Sunday, March 29, 2009

ရေပွဲတော်

မိုးစက်လေးတပေါက် နှစ်ပေါက်ကြရုံနဲ့ပဲ
နွေခေါင်ခေါင်မှာ
ပိတောက်ဟာ အတောင်တဖျပ်ဖျပ်ခါ လို့
တပင်လုံးကို အ၀ါရောင်ချယ်တယ်

သြဥ ဟာ သင်္ကြန်ကို ကိုက်ချီ
နွေရာသီအလယ်ကို ပြစ်ချထားခဲ့တယ်
ကဲ.. ဘာ တဲ့ လဲ
...တူးပို့........တူးပို့......ဆိုတဲ့အသံ...
ခင်ဗျားကြားရပြီမဟုတ်လား


မြနန္ဒာ ပဲ ဖွင့်ဖွင့် အနောက်တိုင်းတေးသွားပဲ ဖွင့်ဖွင့်
ဘောင်းဘီ ကျပ်ကျပ်ပဲ ၀တ်ဝတ်
ဘောင်ဘီ ပွပွ ပဲ ၀တ်ဝတ်
ဘာဖြစ်ဖြစ်လေ..............
အစဉ်အလာ ဟာ ကျွန်တော်တို့သွေးကြောထဲမှာ စီးဆင်း စဲ


နွေဥတုမှာ သက်တံ့ကဖြာတယ်
ရေတွေပေတဲ့ ၀တ်စုံကို ၀တ်လို့...
ကျွန်တော်.........
ဒီတခါ နှစ်ကူးချိန်
နာမည်ကျော် အင်းယားလမ်းမှာရှိနေမယ်...

Wednesday, March 25, 2009

နှင်းဆီလက်ဆောင်

မနေ့ကအထိတော့သေချာတယ်
ဘယ်သူ့တယောက်ကိုမှ ငါ.....
ရင်မခုန်ဖူးခဲ့တာ..
ခုတော့.........
နံနက်ခင်းနှင်းဆီနဲ့အတူ...
ဗီးနပ်စ် ရဲ့ ဘာသာစကား
ငါနားလည်သွားခဲ့ပြီ....

အဲဒီ့ အချိန်က စလို့ပေါ့..
မျက်ဝန်း တစုံဟာ ငါ့နှလုံးသားကို သိမ်းပိုက်
အလံ နီ စိုက်ထားခဲ့တယ်..............

ချစ်ချင်းတရားဆိုတာ.....
ဆောင်းလိုဖြူပြီး နွေလိုပူလောင်တယ်
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ စိုက်ပျိုးခဲ့ပြီ
အိမ်မက်၊ရင်ခုန်သံ၊ယုံကြည်မှုတို့နဲ့
နှင်းစီပွင့်မဲ့နေ့ကို စောင့်မယ်...........

Sunday, March 22, 2009

မိုးဥတု (၂)

မိုးစက်တွေနဲ့ ကလကာ ဖွင့်ခဲ့ ပြီး
မိုးစက်တွေကြားမှာ မှုန်ဝါးခဲ့ပေါ့
ဘယ်သူမှ ကြိုတင်မမြင်နိုင်ခဲ့ သလို ငါတို့ ဟာလဲ
ကံကြမ္မာ ရဲ့ အကွက်ရွှေ့ချင်းကို ခံခဲ့ရတဲ့ နယ်ရုပ်တွေ မဟုတ်လား

သေလောက်အောင်လွမ်းဖို့ရာ
ငါတို့ချစ်ခဲ့ကြလား

ဖေဖော်ဝါရီ ၂၃
ဒဂုံတက္ကသိုယ် ၂၀၂ ဘက်စ်ကား
မင်းသိပ်ကြိုက်တဲ့ ဂန့်ဂေါ် ရနံ့တို့
ငါ့ဘ၀မှာ အနက်ရှိုင်းဆုံး ဆူးနစ်ဆဲ

အိမ်မက်ကို ကိုးကွယ်နေတတ်ယုံကလွဲလို့
ငါဟာ....
လမ်းမပေါ်က
ခပ်တုံးတုံး ငနဲ တကောင်ပဲ မဟုတ်လား

ရည်မှန်းချက်တွေ ပြိုကွဲ
ပန်းတိုင်မဲ့ ခြေလှမ်းတွေနဲ့
ငါ လမ်းပျောက်ဆဲပါ

အိပ်ယာဝင်အလွမ်းတွေနဲ့ ကိုယ်ဆုတောင်းနေမယ်
တခြားတယောက်ရဲ့ အရိပ်မှာ
ငါ့ချစ်သူ ပျော်ရွင်နိုင်ပါစေ
ကိုယ်ကတော့
နှလုံးသားတခြား လူတခြားနဲ့
လမ်းမှားကိုလျှောက်နေတုန်း

ငါဟာ...........

နိမိတ်ကောင်းတဲ့ အိမ်မက်တွေ မက်ဖို့အတွက် အလွမ်းမရှိဖို့လိုတယ်
နက္ခက်မှားနေတဲ့ ငါ့ကမ္ဘာမှာ အရာရာဟာ အ၀ါရောင်တောက်နေဆဲ

နဂိုရည်ပျက်နေတဲ့ နှလုံးသားနဲ့
ငါဟာ...........
တစုံတယောက်ရဲ့
ရက်စက်မှုမှာ
ခိုကိုးရာမဲ့
ပျော်ဝင်နေပေါ့
တယောက်ထဲကိုပဲ ချစ်ခဲ့တယ်
တယောက်ထဲကိုပဲ လွမ်းနေမယ်

မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ငါပုန်းကွယ်နေမယ်

Saturday, March 14, 2009

ဆေးအသစ်

ဆေးပညာလောကမှ ပညာရှင်များသည် မိန်းကလေးများအပေါ် ယောင်္ကျားလေးများကိုယ်ချင်းစာတတ် စေရန်နှင့် ကိုယ့်ရင်သွေးအပေါ် ပိုပြီးတွယ်တာမှုရှိစေရန်အတွက် ဆေးတစ်မျိုးကို ထုတ်လုပ်လိုက်သည်..ထိုဆေး၏အာနိ
သင်မှာ ဇနီးဖြစ်သူကို ထိုဆေးတိုက်လိုက်ခြင်းဖြင့် ..ဇနီးဖြစ်သူမီးဖွားချိန်တွင် အိမ်တွင်ကျန်ခဲ့သည့်အမျိုးသားမှာ ဇနီးဖြစ်သူခံစားရသည့် ဝေဒနာနှင့်ထပ်တူထပ်မျှခံစားရမည်ဖြစ်သည်.. ထိုဆေးကိုစမ်းသပ်ရန်အတွက် ပထမဦးဆုံးလင်မယားတစ်တွဲကို ရွေးချယ်လိုက်ကြသည်... ထို့နောက်ဇနီးဖြစ်သူအား ထိုဆေးကို တိုက်လိုက်သည်.. သို့သော် ဆေး၏အာနိသင်အကြောင်းကို လျှို့ဝှက်ထားကြသည်... သို့နှင့် အမျိုးသမီးဖြစ်သူမီးဖွားသည့်ရက်ကိုရောက်လာသည်... မီးဖွားပြီးအမျိုးသမီးဆေးရုံတွင်ရှိနေချိန်၌ ဆေးပညာရှင်များက ယောင်္ကျားထံဖုန်းဆက်ပြီး... ဆေးပညာရှင်။ ခင်ဗျားမနေ့ညက ခင်ဗျားမိန်းမကလေးမွေးနေချိန် .... ဘယ်လိုခံစားရလဲ... ယောင်္ကျား။ ဟင့်အင်း.. ဘယ်လိုမှ မခံစားရပါဘူ... ဆေးပညာရှင်။ သေချာလို့လား.. ဘာဆိုဘာမှမဖြစ်ဘူးလား... နည်းနည်းလေးထူးခြားတာတောင် မရှိဘူးလား.. ယောင်္ကျား။ ဘာမှတော့မဖြစ်ပါဘူး.. အင်း... ထူးခြားတာတော့ရှိတယ်ဗျ... ဆေးပညာရှင်။ (အလောတကြီးလေသံဖြင့်) မြန်မြန်ပြောစမ်းပါ.. ဘာထူးခြားတာလဲ... ဆေးပညာလောကအတွက် အရမ်းအရေးကြီးလို့ပါ... ယောင်္ကျား။ ဘာမှမဟုတ်ပါဘူးဗျာ... အိမ်ဘေးကကောင်ပေါ့... တစ်ညလုံးတအီးအီး..တအားအားနဲ့ အော်နေတာ... အိပ်လို့ကိုမရဘူး... ဟွန်း... ကလေးမွေးတာကျနေတာပဲ

Monday, March 2, 2009

ကိုယ်ချစ့်တဲ့သူကို ဖွင့်ပြောဖို့ နောက်မကျပါစေနဲ့

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲအထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို့ဘ၀ကအထီးကျန်လိုက်တာ..။ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။ကောင်လေး - ဘာ game လဲ..။ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ့ပေါ့...ဘယ်လိုလဲ..။ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကိုCircusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အိုကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေးသတိမထားမိလိုက်ဘူးတဲ့..။ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကိုတောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် busအတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်းလမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီgame ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို့game ရဲ့နောက်ဆုံးနေ့လေ..။ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေးမကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။စာထဲမှာရေးထားတာကတော့........"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်းဝမ်းနည်းပက်လက်ငိုပါတော့တယ်....။"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကိုအရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgameလေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေးမင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...အရမ်းနောက်မကျသွားခင်ပေါ့.........။

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစားလိုက်ပါတယ်။အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကိုကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲအဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲသွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကိုဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကိုအိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါကဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံကအလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအိုအလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအိုပွတ်သုတ်လိုက်တယ်။အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ရှင်သန်နေရသူဖြစ်တယ်။ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီးကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေတတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကိုပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီကမန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအိုဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူအဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာရှင်သန်ခဲ့ရတယ်။အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစနေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မအရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကားနာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲသားဝင်လာခဲ့တယ်။ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်းသားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"လို့ တောင်းဆိုလိုက်တယ်။"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေသား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနနသူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"လို့ မြေးအကြီးက တောင်းဆိုတယ်။"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံကမဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလိုလုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအိုခေါင်းညိတ်မိလိုက်တယ်။ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးကတိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီးအခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကိုအော်ဟစ်လိုက်တယ်။"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကိုလွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံကပိုကျယ်လောင် နေပါတယ်။"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီညထမင်းစားရဖို့ မစဉ်းစားနဲ့တော့"အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကိုလုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကိုအသံမြင့် လှည့်ပြောလိုက်တယ်။"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်ကအရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအိုမကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်းပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့နွေးထွေးလာခဲ့ပါတယ်။

ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!


ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?""ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။နိုင်းနိုင်းစနေ ဘာသာပြန်သည်။