Wednesday, October 28, 2009

In botany, a leaf is an above-ground plant organ specialized for photosynthesis. For this purpose, a leaf is typically flat (laminar) and thin. There is continued debate about whether the flatness of leaves evolved to expose the chloroplasts to more light or to increase the absorption of carbon dioxide. In either case, the adaption was made at the expense of water loss. In the Devonian period, when carbon dioxide concentration was at several times its present value, plants did not have leaves or flat stems. Many bryophytes have flat, photosynthetic organs, but these are not true leaves. Neither are the microphylls of lycophytes. The leaves of ferns, gymnosperms, and angiosperms are variously referred to as macrophyll, megaphylls, or euphylls.

Wednesday, June 10, 2009

ဝါသနာ

ဟုတ်ကဲ့ အမ နှင်းဆီ နက်ရဲ့ အတင်း အကျပ် စေခိုင်းမှုကြောင့် နောက်ဆုံးမှ ရေးဖို့ ကြံထားပေမယ့် အခု ရေးရပါ ပြီ ...ဟီးဟီး... ဘာဝါသနာပါလဲ.. မေးရင် အကုန်လုံးနီးပါးကို ၀ါသနာပါနေတာခက်ပါတယ်... အားကစားမှာ ဆိုရင် တော့ Basketball ၀ါသနာပါ ပါတယ် . ဆော့လဲ ဆော့ပါတယ်.. တကယ်တမ်းပြောရရင် စာကျက်တာကလွဲရင် တော်တော်များများကို ၀ါသနာပါ ပါတယ်... နောက်ပိုင်း ကြီးလာတော့ ကွန်ပျူတာကို စိတ်ဝင်တစား လေ့လာဖြစ်ပါတယ် ၀ါသနာလဲ တော်တော်ပါပါတယ် ပထမ ဆုံး ကွန်ပျူတာ ကို ၀ါသနာပါလာတာကတော့ ဂိမ်း ကြောင့်ပါ .. ကျွန်တော် ၅ တန်းလောက်တုန်းက မှ ကွန်ပျူတာ စကိုင်ဖြစ်တာပါ.. အဲတုန်းက 1995 ပေါ့ ကွန်ပျူတာ ဖွင့်ရင် ဖဲ ရိုက်တယ်. Paint မှာ ပုံဆွဲ ဒီလောက်ပါပဲ.. ဖိုဒါ တွေ ဖိုင်တွေ ကို အခုလို တခါထဲဝင်လို့ မရသေးပါဘူး လွယ်လွယ်နဲ့ MS.Dos ကို အသုံးများပါသေးတယ်.. အဲကစတယ်ဆိုပါတော့ ၀ါသနာ အပါဆုံးက တော့ ကွန်ပျူတာပါ...အဲ အမနှင်းဆီနက်လိုပဲ ဟင်းချက်တာလဲ ၀ါသနာပါပါတယ်.. မီးဖိုထဲ ရှိသမျှ အကုန်ထည့်ပြီး ချက်ပါတယ် ဟင်းတခွက်ချက်မယ်ဆို အဲတာကြောင့် အမြဲ တမ်းအရသာက ထူးနေပါတယ်(ကောင်းကောင်း မကောင်းကောင်း ထူးတော့ ထူးတာပါပဲ) ဟီးဟီး.. နောက်ပိုင်းတော့ သေသေချာချာ ချက်တတ်လာပါတယ်(ချက်တင် မဟုတ်ဖူးနော်) အခု တော့ မချက်ချင်လဲ မရတော့ပါဖူး ၀ါသနာအခံ လေးကယ်နေလို့ ပဲ နေ့ ည မှန်မှန်စားနေရ တာပေါ့.. နောက်မို့ ရင် ငတ်ပြီပဲ ချက်မစားလို့ကတော့... စေတနာရှိရင် လာချက်ပေးနော်.. အခြောက်အခြမ်း ကြော်ပြီးပို့ပေးချင်တယ်ဆိုလဲ ရပါတယ်.. ဟီးဟီး. စာအုပ်ဖတ်တာလဲ ၀ါသနာပါ ပါတယ် ဗဟုသုတ ရသ ဟာသ ၀တ္ထု အကုန်ဖတ်ပါတယ်.. မိုးအေးအေး နေ့ လေးတွေဆို စောင်ထဲက မထွက်ပဲ စာအုပ်လေး တအုပ်နဲ့ ကွေး နေရတဲ့ အရသာကို စာဖတ် ၀ါသနာပါတဲ့ သူတွေ ခံစားဖူးမှာ ပါ၊ ပြီးတော့ သူများကို နှောက်ယှက်ရတာ နဲ့ နောက် ရတာကို အလွန်မှ ၀ါသနာပါ ပါတယ်.. တချို့ ဆို စတာမခံ နိုင်တော့လို့ စိတ်ဆိုး သွားကြတာ ခနခနပါပဲ.... :D အခု တလော ၀ါသနာပါနေတာကတော့ ဓါတ်ပုံရိုက်တာ ပါပဲ.Facebook မှာတောင် Album လုပ်ပြီး ရိုက်ထားတဲ့ ပုံတွေ တင်ထားပါသေးတယ်.. ကြည့်ချင်တဲ့လူတွေ ပြောနော် လင့်ပေးမယ်. :P ..
ဘာရေးရမှန်းမသိတော့ ဖူး ဟီးး ဒီမှာပဲ ရပ်လိုက်တော့မယ်...

Friday, June 5, 2009

တိတ်ဆိတ်မှုတွေသာစိုးမိုး
အမှောင်တွေကြီးစိုးတဲ့ညတွေမှာ
စောင့်မျှော်သူမရှိတဲ့
အဖော်မဲ့အခန်းငယ်ဆီ
အိမ်ပြန်ချိန်တွေ ငါကြောက်တယ် ….။

ဒီလိုနဲ့
မင်းဟာငါ့ဘ၀ထဲကိုဝင်ရောက်
အမှောင်ကိုမကြောက်ပဲ
ငါ့အိမ်အပြန်လမ်းတွေ တောက်ပလာခဲ့တယ်…။


တိတ်ဆိတ်တဲ့ င့ါအခန်းငယ်ထဲ
ကော်ဖီတခွက် ကွန်ပြူတာတလုံးနဲ့
ခုတော့..ငါ့ညတွေအဓိပါယ်ရှိခဲ့ပြီ…။

Thursday, May 28, 2009

ဒီအချိန် နင်ဘာတွေများလုပ်နေမလဲ
ဘယ်သူနဲ့များ ချစ်နေမလဲဆိုတာ
တွေးလိုက်မိတိုင်း
နင့်အနားမှာ ရှိမနေနိုင်တဲ့
ငါ့ဘ၀ကို နာကျည်းမိတယ်…။
ချစ်ခဲ့တာဝေးကြဖို့မဟုတ်ပေမယ့်
ဝေးရဖို့ကြိုတင်မျှော်လင့်ထားရတဲ့
ငါ့ဘ၀ကိုလည်း နာကျည်းမိတယ်…။

ဖြစ်နိုင်မယ်ဆိုရင်
နင့်ဘေးနားမှာအရိပ်လိုနေ
နင်နဲ့အတူ စကားတွေဖောင်ဖွဲ့ ချင်နေပေမယ့်
အခုတော့..
နင့်ဘေးနားက မိန်းမလှတွေကိုငေးကြည့်
ဘာမှမဖြစ်သလို ဟန်ဆောင်ထားရတဲ့
ငါ့ဘ၀ကိုလည်း နာကျည်းမိတယ်…။

Friday, May 22, 2009

Honey

ပြင်းရှရှမင်းအချစ်တွေအောက်မှာ မိန်းမောရမယ့်အစား
မင်းရင်ခွင်မှာမှီတွယ်ပြီး
ပုန်းခိုမှေးစက်ခွင့်ကိုပဲ ပိုမက်မောမိပါတယ်…။

မင်းအနားက နတ်မိမယ်တွေလောက်
စူးရှရှမတောက်ပနိုင်ပေမယ့်
မင်းအတွက်
မှိန်ဖျော့ဖျော့လေးလင်းခွင့်ရရင်ပဲ
ငါကျေနပ်ပါတယ်…..။

ဆုံဆည်းခြင်းဆိုတာ ငါ့အတွက်မဟုတ်ခဲ့ရင်တောင်
မနက်ဖြန်တိုင်းမှာမင်းရှိတယ်ဆိုတဲ့အသိနဲ့
ခဏတာချစ်ခွင့်ရခဲ့ရင်ပဲ…
တဘ၀တာ သိမ်းဆည်းထားလိုက်မှာပါ…ချစ်သူ။

Sunday, March 29, 2009

ရေပွဲတော်

မိုးစက်လေးတပေါက် နှစ်ပေါက်ကြရုံနဲ့ပဲ
နွေခေါင်ခေါင်မှာ
ပိတောက်ဟာ အတောင်တဖျပ်ဖျပ်ခါ လို့
တပင်လုံးကို အ၀ါရောင်ချယ်တယ်

သြဥ ဟာ သင်္ကြန်ကို ကိုက်ချီ
နွေရာသီအလယ်ကို ပြစ်ချထားခဲ့တယ်
ကဲ.. ဘာ တဲ့ လဲ
...တူးပို့........တူးပို့......ဆိုတဲ့အသံ...
ခင်ဗျားကြားရပြီမဟုတ်လား


မြနန္ဒာ ပဲ ဖွင့်ဖွင့် အနောက်တိုင်းတေးသွားပဲ ဖွင့်ဖွင့်
ဘောင်းဘီ ကျပ်ကျပ်ပဲ ၀တ်ဝတ်
ဘောင်ဘီ ပွပွ ပဲ ၀တ်ဝတ်
ဘာဖြစ်ဖြစ်လေ..............
အစဉ်အလာ ဟာ ကျွန်တော်တို့သွေးကြောထဲမှာ စီးဆင်း စဲ


နွေဥတုမှာ သက်တံ့ကဖြာတယ်
ရေတွေပေတဲ့ ၀တ်စုံကို ၀တ်လို့...
ကျွန်တော်.........
ဒီတခါ နှစ်ကူးချိန်
နာမည်ကျော် အင်းယားလမ်းမှာရှိနေမယ်...

Wednesday, March 25, 2009

နှင်းဆီလက်ဆောင်

မနေ့ကအထိတော့သေချာတယ်
ဘယ်သူ့တယောက်ကိုမှ ငါ.....
ရင်မခုန်ဖူးခဲ့တာ..
ခုတော့.........
နံနက်ခင်းနှင်းဆီနဲ့အတူ...
ဗီးနပ်စ် ရဲ့ ဘာသာစကား
ငါနားလည်သွားခဲ့ပြီ....

အဲဒီ့ အချိန်က စလို့ပေါ့..
မျက်ဝန်း တစုံဟာ ငါ့နှလုံးသားကို သိမ်းပိုက်
အလံ နီ စိုက်ထားခဲ့တယ်..............

ချစ်ချင်းတရားဆိုတာ.....
ဆောင်းလိုဖြူပြီး နွေလိုပူလောင်တယ်
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ စိုက်ပျိုးခဲ့ပြီ
အိမ်မက်၊ရင်ခုန်သံ၊ယုံကြည်မှုတို့နဲ့
နှင်းစီပွင့်မဲ့နေ့ကို စောင့်မယ်...........

Sunday, March 22, 2009

မိုးဥတု (၂)

မိုးစက်တွေနဲ့ ကလကာ ဖွင့်ခဲ့ ပြီး
မိုးစက်တွေကြားမှာ မှုန်ဝါးခဲ့ပေါ့
ဘယ်သူမှ ကြိုတင်မမြင်နိုင်ခဲ့ သလို ငါတို့ ဟာလဲ
ကံကြမ္မာ ရဲ့ အကွက်ရွှေ့ချင်းကို ခံခဲ့ရတဲ့ နယ်ရုပ်တွေ မဟုတ်လား

သေလောက်အောင်လွမ်းဖို့ရာ
ငါတို့ချစ်ခဲ့ကြလား

ဖေဖော်ဝါရီ ၂၃
ဒဂုံတက္ကသိုယ် ၂၀၂ ဘက်စ်ကား
မင်းသိပ်ကြိုက်တဲ့ ဂန့်ဂေါ် ရနံ့တို့
ငါ့ဘ၀မှာ အနက်ရှိုင်းဆုံး ဆူးနစ်ဆဲ

အိမ်မက်ကို ကိုးကွယ်နေတတ်ယုံကလွဲလို့
ငါဟာ....
လမ်းမပေါ်က
ခပ်တုံးတုံး ငနဲ တကောင်ပဲ မဟုတ်လား

ရည်မှန်းချက်တွေ ပြိုကွဲ
ပန်းတိုင်မဲ့ ခြေလှမ်းတွေနဲ့
ငါ လမ်းပျောက်ဆဲပါ

အိပ်ယာဝင်အလွမ်းတွေနဲ့ ကိုယ်ဆုတောင်းနေမယ်
တခြားတယောက်ရဲ့ အရိပ်မှာ
ငါ့ချစ်သူ ပျော်ရွင်နိုင်ပါစေ
ကိုယ်ကတော့
နှလုံးသားတခြား လူတခြားနဲ့
လမ်းမှားကိုလျှောက်နေတုန်း

ငါဟာ...........

နိမိတ်ကောင်းတဲ့ အိမ်မက်တွေ မက်ဖို့အတွက် အလွမ်းမရှိဖို့လိုတယ်
နက္ခက်မှားနေတဲ့ ငါ့ကမ္ဘာမှာ အရာရာဟာ အ၀ါရောင်တောက်နေဆဲ

နဂိုရည်ပျက်နေတဲ့ နှလုံးသားနဲ့
ငါဟာ...........
တစုံတယောက်ရဲ့
ရက်စက်မှုမှာ
ခိုကိုးရာမဲ့
ပျော်ဝင်နေပေါ့
တယောက်ထဲကိုပဲ ချစ်ခဲ့တယ်
တယောက်ထဲကိုပဲ လွမ်းနေမယ်

မင်းရဲ့ မမြင်ချင်ယောင်ဆောင်မှုမှာ
ငါပုန်းကွယ်နေမယ်

Saturday, March 14, 2009

ဆေးအသစ်

ဆေးပညာလောကမှ ပညာရှင်များသည် မိန်းကလေးများအပေါ် ယောင်္ကျားလေးများကိုယ်ချင်းစာတတ် စေရန်နှင့် ကိုယ့်ရင်သွေးအပေါ် ပိုပြီးတွယ်တာမှုရှိစေရန်အတွက် ဆေးတစ်မျိုးကို ထုတ်လုပ်လိုက်သည်..ထိုဆေး၏အာနိ
သင်မှာ ဇနီးဖြစ်သူကို ထိုဆေးတိုက်လိုက်ခြင်းဖြင့် ..ဇနီးဖြစ်သူမီးဖွားချိန်တွင် အိမ်တွင်ကျန်ခဲ့သည့်အမျိုးသားမှာ ဇနီးဖြစ်သူခံစားရသည့် ဝေဒနာနှင့်ထပ်တူထပ်မျှခံစားရမည်ဖြစ်သည်.. ထိုဆေးကိုစမ်းသပ်ရန်အတွက် ပထမဦးဆုံးလင်မယားတစ်တွဲကို ရွေးချယ်လိုက်ကြသည်... ထို့နောက်ဇနီးဖြစ်သူအား ထိုဆေးကို တိုက်လိုက်သည်.. သို့သော် ဆေး၏အာနိသင်အကြောင်းကို လျှို့ဝှက်ထားကြသည်... သို့နှင့် အမျိုးသမီးဖြစ်သူမီးဖွားသည့်ရက်ကိုရောက်လာသည်... မီးဖွားပြီးအမျိုးသမီးဆေးရုံတွင်ရှိနေချိန်၌ ဆေးပညာရှင်များက ယောင်္ကျားထံဖုန်းဆက်ပြီး... ဆေးပညာရှင်။ ခင်ဗျားမနေ့ညက ခင်ဗျားမိန်းမကလေးမွေးနေချိန် .... ဘယ်လိုခံစားရလဲ... ယောင်္ကျား။ ဟင့်အင်း.. ဘယ်လိုမှ မခံစားရပါဘူ... ဆေးပညာရှင်။ သေချာလို့လား.. ဘာဆိုဘာမှမဖြစ်ဘူးလား... နည်းနည်းလေးထူးခြားတာတောင် မရှိဘူးလား.. ယောင်္ကျား။ ဘာမှတော့မဖြစ်ပါဘူး.. အင်း... ထူးခြားတာတော့ရှိတယ်ဗျ... ဆေးပညာရှင်။ (အလောတကြီးလေသံဖြင့်) မြန်မြန်ပြောစမ်းပါ.. ဘာထူးခြားတာလဲ... ဆေးပညာလောကအတွက် အရမ်းအရေးကြီးလို့ပါ... ယောင်္ကျား။ ဘာမှမဟုတ်ပါဘူးဗျာ... အိမ်ဘေးကကောင်ပေါ့... တစ်ညလုံးတအီးအီး..တအားအားနဲ့ အော်နေတာ... အိပ်လို့ကိုမရဘူး... ဟွန်း... ကလေးမွေးတာကျနေတာပဲ

Monday, March 2, 2009

ကိုယ်ချစ့်တဲ့သူကို ဖွင့်ပြောဖို့ နောက်မကျပါစေနဲ့

ကောင်လေး - ငါတို့ တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။ကောင်မလေး -ဟုတ်တယ်နော်....တစ်ခြားသူငယ်ချင်းတွေမှာချစ်သူတွေကိုယ်စီရနေပြီ....။ တို့ အုပ်စုမှာ တို့ ၂ယောက်ဘဲအထီးကျန်ပြီးကျန်ခဲ့တာ...။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ့ ..။ ငါတို့ဘ၀ကအထီးကျန်လိုက်တာ..။ကောင်လေး - ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ...။ကောင်မလေး - ဒီလိုလုပ်ပါလား..ငါတို့ game တစ်ခုကစားရအောင်...။ကောင်လေး - ဘာ game လဲ..။ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ့ ရက် ၃၀ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ့ပေါ့...ဘယ်လိုလဲ..။ကောင်လေး - ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး...။ သဘောတူတယ်ကွာ..။ပထမနေ့ -သူတို့ ၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။၎ ရက်မြောက်နေ့ - သူတို့ တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်...။သာယာတဲ့အချိန်လေးတစ်ခုသူတို့ ရခဲ့ကြတယ်ေလေ..။၁၂ရက်မြောက်နေ့  -ကောင်လေးကကောင်မလေးကိုCircusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့ကောင်မလေးကရုတ်တရက်လန့် ပြီးကောင်လေးလက်နဲ့ ..ဘေးကလူကြီးလက်မှားကိုင်မိလို့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။၁၄ရက်မြောက်နေ့ - သူတို့ လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ့တော့ သူတို့ ရှေ့ရေး ၀င်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက.."ကလေးတို့ ..ကလေးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ"....တဲ့..။ အမယ်အိုကြီးရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေစို့ နေတာကိုတော့ ကောင်လေးနဲ့ ကောင်မလေးသတိမထားမိလိုက်ဘူးတဲ့..။ရက် ၂၀မြောက်နေ့ - သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကိုတောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို့ တွေ့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်...။ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။၂၈ရက်မြောက်နေ့ - သူတို့ နှစ်ယောက် busအတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်းလမ်းကြမ်းတော့ကားကခုန်နေတာပေါ့..။ အဲဒီမှာကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။၂၉ရက်မြောက်နေ့ ည ၁၁နာရီ ၃၇မိနစ်... ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက် သူတို့ ဒီgame ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို့game ရဲ့နောက်ဆုံးနေ့လေ..။ကောင်လေး - ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို့ ..။ကောင်မလေး- ဒါဆို Apple juice ၀ယ်ခဲ့ပေးပါလား..။ thank you နော်..။ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်...။မိနစ်၂၀လောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်...။သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား....။ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လို့ လဲဟင်..။သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ...အဲဒါ..........သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေးမကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်....။ည၁၁နာရီ ၅၇မိနစ်.... ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ့ စာတစောင် ကမ်းပေးလိုက်တယ်...။ဆရာဝန်က၀မ်းနည်းတဲ့အသံနဲ့ ...ဒါကျနော်တို့ကောင်လေးရဲ့အိတ်ထဲကရတာပါ...ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ့ ဖွင့်ဖတ်လိုက်တာပေါ့..။စာထဲမှာရေးထားတာကတော့........"ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်အရမ်းအရမ်းချစ်မိသွားပြီကွာ...။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်...။ဘ၀တစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့...။ အရမ်းချစ်တယ်ကောင်မလေးရယ်....။ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်းဝမ်းနည်းပက်လက်ငိုပါတော့တယ်....။"ကောင်လေးရယ်...မသေပါနဲ့ နော်...မသေပါနဲ့ ... တို့ လည်းမင်းကိုအရမ်းချစ်ပါတယ်..။ တို့ တွေတောင်ပေါ်သွားတဲ့နေ့ ကိုမှတ်မိသေးလားဟင်...။ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ့ လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို့ မင်းနဲ့ ဒီgameလေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို့ တို့ ဆုတောင်းခဲ့တယ်သိလား.....၊ကျေးဇူးပြုပြီးတို့ ကိုမထားခဲ့ပါနဲ့ နော်...။ကောင်လေးမင်းကိုငါချစ်တယ်သိလား...တို့ ကိုခွဲသွားလို့ မဖြစ်ဘူးနော်....။"နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်.... ရက် ၃၀ ပြည့်တဲ့အချိန်ပေါ့.........။ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်......ကိုယ်ချစ်တဲ့သူ ကို ချစ်တဲ့အကြောင်းခုဘဲဖွင့်ပြော လိုက်ပါ...အရမ်းနောက်မကျသွားခင်ပေါ့.........။

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။ မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစားလိုက်ပါတယ်။အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကိုကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲအဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာဖြစ်တယ်။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ဟင်းရွက်တစ်ချို့ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး။ထမင်းစားချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ်။ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲသွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ်။ ဒါဟာ အဘွားအိုရဲ့နေ့စဉ်အလုပ်ဖြစ်တယ်။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျောမပေးခဲ့ဘူး။"မေမေ.. ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး။ ဘာဖြစ်လို့ သူ့ပန်းကန်ကိုဆေးမပေးရတာလဲ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ?"အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ်။"ကလေးက ကလေးနေရာမှာ နေစမ်း။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကိုအိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား? သူစားတဲ့ခွက်ကို ငါကဆေးပေးရဦးမှာလား? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ။အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ်။ ပိုက်ဆံကအလကား ရတာမဟုတ်ဘူး" အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့စကားကို အဘွားအိုအလွတ်ရလုနီးနေပါပြီ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအိုပွတ်သုတ်လိုက်တယ်။အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်ပြန်မပြောရဲခဲ့ဘူး။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမေ့မျက်နှာ အရိပ်အကဲနဲ့ရှင်သန်နေရသူဖြစ်တယ်။ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီးကုတင်ပေါ် ထိုင်ချလိုက်တယ်။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "ဘွားဘွား .. မေမေကို မမုန်းဘူးလားဟင်" လို့မေးလိုက်တယ်။"မြေးလေးရယ်... အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ။ ထမင်းတစ်လုပ်စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ။ အမုန်းဆိုတာ မရှိသင့်ဘူး။ မြေးမေမေတတွတ်တွတ်ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ" မြေးကိုပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ်။"ဟဲ့ .. ဒီကောင်မ.. ဘယ်သွားနေတာလဲ? ကိုယ့်အခန်းထဲ ဝင်နေစမ်း" ချွေးမရဲ့အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ်။ ကုတင်ပေါ်အဘွားအို လဲချလိုက်တယ်။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ညတွေ နည်းလာခဲ့တယ်။ ကုတင်ပေါ်လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ်။အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ်။ သားက အဲဒီကုမ္ပဏီကမန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ်။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့သားနဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ်။ ချွေးမက လက်ထပ်ပြီးစမှာယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ်။ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ်။မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ်။မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ? အဘိုးအိုဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ်။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့မျက်လုံးကွယ်ခဲ့ရတယ်။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့ဗီဇရုပ်ပေါ်လာတာပါပဲ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ်။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူအဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာရှင်သန်ခဲ့ရတယ်။အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင်နေရောင်ခြည်၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ ရက်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ။စစစစစစစစစစစစစစစစစစစ စစစစစစစစစစစစစစစစစစစစစစစစစစစနေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ်။ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင်အပြင်မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း.. ဒီနေ့လာမဲ့ဧည့်သည်တွေက လူကြီးလူကောင်းတွေ.. မျက်ကန်းအဘွားကြီးကြောင့် ကျွန်မအရှက်မကွဲစေနဲ့၊ ရှင့်နာမည် မပျက်စေနဲ့နော်" လို့ မှာတယ်။ မယားစကားနာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ်။အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲသားဝင်လာခဲ့တယ်။ခုတစ်လော မြို့မှာကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့အိမ်ပြန်ရောက်လာခဲ့တယ်။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက်အသား၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင်ချက်ကျွေးတော့တယ်။"ရပြီ.. မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး" သားပန်းကန်ထဲဟင်းတွေထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ "မေမေ .. ဘွားဘွားကိုလည်းသားတို့နဲ့ အတူတူစားခိုင်းပါလား? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ"လို့ တောင်းဆိုလိုက်တယ်။"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး။ ဘယ်နားစားစား အတူတူပဲလေသား။ အခန်းထဲမှာစားတာ သူကျင့်သားရနေပါပြီ"အဘွားအပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ်။နနနနနနနနနနနနနနနနနနနနနနနနနနန နနနနနနနနနနနနနနနနနနနနနနနနနနနသူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြောပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ်။"သားတို့က ဘွားဘွားကောင်းဖို့အတွက်ပါ သားတို့ပြောသလိုသာ လုပ်ပါ ဘွားဘွား"လို့ မြေးအကြီးက တောင်းဆိုတယ်။"ဆရာမက ပြောတယ် "လူကြီးမိဘတွေကို ရိုသေလေးစားရမယ်" တဲ့။ မေမေ လုပ်ပုံကမဟုတ်သေးဘူး။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး။ သမီးတို့ ပြောသလိုလုပ်ပါနော် ဘွားဘွား" မြေးမလေးက ဝင်ထောက်ပြန်တယ်။"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွားလက်ခံနိုင်ပေမယ့်ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး။ သားတို့ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအိုခေါင်းညိတ်မိလိုက်တယ်။ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး။ မြေးကြီးကတိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာပစ်ချလိုက်တယ်။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့...ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီးအခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကိုအော်ဟစ်လိုက်တယ်။"ဘာဖြစ်လို့ ထွက်လာရတာလဲ? အခုချက်ချင်း ပြန်ဝင်စမ်း"ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကိုလွတ်ချလိုက်တယ်။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံကပိုကျယ်လောင် နေပါတယ်။"ကြည့်စမ်း .. ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ်။ အေး.. ဒီညထမင်းစားရဖို့ မစဉ်းစားနဲ့တော့"အဲဒီအချိန်မှာ မြေးကြီးက "အဘွားကလဲကွာ.. ပန်းကန်ကိုလုပ်ခွဲလိုက်ရတယ်လို့။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့"ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကိုအသံမြင့် လှည့်ပြောလိုက်တယ်။"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား။ ဒီပန်းကန်ကအရမ်းအရေးပါတာ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက်မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ?"သားရဲ့စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာငုံ့ထားမိတယ်။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအိုမကြားခဲ့ရတော့ဘူး။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်းပြောင်းလဲလာခဲ့တယ်။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့နွေးထွေးလာခဲ့ပါတယ်။

ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!


ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?""ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, February 23, 2009

တစ်ရက် ၅၀၀စား

တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........၀က်ဝံကသေသွားတော့ အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ ၀က်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရောသူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..ကျားက သူ့နားရွက်နားကိုလာနမ်းတယ်ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်...." မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "

မှတ်ကရောဟ..

ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ် သည်။

အရူး

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..""မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်..""မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်..""မဆင်းဘူးဆရာ...မဆင်းဘူး"ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်ကအဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..""ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ဆရာဝန်က......"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ..""ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ..""ဟေ..."

သိပြီလား

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်က လူနာများကိုမေးသည်။"37............37............37""ဘာလို့  37 လို့ အော်နေရတာလဲ"လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း"37............37............37""ဘာလိုအဲဒီလိုအော်နေကြတာလဲ"လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။"ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။"38.............38.............38"

သိသားနဲ့ ...

တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့တစ်ခါထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ...))))ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်ကြက်တူရွေးက ။ ။ ဟိုအမကြီးအမျိုးသမီး။ ။ ဘာတုန်းကြက်တူရွေး။ ။ဟဲ.....ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ.....

ခေါ်လိုက်စမ်းပါ...


တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကိုတိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်ခင်ဗျ""အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများကထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်းဆီသို့ ဖုန်းဆက်လိုက်သည်။"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား""အေး ခွဲသွားတယ်ကွ""အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကိုဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"

(ရယ်ရင်စိတ်ဆိုးမှာ နော်....အဟီး :P)

စာသင်ခန်းမှာ မသင်တဲ့အရာ


၁) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။၂) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။၃) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။၎) အင်္ဂလိပ်ဘာသာက စကားလုံး အများဆုံးစာဖြစ်ပြီး အရေအတွက် ၁သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာ ရှိတယ်။၅) ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။၆) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က အရောင်ကို ပြောင်းနိုင်စွမ်းရှိသေးတယ်။၇) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှားနိုင်တယ်။၈) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာ ဆွဲခဲ့ရတယ်။၉) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်း ပိုကောင်းတယ်။၁ဝ) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက် ကြာရှည်ခံတယ်။စာသင်ခန်းထဲမှာ မသင်ခဲ့ရတော့ ဟုတ်မဟုတ် မသိဘူးးD

နိုင်းနိုင်းစနေ

Sunday, February 22, 2009

၂၀၀၉ ခုနှစ် မြန်မာစာမေးခွန်း

၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။
အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။
(ခ) အောက်ပါနာမ်တို့ကို "ကွက်လပ်" တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။
နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။
(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။
အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။
၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။
အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ ချစ်တိုင်းလဲမညား၊ တောဂေါ်လီ၊ င့ါကိုချစ်တဲ့သူ။
(ခ) အောက်ပါတို့မှ ငါးခုကို ၀ါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသောစာရွက်အချို့မှ ခိုးချပါ။
ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းများစွာနဲ့၊ မရှက်မကြောက်၊ အလွမ်းပြေ၊ အိမ်ကိုပြန်ခဲ့တော့။
(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခုကိုသက်ဆိုင်ရာသင်ခန်းစာများတွင်မည်သို့သုံးထား ကြောင်းနှင့် အဘယ်ကြောင့်ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှချုံ့လာသောစာရွက်ဖြင့် ကူးဖြေ ပါ။
ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊
လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊ ပိုးပြောင်ကြီးပုဆိုးပေါက်သကဲ့သို့ (ဥပမာ)။
၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ၊ မဖြေချင် အိပ်နေပါ။
(၁) "ငါ့သမီး …… စာကျက်နေတယ်" ကဗျာကို မည်သူရေးသနည်း။
(၂) "ဟို… အတုံး၊ ထိန်ထိန်ဝါ" ဟူသည် အဘယ်နည်း။
(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ "တင်" ပြပုံကို ဖော်ပြပါ။
(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။
(၅) "ငါ့ရုပ်သည် သာချော၏" ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား ပျော့ပြောင်းပုံကို ဖော်ပြပါ။
(၆) "သူသာလျှင် အသားအမည်းဆုံး" ကဗျာကို မည်သူရေးသနည်း။
(၇) "တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ" စာသား၏ အဓိပ္ပါယ်ကို ရေးပါ။
(၈) "ငါ့ရဲ့အချစ် …… ယူပါဦးလား" ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏ ခံစားချက်ကိုရေးပါ။
၎။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။
"အမေပြောတော့ငယ်သေးတယ်၊ ရေချိုးမှသိကွယ်" ကဗျာ၏ အဓိပ္ပါယ်ကှို စာစစ်အဖွဲ့အကြိုက်တွေ့အောင်
ဖြီးဖြန်းရေးသားပါ။
(သို့)
"ရင်ထဲမှာ ဘာညာဘာညာ" ကဗျာမှ ခံစားရသော ရသကို ရေးပါ။
(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။
(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည်ကို ဖော်ပြပါ။
(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။
(၃) "မောင့်ဘ၀…..လင်းတနား" ဟူသည် အဘယ်နည်း။
(၄) စီးချင်းတိုက်ပွဲတွင် လောက်လေးဂွကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။
(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။
(၆) "ပညာသင်ခါ ဘောင်းဘီမပါ" ကိုမည်သူရေးသနည်း။
(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။
(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။
သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊ သူ့ကိုယ်သူ သက်မွန်မြင့်နှင့် တူပုံ၊ ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။
(သို့)
"လင်မယားရန်ပွဲ" မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။
၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။
ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…"သန်း"၊ အချိန်မတော်၊
ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊ ၀င်ကြေးသုံးရာတန်ပြီတကား။
(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။
ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။
(သို့)
"သန်း" ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို စိတ်ဝင်စားဖွယ်ဖြေဆိုပါ။မူပိုင်မဟုတ်ပါ။

Blood Type

အေသွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို ဖော်ပြပေးလိုက်ပါတယ်..အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကိုစဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကိုနောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်ကစရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကိုစမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ကျင်လည်ရတာကိုနှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ် စေ့စေ့စပ်စပ်နဲ့အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း လုပ်နေကြ အလုပ်တွေကိုပဲလုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လိုအခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့ လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှမပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို တစ်နေရာမှာဘဲ မရှာဘဲအားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်းနှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့... တစ်ယောက်တည်း သီးသန့်ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့ အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု ပိုများတာ ဖြစ်ပါတယ်...စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..ဒီကနေ့ ဖော်ပြပေးလိုက်တာကတော့ အေသွေးပိုင်ရှင်များရဲ့ စရိုက်သဘာဝများဘဲ ဖြစ်ပါတယ်...ကျွန်တော်နဲ့ ကျွန်မက စံ ဇာဏီဘို မဟုတ်ပေမယ့် စိတ်နှလုံး အပန်းဖြေနိုင်ရန် အတွက်ဖော်ပြပေးလိုက်ပါတယ်... နောက်နေ့ နောက်နေ့တွေမှာတော့ ကျန်နေသေးတဲ့ သွေးအုပ်စုများ အကြောင်းကိုဆက်လက် တင်ပြသွားပါဦးမည်...အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ ..အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။အေ-အေ (၇၀%)အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့ ရာခိုင်နှုန်းကတော့ ၇၀%ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု ရသွားပြီဆိုရင်တော့ ခွဲထားလို့ကိုမရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်းအဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေကသဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲလက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာလိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှမပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင် အချင်းချင်း ချစ်မိပြီဆိုရင်တော့သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။အေ-ဘီ (၂၅%)အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေးယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်းစိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက ဘီသွေးဆိုရင်တော့ ဇနီးသည်ကိုချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို နားလည်ပေးနိုင်ပါတယ်။ အေသွေးယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေကအမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။အေ-အို (၉၀%)အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့ အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကိုဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီးသင့်တော်ပါတယ်တဲ့။အေ-အေဘီ (၅၀%)အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေကအေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့ ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ ထူးခြား ဆန်းကြယ်မှုကိုအေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု ပိုများတတ်ပါတယ်။တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးများကအေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ် ထက်ထက်မျက်မျက်ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။ ဒါပေမယ့်လည်း လိုက်ဖက်မှုရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့်ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး ကြိုးစားပါ... ကိုယ်သဘောကျတဲ့အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ် ဖြစ်ပါတယ်... ဒါပေမယ့်ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့...ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်...မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်းမနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီးလွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာတစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကိုဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင်သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကိုဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်းဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက်အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကိုခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့...အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်းဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကိုပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ယောက်တည်းရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း နားလည်မှုရှိပြီးလိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့ သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ ဖြစ်တာက များပါတယ်တဲ့။ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့ စိုးရိမ်ရလောက်တဲ့ အထိပါပဲ။ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို လုပ်နေတတ်တဲ့ အတွက် ဒီအတွဲအဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ် ဖြစ်သွားနိုင်သလို အချင်းချင်းစိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။ဘီ-အို (၈၀%)တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်းသိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့ အိုသွေးမိန်းကလေးများရဲ့လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့ တူညီချက်ကတော့ အမြဲတမ်းပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ ပူပင်သောကမှန်သမျှကို မေ့ပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ဘီ-အေဘီ (၉၀%)ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကိုအဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင် ကဲကြသဲကြတဲ့ အတွဲလည်းဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး ယောင်္ကျားလေးများကတော့အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင် မိန်းကလေးတွေကတော့အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကိုသိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား အဆက်မပြတ်ပြောချင်တတ်ပေမယ့်တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်းအများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့စရိုက်သဘာဝက ထူးခြားပါတယ်...အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစားဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကိုစာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲလက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်းဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်းဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်းအောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်...တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီးသည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထားကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲစိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီးအေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကိုပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူအို-အေ (၁၀၀%)အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကိုဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လိုအေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့်ဆိုရင်တော့အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်းနောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်းဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလိုအိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။အို-အို (၄၀%)အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာမပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်းယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများတွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံးအိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။အို-အေဘီ (၉၅%)အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေသံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစားကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်းကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုးသူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်...ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်..အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူအေဘီ-အေ (၆၅%)ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ ခြောက်ကပ်သွားတော့တာပါပဲ။စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင် ယောင်္ကျားများရဲ့ ထူးခြားချက်ကိုနားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား ဖြေတာက တခြားဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ ပြောလို့ မရနိုင်သလို လုံးဝပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကိုဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။
အေဘီ-ဘီ (၉၀%)အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက ဘီသွေးမိန်းကလေးများကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။ ဘီသွေးမိန်းကလေးများကအေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့ ပုံစံမျိုးကို သဘောကြသလို ညင်းလည်းမညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့ စတိုင်လ်မို့ပါ။ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီးရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ ခံစားချက်ကို သိုဝှက်တတ်တဲ့အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။အေဘီ-အို (၃၀%)အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော် လိုက်ဖက်ညီတဲ့ အတွဲလေးလည်းဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက ပိုများပါတယ်။အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့ အေဘီသွေးပိုင်ရှင်ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့ မှီခိုအားထားရာတစ်ခုလို့လည်းထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။အေဘီ-အေဘီ (၉၀%)အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်းအလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကိုနားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

Tuesday, February 3, 2009

ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း

အမေရိကန် Stanford University ရဲ့ ဆေးဝါးသုတေသနငှာနက မစ္စတာ PhillipMarterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ် ရှိသမျှလူဦးရေကို ၁ဝဝယောက်လို့သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ယောက်၊ အာဖရိကလူမျိုး ၈ယောက်၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်၎) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးကအမေရိကားသားတွေဖြစ်တယ်။၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ၈) စာမတတ်သူ ၇ဝ ယောက်၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်၁၁) ဘွဲ့ရသူ ၁ယောက်၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ယောက်ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီးရှင်းလင်းစွာ တွေ့နိုင်တာက....အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင်သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ ၁ဝသိန်းဟာ တစ်ပတ်တောင်အသက်မရှင်နိုင်ခဲ့လို့ပါပဲ။အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင်သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူဖြစ်ခဲ့လို့ပါပဲ။အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊အဖမ်းခံ မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေသန်း၃ဝဝဝထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ၇၅%ထက် ချမ်းသာနေလို့ပါပဲ။အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း၂ဝဝဝဟာ စာမဖတ်တတ်လို့ပါပဲ။အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာစိုးရိမ်သောက ဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကိုအကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြောငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။နိုင်းနိုင်းစနေ ဘာသာပြန်သည်။ရေးသားသူ....... နိုင်းနိုင်းစနေ

ကံမပါရင်

ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ""မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက်ရောက်ရှိလာခြင်း ဖြစ်ပါတယ်""ဘာကျေးဇူးများလဲ""မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်းစည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေးနေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ""အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေးမရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး""ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီးသူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကိုနားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်းသူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကိုအရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင်အစွမ်းပြယ်သွားလိမ့်မယ်"နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးကနဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီးစားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကိုသွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင်ကိုယ်တိုင်သွားကောက်ပါလား""ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆိုခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင်တော့ဘူးလား""အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာသေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကိုသေကြောင်းကြံတာလား"ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးကမအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားကဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်ကအိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။"ဘေးဖယ် ရှင်မရေ..""ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား""ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။လူတကာကို မစွပ်စွဲနဲ့""အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင်ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ""ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေးအပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ""မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲတစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကိုခွါချင်ပြီလား"အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီးအမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ"ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားကခြိမ်းခြောက်တော့တယ်။ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း..ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်"ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ""လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ""ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်""ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကားဘယ်က သင်ခဲ့တာလဲ ပြောစမ်း""ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားကကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲလိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့စမ်းကြည့်တာ""ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်းမရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီးလာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..?ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်ကသူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင်မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲပြန်ခဲ့တယ်။မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန်မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်""ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ""စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေနှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ""ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီးဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင်မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?နှုတ်ဆက်ခွင့်ရနိုင်မလဲ?လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?စကားလေး တစ်ခွန်းပါပဲ ...."တန်ဖိုးထား မြတ်နိုးပါ"တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့်ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး"တဲ့.....

Sunday, February 1, 2009

အားနာရင် ခါးပါတတ်တယ်နော်..

.တစ်ခါက ရွာတစ်ရွာက ညောင်ပင်ကြီးတစ်ပင်မှာ အရမ်းအားနာတတ်တဲ့ ရုက္ခစိုးတစ်ပါးရှိပါတယ်။ဘယ်လောက်ထိ အားနာတတ်သလဲဆိုတော့ . . . . . . . .အဲဒီရုက္ခစိုးနေတဲ့ညောင်ပင်ကို နေ့ တိုင်းလာပြီးပူဇော်ဆုတောင်းနေတဲ့ကောင်မလေးတစ်ယောက် ရှိပါတယ်။တစ်ရက်နှစ်ရက်မဟုတ် လနဲ့ ချီပြီး နေ့ တိုင်းလာဆုတောင်းနေတော့ ရုက္ခစိုးကအားနာလာပါ တယ်။ဒါနဲ့  ကောင်မလေး လာပူဇော်တဲ့အခါ ကိုယ်ထင်ပြပြီး ဟေ့ ကောင်မလေး၊နင်ငါ့ကို နေ့ တိုင်းလာ ပူဇော်နေတာ ဘာကြောင့်လဲ လို့  မေးတယ်။ဒီတော့ ကောင်မလေးက ဒီလိုပါ . . .ကျွန်မအဖေမှာ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။သားသမီးတွေရလာရင်ပေးစားမယ်ဆိုပြီး အဲဒီသူငယ်ချင်းနဲ့  အဖေနဲ့ ကတိထားကြပါတယ်။ဒါပေမယ့် အဖေရော သူ့  သူငယ်ချင်းပါ သမီးတွေပဲမွေးခဲ့တော့ သူတို့ ကတိအတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတယ်။ကျွန်မလည်းအဖေ့ကို စိတ်ချမ်းသာစေချင်တယ်။ အဲဒါကြောင့်ကျွန်မကိုယောကျာင်္းလေးဖြစ်အောင် အရှင်ရုက္ခစိုးကူညီပေးပါ လို့ ပြောပြပါတယ်။ဒီတော့ ရုက္ခစိုးကြီးက ဟဲ့ နင်ယောကျာင်္လေးဖြစ်အောင် ငါကူညီဖို့ မတတ်နိုင်ဘူး။တခြားဆုတောင်းချေ လို့  ပြောရှာတယ်။ဒါပေမယ့် ကောင်မလေးကလည်း ဒီဆုကိုပဲထပ်တလဲလဲတောင်းနေတော့ ရုက္ခစိုးကြီးကအားနာလာပြီးအင်း . . နင်ဒီလောက်ဆန္ဒပြင်းပြနေရင်လည်း နည်းလမ်းတစ်ခုတော့ရှိတယ်။..................ဒါပေမယ့် နင်ကတိတည်ရမယ်ကျွန်မအဖေရဲ့ ဆန္ဒသာဖြည့်ဆည်းပေးနိုင်ရင် ကတိတည်ပါ့မယ်ကောင်းပြီ။နင့်ကိုငါ့ခါးအောက်ပိုင်းခဏငှားလိုက်မယ်။ဒါပေမယ့် တစ်နှစ်တိတိပြည့်တဲ့နေ့ ကျရင်နင်လာပြန်လဲရမယ် ဆိုပြီး ကတိတောင်းတယ်။ကျေးဇူးကြီးပါတယ်အရှင်ရုက္ခစိုးကြီးရယ်။. . .ဒီလိုနဲ့ ပဲ ရုက္ခစိုးကြီးခမျာ နေရင်းထိုင်ရင်း ရုက္ခစိုးမကြီးဖြစ်သွားရှာတယ်။ကောင်မလေးကတော့ ရုက္ခစိုးကြီးရဲ့ တန်ခိုးနဲ့ ကောင်လေးဖြစ်သွားတာကြောင့်သူ့ အဖေရဲ့ဆန္ဒအတိုင်းလက်ထပ်ပြီး ပျော်ရွှင်စွာနဲ့ နေထိုင်ခဲ့ပါတယ်။ရုက္ခစိုးမကြီးကလည်းသူ့ ဗိမာန်မှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။တစ်နေ့ မှာတော့ ရုက္ခစိုးမကြီးရဲ့ ဗိမာန်နားကညောင်ပင်တစ်ပင်ကိုတခြားကရုက္ခစိုးတစ်ပါး Transfer နဲ့  ပြောင်း လာပါတယ်။ဖြစ်ချင်တော့ ရုက္ခစိုးအသစ်ကသူ့ ညောင်ပင်ရဲ့ ပတ်ဝန်းကျင်ကိုလေ့လာရင်းရုက္ခစိုးမကြီးကိုတွေ့ သွားပါလေရော။တောအုပ်လေးထဲမှာနှစ်ပါးထဲဆိုတော့ ဟိုရုက္ခစိုးက ရင်တွေဘာတွေခုန်ပြီးကြောင် တော့တာပဲ။ရုက္ခစိုးမကြီးရဲ့ ညောင်ပင်ဆီ ကို အကြောင်းမရှိအကြောင်းရှာပြီးသွားလည်၊အချိန်ရတိုင်းလည်း ရုက္ခစိုးမလေးတွေကြိုက်တတ်တဲ့ဟာလေးတွေနဲ့  ချုပ် ရတာအမော။ရုက္ခစိုးမကြီးကလည်း သူ့ အကြောင်းသူသိတော့ ရှောင်ရှာပါတယ်။ဒါပေမယ့် နေ့ တိုင်းနေ့ တိုင်း နားပူနားဆာလုပ်နေတာကြာတော့ရုက္ခစိုးမကြီးကအားနာနာနဲ့ ပဲ . . . . . . . ။ဒီလိုနဲ့ တစ်နှစ်ပြည့်တော့ကတိအတိုင်း ကောင်မလေးကရုက္ခစိုးကြီးရဲ့ခါးအောက်ပိုင်းကိုလာပြန်လဲပါတယ်။ရုက္ခစိုးကြီးကလည်း ပြန်လဲမယ်ဆိုပြီးကိုယ်ထင်ပြတဲ့အခါ ကောင်မလေးအရမ်းအံ့သြသွားပါတယ်။မယုံနိုင်စရာပါပဲ။ရုက္ခစိုးကြီးမှာ ကိုယ်ဝန်ရှိနေပြီလေ။ဗိုက်ကလေးကပူလို့  . . .။ဒီတော့ ကောင်မလေးက အရှင်ရုက္ခစိုးကြီး ကျွန်မကတိအတိုင်းတစ်နှစ်အတိမှာပြန်လာခဲ့ပါတယ်ပေမယ့်ဒီပုံစံကြီးနဲ့ တော့ပြန်မလဲနိုင်ပါဘူး လို့ ပြောပြောဆိုဆိုနဲ့ ပြန်ပြေးသွားပါလေရော။အားနာတတ်တဲ့ ရုက္ခစိုး(မ)ကြီးမှာတော့ ဗိုက်ကြီးတစ်လုံးနဲ့  . . . .

Friday, January 30, 2009

Learning Rasengan:

To teach Naruto the Rasengan, Jiraiya broke the training down into three parts. With a foundation of water and tree walking, Jiraiya wanted Naruto to create a flow of chakra from his palm and rotate it. By holding a water balloon in his hand, the released chakra would cause the water inside to move. The first act is to gather and maintain chakra in ones hand; this uses skills gained in the tree climbing exercise. Next the ninja needs to release a constant amount of chakra as learned in the water walking exercise. Finally the ninja needs to push and rotate the water inside the water balloon.

Step One:

Jiraiya thus broke down the training into three steps. First Naruto had to rotate the water and break the water balloon; this step emphasizes rotation. The rotating chakra must spin in proper synch with the body. When the body and spirit energy mix to form chakra, it rotates clockwise or counter clockwise within the body of the ninja. The ninja will need to spin the chakra within the palm in the same direction it does in the body to attain maximum efficiency. Naruto had trouble popping the balloon with the first step, because he was unable to make his chakra rotate randomly with only one hand. To make up for this issue, he learned to utilize his right hand to release the chakra, and then use this hand to strike the left balloon hand multiple times to rotate the water inside. This caused the water to rotate multiple ways, creating enough instability to break the balloon.

Step Two:

The second step involves breaking a rubber ball, much like the water balloon but about 100 times more difficult to pop. This step emphasizes power. Because the ball lacks water, it is more difficult to imagine the spinning chakra inside. Naruto had the most difficulty with this step. No matter how much chakra he pumped into the ball it would not pop, causing more and more pain in his hands. He then grasped he would need to build and keep storing the chakra until he could bear the pain no more, and then begin the rotation process. Doing it in this fashion allowed him to pierce the skin and deflate the ball. This step is hard because there was little for Naruto to concentrate on. To rectify this, Jiraiya had Naruto concentrate on a mark made in the palm of the hand. Naruto had difficulty concentrating on the spot until he remembered back to the leaf forehead training his teacher Iruka taught years before. By placing a leaf to the forehead, a ninja would have to properly concentrate on it alone and mold the chakra to keep it affixed to the forehead. Naruto modified his palm mark to look like a leaf. He then focused and concentrated his chakra to this spot and the ball exploded!

Step Three:

The third step involves quickly rotating the chakra randomly in a balloon full of air. This causes the chakra to form a spherical shape akin to a small typhoon. Though even more power and rotation is used than in step two, the balloon itself will not move or pop due to the precise chakra control. Using 100% of the skills used in steps one and two, the ninja is to create an imaginary layer to contain the rotating chakra and compress the chakra within that layer. By retaining this power within the hand alone, the power will not disperse, it will become faster and more concentrated and reach its ultimate destructive power. Naruto had trouble controlling 100% of his power with just two hands and had to rely on a Kage Bunshin clone to help contain the rotating chakra within the spherical layer.

Final:

Mastering Normal Rasengan:


Naruto would later advance his skills, giving him greater control of his chakra during the Rasengan creation process. Naruto would also go on to further make the jutsu his own, by creating a new variation of the Rasengan called Oodama Rasengan, this "Big Ball" version relies on a Kage Bunshin, but packs an even more powerful impact than the normal Rasengan.

Creating an Elemental Rasengan:

Naruto's drive to stay on equal footing with Uchiha Sasuke would cause him to take the next step in developing the Rasengan. Upon speaking with Hatake Kakashi, Naruto realized that Kage Bunshin transfer their memory back to the ninja upon dispersal. Because Naruto had access to vast quantities of chakra, he could use Tajuu Kage Bunshin fairly extensively. This would allow each Naruto to work on the jutsu, disperse and then give the rest the updated information. This allowed Naruto to use thousands of clones and greatly reduce the time needed to figure out how to successfully alter the nature of the chakra into his Wind element type. What would have taken Naruto alone possibly decades to do; he managed to do in the span of about a week. It is unclear whether any other elements could successfully be added to the Rasengan shaped chakra. With enough time and training, a ninja with enough control over an element type may be able to do so.

Wind Element Training Step One:


The Wind Element is known for its ability to cut and sever most anything, making it an excellent offensive oriented ability for close and mid-ranged battles. The first step in wind training is placing a leaf between ones palms and then cutting it in half with only ones chakra. To manipulate ones chakra it helps if the ninja imagines their chakra splitting into two and then grinding back across themselves. This allows the two chakra fields to essentially sharpen the other into a very thin and sharp cutting edge.

Wind Element Training Step Two:

The second step involves cutting running water with all the Wind chakra the ninja can manage. With this the ninja has to create and produce massive amounts of elemental chakra nearly instantaneously, just as they would in an actual jutsu. To successfully cut the water, the ninja must ensure their Wind chakra remains in the body long enough after molding it.

Wind Element Training Step Three:

The final step in Wind training is to spatially recompose your newly created elemental chakra. This allows the ninja to determine the strength and scope of their attack. The normal Rasengan itself is pure spatial recomposition of chakra. To combine the two is not easy, as the number of ninja who can do both simultaneously is limited. To do so requires a natural innate talent. It was this step which was too difficult even for the Fourth Hokage. The Fourth intended to add his own elemental chakra into the highly developed spatial recomposition of the Rasengan to create a Rank S or even higher rank of difficulty jutsu. This task proved very difficult for Naruto, extensively requiring Tenzou's Bijuu control powers. According to Naruto this task asked him to do two things which couldn't be done alone. To that end he decided to use two clones, one to help with Rasengan formation and the other to help in Wind element creation. This allowed him to finally master the technique, without the apparent need for other clones.


Fuuton Rasen Shuriken is a Ninjutsu technique utilizing the Wind Element. Rasen Shuriken was developed by Uzumaki Naruto out of the original Fuuton • Rasengan. This spiraling Wind attack has only been seen in a half completed state. But even in this incomplete form, it has wrought massive destruction. With the aid of clones Naruto will form Rasengan and add the Wind Element. Though called "shuriken" the attack is not thrown. The trick name along with the aid of clones who act as a feint allow Naruto to get in close and strike his opponent. The attack itself can only be maintained in his hands for a few seconds time.

Rasen Shuriken is formed by enumerable miniscule small blades which slice into every cell of his target, severing the chakra circulatory channels connecting all the vital points on the body. Once it connects the highly dangerous attack will envelop the target in a massive sphere of destruction. The attack hits the opponent in such a way that it is even beyond the abilities of the Sharingan to copy. Due to its channel severing nature, the result on the body resembles a fast acting poison more than an outright attack. Unfortunately this same damage is done to Naruto's arm. For that reason Tsunade declared it forbidden.

Thursday, January 29, 2009

လူ

လူ..လူ..လူ
ူပုခုံး နှစ်ဘက်ကြား ခေါင်းပေါက်တာချင်း အတူတူ..
ရိုးသားဖြူစင်တာလဲ လူ..ကောက်ကျစ်စဉ်းလဲတာလဲ လူ.
.အားနာတတ်တာလဲ လူ...အားမနာတတ်တာလဲ
လူ..သွေးကြီးတာလဲ လူ
..ကြောက်ရွံ့တတ်တာလဲ လူ..အတင်းပြောတတ်တာလဲ
လူ..စကားနည်းတတ်တာလဲ
လူ..လူပေါင်းများစွာစရိုက်ပေါင်း သောင်းခြောက်ထောင်မှာဘာကိုရွေးပြီးဘာကို
ကျင့်မလဲ..တချို့က ပြောတဲ့ မိုးခါးရေမင်းကော သောက်သုံးဖူးခဲ့လား..
ချိုမြတဲ့ စကားနဲ့ကောက်ကျစ်တဲ့ နှလုံးသားမင်းပိုင်ဆိုင်ဖူးခဲ့သလား....
အဲတာ လူပီသရဲ့လားလူချင်းတူတူမင်းလဲ လူ ..
ငါလဲလူလူထဲကလူလူပီသတဲ့ လူ..လူဖြစ်ပြီး
လူစစ်မှန်တဲ့လူမင်းကောဖြစ်ချင်လားဖြစ်ကော
ဖြစ်ခဲ့ဘူးသလားဖြစ်ကော ဖြစ်နိုင်မှာတဲ့လား...

လမ်းဆုံး

အကြင်နာ နုနုအဖြူရောင် အတုတွေ နဲ့
ငါ့ဘ၀ကို နင်ဆေးချယ်ခဲ့..အသည်းမပါအချစ်မဲ ဗလာနဲ့
နင်ဟာ တကယ်တော့ကဝေဆိုးတပါး ..
စေလိုရာစေနေလိုရာနေထားရာနေ စေရာသွားကြိုးမပါတဲ့
ကြိုးဆွဲအ၇ုပ်တခုအဖြစ်နင်ပြုစားခဲ့လေရော့သလား..
ကဲခုတော့ပြဇာတ်လည်းဆုံးမင်လည်းတဲု့းပြီ...
အရုပ်ကြိုးပြတ်အချစ်ငတ်မလေး
ငါဘယ်ချောင်ဆီမှာ ရှောင်ပုန်းရပါ့..

Wednesday, January 28, 2009

အချစ်ခါးခါး

ဘာလဲအချစ်တဲ့လား
ငါနှစ်သက်စွာ သောက်နေတတ်ခဲ့တဲ့သကြားမပါတဲ့ ဘလက်ကော်ဖီထက် အဆပေါင်းများစွာခါးသက်လို့..
ဝီစကီ..ဘရန်ဒီတို့ခါးတာလောက်တော့သူကအော်ရီလိုက်မယ်..
ပျင်းသနားတယ်တဲ့.....
သကာပါးပါးလေးအုပ်ထားတဲ့
သ၇ဲသကြားလုံးလိုအဆုံးသတ်ကျမှ
ခါးသက်ခြင်းတွေယိုစိမ့်ကျ...
အင်း..မှတ်မယ်ထင်နေလား..
အဲဒီ ခါးသက်ခြင်းကိုပဲ..ယစ်မူးစွာ ဖက်တွယ်နမ်းရှိုက်နေမိခဲ့..
ချိုမြိန်သော ခါးသက်ခြင်းတဲ့လား.
.တချို့ကဆိုရဲ့ဆေးမမီတော့ဘူးတဲ့..
တချို့ကတော့ လှောင်ပြောင်သရော်လို့..
တချို့က သနားကြည့်တွေနဲ့..
တချို့ကတော့ ရူးသွပ်နေတဲ့ ငတိမလေးတဲ့.
.ပြောကြပါစေလေသူတို့မှ ခါးသက်ခြင်းရဲ့အရသာမမြည်းစမ်းဘူးကြတာပဲ.
.ခါ.. ခါး.. ခါးချင်သလောက် ခါးစမ်းပါစေ..
.ငါဖက်တွယ်ထားမယ်အဆုံးထိပေါ့..

အဖြေမဲ့ မေးခွန်းများ

လမင်းက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်တာ..
ဖုံးပေးတဲ့ တိမ်တွေအပြစ်လား...
ပုန်းချင်တဲ့ လမင်းရဲ့အပြစ်လား..
ကန္တာရမှာ ရေကြည်ကိုတမ်းတတာ..
တမ်းတသူအပြစ်လား...
ပူလောင်နေတဲ့ နေမင်းရဲ့အပြစ်လား...
ကြယ်ကြွေညမှာ ချစ်သူကို တမ်းတတာ..
တမ်းတသူရဲ့ အပြစ်လား..
အဝေးရောက်နေသူ အပြစ်လား..

ယာစ်စင်တင်အသည်း

ပြန့်ကျဲနေတဲ့ နှလုံးသား အစိတ်အပိုင်းများ..
နှလုံးသွေးတို့ ယိုစိမ့်နေဆဲ..
ဟင်..
အချစ် အချစ်နဲ့ အော်နေဆဲတဲ့လား..
မိုက်လိုက်တာကွယ်..အသည်းစားဘီလူးလက်ထဲ..
မင်းနှလုံးသား ၀ကွက်နှင်းပြီးတာတောင်ဘာနဲ့ဆက်ချစ်နိုင်သေးတာလဲ..သူစားခဲ့တဲ့အသည်းအရေတွက်မင်းအသက်ထက်တောင် များဦးမယ်ထင်ရဲ့..
ကဲ ချစ် လိုက် စမ်းမင်း နှလုံးသား ခံနိုင်ရည် ရှိသေးသရွေ့ပေါ့..

သူသိပါစေ

ငါ ခက်ထန်လွန်းနေခဲ့သလား...
မာယာမပါ..ဖြူစင်တဲ့အသည်းက နူးညံ့နေဆဲပေါ့..
မာကျောလွန်းတဲ့စကား
အသည်းက လာတာမဟုတ်ခဲ့တာ ကွယ်ရာက မျက်ရည်တွေ သက်သေအဖြစ် မပြချင်တော့...
မင်း.. ပျော်ရွှင်ခြင်းတွေ ၀န်း၇ံနေပါစေ..
တောင်းဆုတွေ အထပ်ထပ်.. တန်ခိုးရှင်တွေ နားညည်းလောက်ရဲ့..
ဟိုနေ့က မြင်ခဲ့တဲ့ ချစ်သူမျက်နှာ ညှိုးနွမ်းလို့ မရွှင်သာ..
ငါဘာလုပ်၇မှာလဲ... စွန့်လွှတ်ခြင်းတစ်ခု..
မင်းပျော်ရွှင်ဖို့ ရည်ရွယ်ညွှန်း.. မင်းသိစေချင်..

အတိတ်သို့ တမ်းခြင်း

မင်းရင်ဘတ်ထဲက.. ကုန်လွန်သွားတဲ့ရက်စွဲများ..
သမိုင်းဟောင်းထဲမှာ မှိုတက်နေရော့သလား..
ပျော်ဝင်ခဲ့ဘူးတဲ့. ဂီတာသံ စစ်စစ် ကြည်မြနေတဲ့ သီချင်းသံများ...
ခုတော့ ဘယ်တစ်ယောက် ရင်ခွင်ဆီ နားခိုနေပါလိမ့်..
သောက်ခဲ့ဘူးတဲ့ ၀ိုင်ချိုချို.. ဘယ်သူ ယစ်မူးနေမှာလဲ..
လည်တိုင်ဆီက အနမ်းမြမြ..
ခုတော့ အမှိုက်တောင်းထဲမှာ အသည်းဟောင်းနဲ့အတူ ကြေမွလို့ပေါ့.. မင်း.. ဘယ်ဆီမှာလဲ ...
တကယ်တော့လေ မတမ်းတပေမယ့်.. တမ်းတနေမိတဲ့ငါ့အဖြစ်..
အိပ်မက်ဟောင်းတွေသာ တ၀ဲလည်လည်..ဟင်း အ၇မ်းလွမ်းနေတယ်...

