကလည်း
ညစဉ် ညတိုင်း မပျက်...........
ှဓါတ်ပုံထဲက ချစ်သူဟောင်းကလဲ
ဆေးသား မပြယ့်တပြယ် အပြုံးနဲ့
ငါ့ကိုချွေးသိပ်တုန်း..။
မင်းအစားညောင်းလိုက်တာကွယ်

အဲဒီလိုညမျိုးမှာပဲ
ကိုယ့်ဂီတနဲ့ ကိုယ် ရူးသွပ်နေခဲ့
တေလေတို့ရဲ့ ပလက်ဖောင်းတေးသံ........
တစ်ချက် တစ်ချက် မှာ မိုးစက် ကို ဖောက်ထွက်လာတယ်။
သေချာနား စိုက်ထောင်ပါဦး
ခွေးတစ်ကောင်ရဲ့မြည်သံစွဲလင်္ကာံကိုလဲ
မင်းကြားရလိမ့်မယ်.................

No comments: