ဟုတ်ကဲ့ အမ နှင်းဆီ နက်ရဲ့ အတင်း အကျပ် စေခိုင်းမှုကြောင့် နောက်ဆုံးမှ ရေးဖို့ ကြံထားပေမယ့် အခု ရေးရပါ ပြီ ...ဟီးဟီး... ဘာဝါသနာပါလဲ.. မေးရင် အကုန်လုံးနီးပါးကို ၀ါသနာပါနေတာခက်ပါတယ်... အားကစားမှာ ဆိုရင် တော့ Basketball ၀ါသနာပါ ပါတယ် . ဆော့လဲ ဆော့ပါတယ်.. တကယ်တမ်းပြောရရင် စာကျက်တာကလွဲရင် တော်တော်များများကို ၀ါသနာပါ ပါတယ်... နောက်ပိုင်း ကြီးလာတော့ ကွန်ပျူတာကို စိတ်ဝင်တစား လေ့လာဖြစ်ပါတယ် ၀ါသနာလဲ တော်တော်ပါပါတယ် ပထမ ဆုံး ကွန်ပျူတာ ကို ၀ါသနာပါလာတာကတော့ ဂိမ်း ကြောင့်ပါ .. ကျွန်တော် ၅ တန်းလောက်တုန်းက မှ ကွန်ပျူတာ စကိုင်ဖြစ်တာပါ.. အဲတုန်းက 1995 ပေါ့ ကွန်ပျူတာ ဖွင့်ရင် ဖဲ ရိုက်တယ်. Paint မှာ ပုံဆွဲ ဒီလောက်ပါပဲ.. ဖိုဒါ တွေ ဖိုင်တွေ ကို အခုလို တခါထဲဝင်လို့ မရသေးပါဘူး လွယ်လွယ်နဲ့ MS.Dos ကို အသုံးများပါသေးတယ်.. အဲကစတယ်ဆိုပါတော့ ၀ါသနာ အပါဆုံးက တော့ ကွန်ပျူတာပါ...အဲ အမနှင်းဆီနက်လိုပဲ ဟင်းချက်တာလဲ ၀ါသနာပါပါတယ်.. မီးဖိုထဲ ရှိသမျှ အကုန်ထည့်ပြီး ချက်ပါတယ် ဟင်းတခွက်ချက်မယ်ဆို အဲတာကြောင့် အမြဲ တမ်းအရသာက ထူးနေပါတယ်(ကောင်းကောင်း မကောင်းကောင်း ထူးတော့ ထူးတာပါပဲ) ဟီးဟီး.. နောက်ပိုင်းတော့ သေသေချာချာ ချက်တတ်လာပါတယ်(ချက်တင် မဟုတ်ဖူးနော်) အခု တော့ မချက်ချင်လဲ မရတော့ပါဖူး ၀ါသနာအခံ လေးကယ်နေလို့ ပဲ နေ့ ည မှန်မှန်စားနေရ တာပေါ့.. နောက်မို့ ရင် ငတ်ပြီပဲ ချက်မစားလို့ကတော့... စေတနာရှိရင် လာချက်ပေးနော်.. အခြောက်အခြမ်း ကြော်ပြီးပို့ပေးချင်တယ်ဆိုလဲ ရပါတယ်.. ဟီးဟီး. စာအုပ်ဖတ်တာလဲ ၀ါသနာပါ ပါတယ် ဗဟုသုတ ရသ ဟာသ ၀တ္ထု အကုန်ဖတ်ပါတယ်.. မိုးအေးအေး နေ့ လေးတွေဆို စောင်ထဲက မထွက်ပဲ စာအုပ်လေး တအုပ်နဲ့ ကွေး နေရတဲ့ အရသာကို စာဖတ် ၀ါသနာပါတဲ့ သူတွေ ခံစားဖူးမှာ ပါ၊ ပြီးတော့ သူများကို နှောက်ယှက်ရတာ နဲ့ နောက် ရတာကို အလွန်မှ ၀ါသနာပါ ပါတယ်.. တချို့ ဆို စတာမခံ နိုင်တော့လို့ စိတ်ဆိုး သွားကြတာ ခနခနပါပဲ.... :D အခု တလော ၀ါသနာပါနေတာကတော့ ဓါတ်ပုံရိုက်တာ ပါပဲ.Facebook မှာတောင် Album လုပ်ပြီး ရိုက်ထားတဲ့ ပုံတွေ တင်ထားပါသေးတယ်.. ကြည့်ချင်တဲ့လူတွေ ပြောနော် လင့်ပေးမယ်. :P ..
ဘာရေးရမှန်းမသိတော့ ဖူး ဟီးး ဒီမှာပဲ ရပ်လိုက်တော့မယ်...
Wednesday, June 10, 2009
ဝါသနာ
Subscribe to:
Post Comments (Atom)
1 comment:
အမလေး သူ့ဟင်းချက်ဝါသနာကလဲသူ့ကိုတောင်ပြန်ပြီးချက်ကျွေး ချက်ပို့ရဦးမယ်တဲ့ကြားဖူးပါဘူး... ဓာတ်ပုံရိုက်တာဝါသနာပါတာတော့သိတယ် မတွေ့ချင်လဲတွေ့နေရတာ သူရဲပုံတွေလေ သူ့ပုံလို့တော့ပြောတာပါပဲ တွေ့တာတော့ကြောက်စရာကြီး ဟီးးး လကားစတာနော် ခင်လို့ ရေးပြီးတဲ့အတွက်မုန့်ရော့ မကုန်စေနဲ့နော်
ခင်မင်စွာဖြင့်
နှင်းဆီနက်
Post a Comment