ဒသန- ၁

နွေလည်ကြောင်တောင် မိုးခေါင်တယ်လို့ ငါပြောရင
်တစ်ချို့က ခေါင်းညိတ်လက်ခံ..
တစ်ချို့က ခေါင်းခါငြင်းဆန်..
တစ်ချို့က မနာလိုအပြုံးနဲ့ မဲ့ရွဲ့ပြ..
တစ်ချို့က ကြည်ဖြူစွာပဲ ပြုံးပြကြ..
တစ်ချို့က သနားပြုံး..
တစ်ချို့က လှောင်ပြုံး..
တစ်ချို့က...
တစ်ချို့က..
တစ်ချို့က..
ဒီလိုပဲ...ငါ့အသည်းမှာ အခု မီးလောင်နေတယ်လို့ ငါပြောရင်..
တစ်ချို့က...
တစ်ချို့က...
တစ်ချို့က..
တစ်ချို့က......

ဒသန- ၂

အသည်းကွဲသီချင်းတွေနားထောင်ဖို့ စိတ်မ၀င်စားခဲ့တဲ့ငါ..
ခုတော့ ခုံခုံမင်မင် နားထောင်တတ်နေခဲ့..
မျက်ဝန်းထဲက မင်းအရိပ်များ..သီချင်းစာသားတွေနဲ့ အတူလွင့်ပျံကခုန်လို့..
ငါ့ရင်ဘတ်ထဲက ခုန်ဆင်းလာတဲ့ စကားလုံးပေါင်းများစွာ..
သံစဉ်တွေကြား စီးမျောယိမ်းနွဲ့ရင်း.
မျက်ရည်မြစ်တစ်ခုကို ဖန်ဆင်း...
အသည်းကွဲ ပင်ဂွင်းငှက်လေးတစ်ကောင်..
ေ၇ခဲပြင်ပေါ် လူးလှိမ့်လို့ပေါ့..သွေးခဲနိုင်တဲ့ အအေးဓါတ်..
အလွမ်းမီးကို မငြိမ်းနိုင်..အော် အဝေးကလွမ်းခြင်းတဲ့လား..
ချစ်လျှက်နဲ့ စွန့်လွှတ်ခြင်းတဲ့လား..
သွားစမ်းပါ..တကယ်တမ်း အနိုင်ရလိုက်တာက..
မင်းရဲ့ ဂုဏ်သိက္ခာတစ်ခုနဲ့ အစွန်းရောက် အတ္တ...

ကြောက်လို့..

ရီဝေေ၀ ညှို့မျက်ဝန်းတစ်စုံ..
ရိုးသားတဲ့ အပြုံးတခုနဲ့.. ငါ့ဘ၀ကို နင်ဖမ်းစားခဲ့..
အချိန်ပြည့် ဂရုစိုက်တတ်မှုတွေ..
နင်ပေးချင်တဲ့ အချစ်စစ်တစ်ခုဖြစ်လေမလား..
အချစ်ဆိုတာကို တွေးမိတိုင်းကြောက်တတ်ခဲ့တဲ့ ငါ..
ရင်ခုန်ခြင်းသံတမာန် နင်ဘာကြောင့် စေလွှတ်ရက်သလဲ..
ဟင့်အင်း.. နင် အကုန်ပြန်ယူသွားတော့..
ကြင်နာခြင်းရဲ့ နောက် ရင်နာရမှာငါကြောက်လို့..
ပျော်ရွှင်ခြင်းရဲ့နောက် မျှော်လင့်ခြင်းမဲ့မှာ ငါကြောက်လို့..
ရင်ခုန်ခြင်းရဲ့နောက် အသည်းတုန်အောင်နာကြည်းရမှာ ငါကြောက်လို့..

Monday, January 26, 2009

Nice Joke For U

ကိုဖိုးလုံးဟာ ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို ကြိုးကြိုးစားစားလုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ သူ့ကို ရာထူးလည်းမတိုးဘူး၊အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊ လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။ ဒီတော့သူ့ခမျာ စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကိုတက်ပြောမယ်လို့ဆုံးဖြတ်လိုက်ရေ
တာ့တယ်။နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး ကိုဖိုးလုံးကပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို ပြုံးပြုံးကြီးကြည့်ပြီးသူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။ ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းပြီး "ကိုဖိုးလုံး ခင်ဗျားကျုပ်တို့ရုံးမှာတစ်ရက်ပြည့်အောင်တောင် အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ"လို့ ပြောချလိုက်ပါလေရော။ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့်တော်တော်လေးအံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။မန်နေဂျာ။ ။ တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။ကိုဖိုးလုံး။ ။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံးတစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကိုအလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော်အလုပ်လုပ်ပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့တစ်နှစ်စာ ၃၆၆ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး) ၁၂၂ ရက်ရှိပါတယ်ဆရာ။မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက်ရှိပါတယ်ဆရာ။မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက၁၂၂ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီးနှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ ၁၄ရက်ကိုနှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲပြော။ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။ ကိုဖိုးလုံး။ ။တစ်ရက်တိတိကျန်ပါသေးတယ်။မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာဘယ်နှရက်ကျန်သေးလဲ။ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို သဘောပေါက်သွားပါပြီ။ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော်အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ်ဆရာရယ်။တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင်ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်က တောင်အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

*ရီဝေေ၀. . . နဲ့ ချစ်မိသူ*

ပျင်းလွန်းလို့ကွန်ပျူတာရှေ့ထိုင်လိုက်သည် ဘာလုပ်ရင်ကောင်းမလဲဟိုလုပ်ဒီလုပ်နှင့်ကြာ တော့လည်းပျင်းလာသည်။ ၀က်ဆိုက်တွေလဲ ကြည့်ရတာညောင်းလာသည်။သူချက်ရွန်း ထဲဝင်လိုက်သည် အပျင်းပြေပေါ့။ သူ့နစ်နိမ်းကိုသူကြည့်ပြီးပြုံးသည်အထုတ်ရှုပ် တဲ့သူဘာ သာသူသဘောကျစွာတစ်ချက်ရယ်သည်။ချက်ရွန်းထဲမှနစ်နိမ်းတော်တော်များများကို သူလိုက် ကြည့်သည်ချက်ချင်စိတ်မရှိပျင်းဖို့ကောင်းလိုက်တာ။ ၀ါးကနဲတစ်ချက်သန်းဝေလိုက်သည် ခုမှ (၇)နာရီထိုးရုံရှိသေးသည် မအိပ်ချင်သေးအချိန်တွေကိုအိပ်စက်ချင်းနှင့်ကုန်လွန်ပစ်လိုက် ရမှာကိုသူနှမျှောသည်။ဒီအတိုင်းတော့ဘယ်ရမလဲ နည်းနည်းတော့ရှုပ်လိုက်ဦးမည် အပျင်းပြေ ပေါ့။သူနစ်နိမ်းတွေကိုလျှောက်ကြည့်ရင် နစ်တစ်ခုကိုသွားတွေ့သည် အရူမလေး တဲ့နစ်နိမ်းကိုကြည့်ပြီးသူနည်းနည်းစိတ်ဝင်စားသွားသည်။ အပျင်းပြေပေါ့ကောင်မလေးရေအထုတ်ရှုပ်နဲ့ အရုးမလေး အွန်လိုင်းတိုက်ပွဲတစ်ခုစတင် ကြရအောင်လား။နစ်နိမ်းပေါ်သို့ကလစ်တစ်ချက်ခေါက်လိုက်သည်။"ဟိုင်း'ထို့နောက်သူကပင်စတင်နှုတ်ဆက်လိုက် သည်။ တိုက်ပွဲခေါ်သံပေါ့ကောင်မလေးရေ…..သိပ်မကြာလိုက် ကွန်ပျူတာဖန်သားပြင်ပေါ်သို့စာလုံးတစ်လုံခုန်ပေါက်တက်လာသည်။"ဟိုင်း ဖရန့်'ထို့နောက်မှာတော့…"မင်းကအရူးမလေးဆိုတော့စိတ်မနှံတာလား စိတ်ရောဂါအထူကုကိုသွားလေ'"ဒါပေါ့ရှင်လူတိုင်းက တစ်ယောက်တစ်မျိုးစီရူးနေကြတာပဲသြော်ဒါနဲ့ရှင်ပုံကြည့်ရတာအဲ့ဒီ ပြန်လာပြီးပြီထင်တယ်'"ဟင့်အင်းငါက အဲ့ဒီကိုသွားစရာတောင်မလိုဘူးငါ့အတွက် ကော်ဖီကောင်းကောင်းတစ်ခွက်ရယ် စာအုပ်ကလေးတစ်အုပ်ရယ်ရှိရင်လုံလောက်ပြီ'"ဘာလဲရှင်က စာသမားပေသမားလား'"နိုး သမားဆိုတဲ့အဓိပ္ပါတယ်ကတော်တော် ကျယ်ပြန့်တယ်ကွ ငါ့ကိုယ်ငါစာသမားပေသမားလို့တော့မခ၀ံ့ယူပါဘူး ပြောချင်ရင်တစ်ခုတော့ပြောလို့ရတယ် စာဖတ်သမားလို့'"ဒါဆိုရှင်ကစာအုပ်တော်တော်များများဖတ်ဖူးတယ်ပေါ့ '"ဆိုပါတော့'"ရှင်ကဗဟုသုတ ကြွယ်မှာပေါ့နော် စာတွေများများဖတ်တယ်ဆိုတော့'"အဟား ငါမှာအကျင့်တစ်ခုရှိတယ်ကွ'"ဘာအကျင့်လဲ'"ဒီနေ့ကိစ္စတွေကို နောက်နေ့သတိမရတတ်တဲ့အကျင့်'"ဒါဆိုရှင်ကလွယ်လွယ်နဲ့ မေ့တတ်တဲ့လူစားမျိုးပေါ့'"အင်း..ငါကပေါ့ပေါ့ပါးပါး နေတတ်တဲ့လူတစ်ယောက်ပါ'ထို့နောက်သူမနဲ့ကျွန်တော်စကားနည်းနည်းပါးပါးပြောပြီးကွန်ပျူတာကိုပိတ်ကာအိပ်ပစ်လိုက် သည်။ထိုညကျမှထူးထူးဆန်းဆန်းကျွန်တော်စိတ်ရောဂါအထူးကုသို့ရောက်သွားသည်ဟု အိပ်မက်မက်သည်………………….(…………)ဘ၀ကိုအလျားလိုက်ဖြတ်သန်းရသည်မှာပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်ပုံစံခွက်တွေချကာ နေရသောဘ၀ကိုမုန်းသည်။ ၀တ်ကောင်းစားလှတွေဝတ်ကားကြီးစီးပြီးဟန်းဖုန်းကိုဟန်ပါပါ ပြောတတ်သောညဘက်ကာရာအိုကေသွားတတ်သူကိုလူကြီးလူကောင်းဟုပြောကြသည်။ကိုယ်လုပ်ချင်တာကိုလွတ်လပ်စွာလုပ်တတ် တဲ့သူကိုတော့လူကြီးစကားနားမထောင်ဘူးလူဆိုးလေးဟုသတ်မှတ်ကြသည်။ လူကြီးလူကောင်းဆိုတာဘာကိုခေါ်တာလဲ ?နံရံကိုကျောမှီထားရင်းမှသောက်လို့ကုန်သွားသောအအေးဘူးကို အမှိုက်တောင်းထဲလှမ်းပစ်ထည့်လိုက်သည်။ အအေးဘူးကအ မှိုက်တောင်းထဲ ဖုတ်ကနဲ ကျသွားသည်လူတွေပြောတဲ့စည်းကမ်းဆိုတာအမှိုက်တောင်းထဲ အမှိုက်လှမ်ပစ်ထည့်ရသလိုပါပဲ………ကွန်ပျူတာဖန်းသားပြင်ကိုကြည့်ရင်းသူရင်ခုန်နေသည် နာရီကြည့်လိုက်တော့(၇)နာရီထိုးအမှန်အတိုင်းပြောရရင် ဘာကြောင့်ရယ်မသိသူမနှင့်စကားပြောချင်မိသည် ထူးဆန်းလွန်းသည်။ ချက်ရွန်းထဲမှ အရူးမလေး ဆိုသောနစ်ကိုတွေ့လိုက်သည်နှင့် သူဖြတ်ကနဲဝမ်းသာသွားသည် ဘာကြောင့်များသူမကိုမှတ်မှတ်ရရရှိနေပါလိမ့်…ဟိုင်း"ဟိုင်း'"မင်းငါ့ကိုမှတ်မိလား'"ကျွန်မ ကလွယ်လွယ်နဲ့မေ့တတ်သူမဟုတ်ပါဘူးရှင့်'သူမစကားကြောင့်သူပြုံးမိသည် သူကောင်မလေးကိုစချင်လာသည် ထိုကြောင့်.."တစ်ခုလောက်ကူညီပါလားဗျာ'"ပြောကြည့်လေ'"မနေ့ကလမ်းသွားရင်းကျပျောက်သွားလို့ဗျာ'"ဘာလဲ'"ကောင်မလေး ငါ့အိတ်ကပ်ထဲထည့်ထားတဲ့ကောင်မလေး အဲဒါဘယ်နားထွက်ကျ သွားမှန်းမသိဘူး'"ကျပျောက်သွားတာမဖြစ်နိုင်ဘူး ရှင့်ကိုကြောက်လို့ခုန်ထွက်သွားတာပဲဖြစ်မှာ'"ခုန်ထွက်ထွက်ကျပျောက်ပျောက် ငါတော့သူ့ကိုတွေ့ချင် တယ်ကူရှာပေးပါကွာ'"ရှင်မှားနေပြီရဲစခန်းသွား ဓါတ်ပုံပြလူပျောက်ကြော်ငြာတိုင်ရမှာ'"ဟုတ်တယ် ငါလည်းသိတယ်ဒါပေမယ့်ခက်နေတာက သူ့ဓါတ်ပုံငါ့မှာမရှိဘူးပြီးတော့သူ့ကိုငါကမြင်တောင်မမြင်ဘူးဖူး'ကောင်မလေးဆီကထွက်လာတာတဲ့စကားလုံးကနှစ်လုံးတည်း"သေလိုက်…တဲ့'"စတာပါကွာငါမင်းကိုမေးစရာတစ်ခုရှိတယ်'"ဘာမေးမှာလဲ မေးလေ'"သြော် ကလေးမမှာ ချစ်သူလေးဘာလေးမျာရှိပြီလားလို့ပါ'"ဘာလုပ်ဖို့လည်းရှင်က အဲ့ဒါမေးပြီးတော့'"ဘာရယ်မဟုတ်ပါဘူး ဒီအတိုင်းသိချင်ရုံလေးသက်သက်ပါ ဒါပေမယ့်မင်းအဆင်မပြောလဲရပါတယ်မပြောပါနဲ့ကိစ္စမရှိပါဘူး'"ဘာလဲရှင်ကစိတ်ဆိုးတာလား'"အမ် ငါ့စကားထဲမှာစိတ်ဆိုးတယ်လို့ပါလို့လားကွ'"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ'"ဒါဆိုကျွန်မလဲမေးမယ် ရှင့်မှာရောချစ်သူတွေဘာတွေရှိပြီလား'"ဟင့်အင်းချစ်သူတော့မရှိဘူးရည်းစားတော့ ရှိတယ်'"ဟင်ရှင့်ဟာကဘယ်လိုကြီးလဲ'"ဟုတ်တယ်လေ ချစ်သူဆိုတဲ့ ဝေါဟာရနဲ့ ရည်စားဆိုတဲ့ဝေါဟာရချင်းတူမှမတူတာ လွယ်လွယ်ပြောရရင်ကွာနှလုံးသားဆိုတာကန်ထရိုက်တိုက်ကြီးတစ်ခုဆိုပါတော့သူ့မှာအခန်းလွတ် တွေအများကြီးပဲရည်းစားဆိုတာကအဲ့ဒီအထဲမှာခေတ္တ ခဏလာရောက်နေထိုင်သူပေါ့ကွာ။ ချစ်သူဆိုတာကအဲ့ဒီအခန်းတွေကို သိမ်းကြုံးပိုင်ဆိုင်သွားသူကွ'"သြော် ရှင်ကအချစ်အကြောင်းတော်တော်သိတာပဲ'"ဟာ မင်းမှားနေပြီငါကအချစ်အကြောင်နကန်းတစ်လုံးတောင်မသိသေးသူတစ်ယောက်ပါကွာငါတင်မဟုတ်ပါဘူး အချစ်အကြောင်းကိုဂဃနနသိတဲ့သိတဲ့လူတော်တော်ရှားတယ်ကွအချစ်ဆိုတာ အဖြေထုတ်ရခက်တဲ့ပုဒ်စာ တစ်ပုဒ်ပါ'"ဟုတ်ပါပြီထားပါတော့ကျွန်မအောက်တော့မယ် ကြာနေပြီ'"အိုကေ ဂွတ်နိုက်´´"သြော်ရှင့်ကိုကျွန်မပြောရဦးမယ် ကျွန်မမှာရည်းစာမရှိဘူး'သူမသည်ထိုစကားကိုပြောပြီးအောက်သွားလေတော့သည် သူရင်ခုန်သံကိုဒိန်းကနဲပြန်ကြားရသည်။ထိုညအိပ်မက်ထဲမှာကမ္ဘာအနှံရောက်ဖြစ်သည်။(…….)ဂစ်တာကြိုးကိုဒေါင်ဒေါင်ဒင်လုပ်နေမိသည် ဂစ်တာတီးဖို့လည်းစိတ်ကမပါခေါင်းထဲမှာအတွေး တစ်ခုကစိုးမိုးနေသည်။သူမကိုနာမည်ရယ်ဘယ်မှာနေတာရယ်ကိုမေးသင့်သလားထိုအရာုကသူ့ခေါင်ထဲ မှာစိုးမိုးနေသည်။သူမကိုသူ မသိ ဘယ်မှာနေတာလဲမသိ မသိခြင်းနဲ့ပဲသူရင် ခုန်နေသည်။တကယ်လို့သိသွားရင်ရောဆက်ရင်ခုန်ဦးမှာလားတစ်ခါတစ်ခါဒီအတိုင်းမသိခြင်းနဲ့ပဲရင်ခုန် နေတာကောင်းသည်။ဘ၀ဆိုသည်မှာလျှို့ဝှက်သောပုဒ်စာတစ်ပုဒ်ဖြစ်သည် ထိုပုဒ်စာကိုပင်အဖြေထုတ်ကြရင်းလူတွေသည်ဘ၀ကိုဆက်လက်ရှင်သန်သည်။ မျှော်လင့်ချက်ဆိုသည်မှာနာတာရှည်ရောဂါနှင့်တူသည်လူသည်နာတာရှည်ရောဂါကြီးကိုနှစ်နှစ်ခြိုက်ခြိုက်ထွေးပိုက်ချင် ကြသူများဖြစ်သည်။အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် သူမသည်ခုချိန်ထိဘယ်သူဘယ်ဝါဆိုတာသူမသိပါသိအောင်လည်းသူမကြိုးစားခဲ့ပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသူမ သည်သူ့ရင်ထဲသို့စူးစူးနစ်နစ်ဝင်ရောက်နေရာယူပြီးဖြစ်သည်။ အရူးမလေး နာမည်နှင့်လိုက်အောင်ပင် သူ့ကိုရူးသွပ်စေခဲ့သည်။ ခုဆိုလျှင်သူမနှင့်သိခဲ့သည်မှာတစ်နှစ်ကျော် လာပြီဖြစ်သည် သူမနှင့်ကျွန်တော် တစ်ယောက်ကိုတစ်ယောက်တွေ့ရှိမြင်ဘူးကြခြင်းမရှိကြ သေးပါ။ လိုလည်းမလိုအပ်ဟုထင်ခဲ့သောကြောင့်ဖြစ်သည်အချိန်ကြာမြင့်စွာစွဲစွဲ လန်းလန်း သတိရနေခြင်းကို အချစ်ဟုခေါ်လျှင် သူ့ရင်ထဲမှာအရူမလေးကိုချစ်မိနေပြီဖြစ်သည်။ ငါ့ရင်ထဲမှာနင့်ကိုခဂ္ဂါလို့နာမည်ပေးထားတယ်ကောင်မလေးရေ….ထက်မြက်တဲ့ဓါးသွားတစ်လက်ပေါ့အချစ် သည် ခံစားမှုနှင့်သာသက်ဆိုင်သည်ဆိုလျှင် မမြင်ရပဲနှင့်သူ ခဂ္ဂါကိုချစ်မိနေသည်မှာ ဘာဆန်း သနည်း။ အောင့်ထားလို့မရနိုင် သောအရာတွေထဲမှာအချစ်လည်းပါသည် သူအောင့်မထားနိုင်တော့ပါ ထို့ကြောင့်..ကွန်ပျုတာဖန်သားပြင်ကိုကြည့်ပြီး သူရင်တွေအရမ်းခုန်နေသည် ငါ့ကိုဘာကြောင့်များဒီလောက်ရင်ခုန်စေခဲ့ရတာလဲကောင်မလေးရယ်.."ဟိုင်း'စကားလုံးလေးတစ်လုံးကြောင့်ရင်ခုန်နှုန်းသည် ဒီလောက်မြန်သွားသင့်ပါသလား"ဟိုင်းဒီနေ့ မင်းနောက်ကျတယ် ခဂ္ဂါ'"အင်းဟုတ်တယ် အဖေခိုင်းထားတဲ့ အလုပ်ကလေးမပြတ်သေးတာနဲ့ နည်းနည်းနောက်ကျသွားတာ'"သြော် အင်း မနေ့ညကငါအိပ်မပျော်ဘူး ခဂ္ဂါ'"ဘာလို့လည်း ကြမ်းပိုးကိုက်လို့လား ခစ် ခစ် ခစ်..'"ဟုတ်ဘူး ကြွက်ကိုက်သွားတာ'"အမ် ဘယ်လို'"ဟုတ်တယ် ငါအိပ်နေတုန်းငါ့နှလုံးသားကိုကြွက်ကိုက်သွားတယ်'"အဲ့ဒါဆေးခန်းပြလေဟာ ငါ့လာပြောရလား'"အင်း….ခဂ္ဂါငါနင့်ကိုကြွက်မလေးလို့ခေါ်မယ်'"သေလိုက်'ငါခုတလော အဆင်မပြေဘူးဟယ်'"ဘာဖြစ်လို့လည်း'"မနေ့က ငါဟိုကောင်နဲ့တွေ့တယ် အဲ့ဒီ့ကောင် ငါ့ကိုမညှာမတာလုပ်ရက်တယ် ဟာ'"အမ်..ဘယ်ကောင်လဲ'"ဘယ်ကောင်ရမှာလဲ cupid လေ မြားနတ်မောင်ပေါ့ သူ့မြားကြီးနဲ့မညှာမတာငါ့ကိုလာပစ်တယ် ခုတော့နင်စဉ်းစားကြည့် ငါ့မှာမြားဆိပ်သင့် နေပြီ နင်ငါ့ကိုကူညီပါဟာ နော်'"နင်မှားနေပြီ ဆေးခန်းသွားရမှာ ဘာမှမပူပါနဲ့ဟာမကုနိုင်ရင်သေရုံပါပဲ ခစ် ခစ်ခစ်'"`ဟုတ်ဘူးဟ cupid ကပြောသွားတယ် အဲ့ဒီမြားဆိပ်ကိုကမ္ဘာပေါ်မှာနင်တစ်ယောက်တည်းဖြေနိုင်တာတဲ့'"နင်ငါ့ကိုရည်းစားစကားပြောနေတာလား'"အင်းဟုတ်တယ် ငါနင့်ကိုချစ်တယ်'"မဖြစ်နိုင်တာဟာ နင်ငါ့ကိုမြင်တောင်မမြင်ဘူးပဲနဲ့'"နိုး…..အချစ်မှာ ရုပ်ဝတ္ထုပစ္စည်းတွေ မပါဘူးလေ ခံစားချက်သက်သက်ပဲ အချစ်ဆိုတာရင်ခုန်သံနဲ့ပဲဆိုင်တယ်'ထို့နောက်အတန်ကြာသူရောသူမပါ တိတ်ဆိတ်သွားကြသည်…….."ဟုတ်ပြီလေထားပါတော့ ဒါပေမယ့် မိန်ကလေးတစ်ယောက်အတွက်တော့ ဒါသေချာစဉ်းစားရမယ့်ကိစ္စလေ နင်ငါ့ကိုအွန်လိုင်းပေါ်မှာပြောတာထက် အပြင်မှာပြောရင်ပိုကောင်းမယ်ထင်တယ်'"အိုကေလေ ဒါဆိုငါတို့တွေ့ဖို့လိုအပ်လာပြီပေါ့'"အင်းပေါ့ဒီလိုပဲလုပ်ရတော့မှာပေါ့'"အင်းဒါဆိုဘယ်မှာတွေ့ကြမလဲ'"…………………………………'"အိုကေ ဒါဆိုငါတို့အဲ့ဒီ့မှာတွေ့ကြတာပေါ့'"အင်းပေါ့ ငါအောက်တော့မယ် အထုပ်ရှုပ် အိပ်မက်လှလှ မက်ပါစေ'အိပ်မက်တွေကတော့ လှမှာကြိမ်းသေပါတယ် ကောင်မလေးရယ် အချစ်ဆိုတာ ရင်ခုန်သံခြင်းနှီးနှောကြတာပါ။(………….)စောစောစီးစီးနိုးလာသော သူ့ကိုမြင်တော့မေမေ ကတအံတသြ နဲ့ကြည့်သည် ပြီးတော့ဒီနေ့တော့ကြားသားမိုးကြိုးပါလားဟေ့ ငါ့သားအစောကြီးနိုးတယ်ဟေ့ ဟုအော်ပြောသည်။လေလေး တချွန်ချွန်နှင့် ရေကိုစိမ်ချိုးပစ်လိုက်သည် ပြီးတော့အ၀တ်အစားလဲကျောပိုးအိတ်ကိုလွယ်ကာကားဂိတ်သို့ထွက်ခဲ့သည်။ကားဂိတ်ရောက်ကားကသိပ်မစောင့်လိုက်ရအဆင်သင့်ပင်တွေ့ရသည်ဘတ်စ်ကားကတော့ ရိုးရာမပျက်လူတွေပြည့်ကျပ်ညပ်နေသည်။ နေရာလေးတစ်နေရာစာရဖို့တိုးဝှေ့နေကြသောလူတွေကိုကြည့်ကာသူရယ်ချင်သည်။ သြော်ကိုယ့်အတ္တအတွက် တခြားလူကိုတောင်ဂရုမစိုက်နိုင်ကြတော့။ အင်းလေလူဘာဆိုမှ အတ္တတော့ ဘယ်ကင်းနိုင်ပါ့မလဲ။သူဆင်းရမည့်မှတ်တိုင် ရောက်တော့ နာရီကိုတစ်ချက်ကြည့်သည် ၉ နာရီ ထိုးဖို့၁၀မိနစ် ကားပေါ်ကဆင်းလိုက်သည်။ သူချိန်း သည့်ဆိုင်ရောက်ဖို့ကနည်းနည်းတော့လျှောက်ရဦးမည် နောက် ၅ မိနစ်ပေါ့။ သူမနှင့်တွေ့ဖို့ကိုကော်ဖီဆိုင်တစ်ဆိုင်မှာချိန်းထားသည် ၉ နာရီထိုးတွေ့ကြမည်။သူမချိန်းသည့်ဆိုင်ရောက်ဖို့ကားလမ်းတစ်ခုသာခြားတော့သည် ဒီကားလမ်းကူးပြီးတာနဲ့မင်းနဲ့ငါ တွေ့ရတော့ မှာပါခဂ္ဂါ ရယ။ သူမနှင့်တွေ့လျှင်တော့မြားဆိပ်သင့်နေတဲ့ငါ့နှလုံးသားကို အဆိပ်ဖြေ ပေးပါခဂ္ဂါရယ် ပေါ့ ဒါမှမဟုတ်မင်းကိုက်သွားတဲ့ငါ့နှလုံးသား အကောင်းအတိုင်းဖြစ်အောင်ပြန်လုပ်ပေးပါပေါ့…..ကိုယ့်အတွေးနဲ့ကိုယ့်ပျော်မြူးနေမိသည်။ ငါလာပြီကြွက်မလေးရေ …လမ်းကိုဖြတ်ကူလိုက်သည် ကားတွေကတဆိတ်ရှုပ်လွန်းလှသည်…၀ုန်းကနဲအသံနှင့် အတူသူလွင့်ပျံထွက်သွားသည်စူးနင့်သောဝေဒနာတစ်ရပ်ကိုပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်သူခေါင်းတစ်ခုလုံးမူးဝေနောက်ကျိလျှက် နားထဲကလေတွေတဟူးဟူးထွက်နေသည်ငါအရောက်လာခဲ့တယ်နော်ခဂ္ဂါ ဒါပေမယ့် နင့်ဆီတော့ ငါရောက်မလာနိုင်တော့ဘူးခဂ္ဂါရယ်..ငါလေ နင့်ကို………အ ………ရမ်း……….ချစ်……..တယ်……ထို့နောက် သူအသိတွေ မှောင်အတိကျသွားသည်………….(……..)"ကောင်လေးကငယ်ငယ်လေးရှိသေးတယ် သနားပါတယ် ဟယ် ""ပွဲချင်းပြီးပဲနော် ""အေးဟယ် ကားသမားတွေကလည်းအရမ်းမောင်းတာကို"လူတွေရုတ်ရုတရုတ်ရုတ် နှင့်တစ်ယောက်တစ်ပေါက်ပြော နေကြသောစကားတွေကြောင့် လှမ်းကြည့်လိုက်တော့ လူတစ်ယောက်ကိုကားတိုက်သွားခြင်းဖြစ်သည်။သူမရင်ထဲနမိတ်မကောင်းသလိုခံစားလိုက်ရသည်။ သူရောက်နေပြီလားမသိဆိုင်ထဲဝင်စောင့်နေတာကောင်းပါတယ် လေ။ သူမစဉ်းစားပြီးဆိုင်ထဲဝင်လာခဲ့သည်ကော်ဖီနှစ်ခွက်မှာလိုက်သည် တစ်ခွက်ကသူမအတွက်တစ်ခွက် ကအထုပ်ရှုပ်အတွက် တကယ်လို့သူကချစ်လားလို့မေးလာခဲ့ရင်ဘယ်လိုဖြေမလဲထိုအကြောင်းအရာကိုတွေးမိတော့သူမရင်ထဲရှက်ရွံသွားသည်ပါးပြင်ကပန်းနုရောင်သန်းသွားသည် နာရီကြည့်လိုက်တော့ ၉ နာရီ ၁၀မိနစ် သူဘာလို့နောက်ကျနေတာပါလိမ့် ဟင်းလာတော့မှတွေ့မယ်အထုတ်ရှုပ် နင်ဟာလေ ဘာ ကိုမှအလေးအနက်မထားဘူးဆိုတာတကယ်ဖြစ်မယ်။'အချိန်တို့တရွေ့ရွေ့ကုန်ဆုံးသွားသည် ကော်ဖီဆိုင်ထဲမှာတော့ကောင်မလေးတစ်ယောက်နှင့် ကော်ဖီနှစ်ခွက် ကော်ဖီနှစ်ခွက်လုံးကအရာမယွင်းသေးကော်ဖီဆိုင်ကထွက်လာသော တေးသွားက လွမ်းမောဖွယ် ကောင်မလေးကအပြင်ကိုတွေတွေငေးငေးလေးကြည့်နေသည် အတန်ကြာတော့ မှသက်ပြင်းကို ဟူးကနဲမှုတ်ထုတ်လိုက်သည်။"နင်ဟာလွယ်လွယ်နဲ့မေ့တတ်သူတစ်ယောက်ဆို တာတကယ်ကိုး " ဟုတိုးတိုးလေးရေရွတ်သည်။ကော်ဖီနှစ်ခွက် အတွက်ပိုက်ဆံကိုရှင်းခဲ့ကာ ထွက်သွားသည် သေချာကြည့်မည်ဆိုလျှင်မျက်ရည်ကြည်များလဲံ့နေသောကောင်မလေး၏မျက်ဝန်းကို တွေ့နိုင်သည်။ကောင်မလေး၏ရင်ထဲမှာဘာရှိခဲ့သနည်း……………..............................................

Smoking!!

ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ သိလည်း မသိသလို နေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။"ဆေးလိပ်သောက်လို့ ကောင်းလား" မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။"မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး""ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ""နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး"သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို အသိပေးသလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နှုးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။"ဘာလို့ တိတ်ဆိတ်နေရတာလဲ""ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား""သောက်.. သောက်.. တယ်" လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။"တစ်လိပ်ထဲပါ.. မလိမ်ပါဘူး""ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား"ကြည်နှုးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက် ပျက်ပြီပေါ့။"ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ""ကျွန်မက ရှင့်အတွက် ပြောနေတာ။ ဒါကို ရှင်သိလား"သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။"ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့"သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ် ဆေးတွေ သူ့အတွက် ၀ယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။"ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ""မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလို လုပ်ဖူးလို့လဲ"သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။"အသုံးဝင်မယ် ထင်လို့ပါ""ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ""ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ""အတတ်နိုင်ဆုံး ဖြတ်နေတာပဲ" သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။"ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး" ပြောရင်း သူမ ငိုတယ်။"မငိုပါနဲ့... ကွာ"တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း...."ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်"ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။အလုပ်ထဲမှာပဲ သူ့ဘ၀ကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခု လိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။သူမ ဆေးလိပ်စသောက်နေမိပြီ။ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။"ဆေးလိပ်သောက်တယ်" အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။"အင်း.. သောက်ပါဦး""တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ""အော်.. ဘယ်တုန်းကလဲ" သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။"နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်"သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။"ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ""နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်""သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား"သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။"မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့"သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား... ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။"ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ"သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။"ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ"သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။

ထန်းလျှက်နှင့် ပဲကြီးလှော်

တစ်ခါတုန်းက ….ထန်းလျှက်နဲ့ ပဲကြီးလှော်တို့ ရည်းစားဖြစ်ကြသတဲ့…….တစ်နေ့မှာသူတို့နှစ်ယောက်က ရေကန်ဘေးမှာ ချိန်းတွေ့ကြတယ်…ရေကန်ထဲမှာလည်းကြာပန်းတွေနဲ့ ပြည့်နေတာပဲတယ့်ဒါနဲ့ ပဲကြီးလှော်က…..မောင်ရယ်….မကိုချစ်ရင်လေဟိုကန်လယ်က ကြာပန်းကို ခူးပေးပါနော်ဆိုပြီး ချွဲသတဲ့…..ဒါနဲ့ ထန်းလျှက်လည်း…..အေးပါကွာ ငါမင်းကို ချစ်လွန်းလို့ ခူးပေးပါမယ်ဆိုပြီး ရေထဲဆင်းသွားပါလေရော…..ကန်လယ်ကိုရောက်လို့ ကြာပန်းခူးဖို့ လက်လှမ်းကာရှိသေး ပလုတ်ဆိုပြီးအရည်ပျော်သွားပါလေရောပဲကြီးလှော်ကလည်း ဒါကိုမြင်ပြီး အားရပါးရ ရယ်ပါလေရော…သူကလည်း ရယ်ရင်းရယ်ရင်းနဲ့ အရယ်လွန်ပြီး နှစ်ခြမ်းပြဲရော……

What's ur character??

ကျနော့်အနေနဲ့က ဗေဒင်ဆို စိတ်ချမ်းသာအောင် ဟောတဲ့ ဗေဒင်ပဲ ယုံပါတယ်။ဒါမျိုးလေးတွေလည်း ဘာပဲ ပြောပြော အပျင်းပြေ အနေနဲ့ သဘောကျပါတယ်။ဒီဟာလေးကို ကျနော့် မွေးနေ့နဲ့ စမ်းကြည့်တာ မှန်သလိုလို ဖြစ်နေလို့အားလုံးကိုလည်း share လုပ်လိုက်တာပါ။ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက်တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာတင်ပြပေးလိုက်ပါတယ်။

ဇန်န၀ါရီ၀၁ - ၀၉ ခွေး၁၀ - ၂၄ ကြွက်၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ၀၁ - ၀၅ ကြောင်၀၆ - ၁၄ ချိုးငှက်၁၅ - ၂၁ လိပ်၂၂ - ၂၈ ကျားသစ်နက်

မတ်ခ်ျ၀၁ - ၁၂ မျောက်၁၃ - ၁၅ ခြင်္သေ့၁၆ - ၂၃ ကြွက်၂၄ - ၃၁ ကြောင်

ဧပြီ၀၁ - ၀၃ ခွေး၀၄ - ၁၄ ကျားသစ်နက်၁၅ - ၂၆ ကြွက်၂၇ - ၃၀ လိပ်

မေ၀၁ - ၁၃ မျောက်၁၄ - ၂၁ ချိုးငှက်၂၂ - ၃၁ ခြင်္သေ့

ဇွန်၀၁ - ၀၃ ကြွက်၀၄ - ၁၄ လိပ်၁၅ - ၂၀ ခွေး၂၁ - ၂၄ မျောက်၂၅ - ၃၀ ကြောင

ဇူလိုင်၀၁ - ၀၉ ကြွက်၁၀ - ၁၅ ခွေး၁၆ - ၂၆ ချိုးငှက်၂၇ - ၃၁ ကြောင်

သြဂုတ်၀၁ - ၁၅ မျောက်၁၆ - ၂၅ ကြွက်၂၆ - ၃၁ လိပ

စက်တင်ဘာ၀၁ - ၁၄ ချိုးငှက်၁၅ - ၂၇ ကြောင်၂၈ - ၃၀ ခွေး

အောက်တိုဘာ၀၁ - ၁၅ မျောက်၁၆ - ၂၇ လိပ်၂၈ - ၃၁ ကျားသစ်နက

နိုဝင်ဘာ၀၁ - ၁၆ ခြင်္သေ့၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ၀၁ - ၁၆ ခွေး၁၇ - ၂၅ မျောက်၂၆ - ၃၁ ချိုးငှက

်၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင်မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့်မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်းရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကိုရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစားမ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများကစကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီအ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုမြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။